Part(2)

1.6K 122 4
                                    

Uni#

ဒီနေ့ကစနေနေ့,

နွန်း နံရံပေါ်ကနာရီလေးစီလှည့်ကြည့်မိသည်။ (10)နာရီထိုး
ရန် (15)မိနစ်သာလိုတော့သည်။ ဘုရားဘုရား နွန်း နှလုံးပေါက်ထွက်မှာတောင်ကြောက်ရသည်။ ခုန်နေလိုက်တာ
ဗရမ်းဗတာပဲ။ တခြားသူတွေကြားကုန်ရင် ရူးလိုက်တာဟယ်လို့ပြောကြမယ်ထင်သည်။

ဒါပင်မယ့် ကိုယ့်အကြောင်းကိုယ်သာသိသည်။ နွန်း
ကောင်လေးကိုအရှင်လတ်လတ်မတွေ့ရတာ (5)ရက်တောင်ရှိပြီလေ။ နွန်းရဲ့ဖုန်းထဲမှာတော့ကောင်လေးရဲ့ ဘက်ပေါင်းစုံကို
ကွင်းကွင်းကွက်ကွက်ရိုက်ထားတဲ့ဓာတ်ပုံတွေရှိတာမို့
ကောင်လေးရဲ့ သက်မဲ့ပုံလေးတွေကိုကြည့်ကာ အလွမ်းဖြေနေရသည်။

ဒါလည်း ကောင်လေး ရဲ့ခွင့်ပြုချက်မပါပဲခိုးရိုက်ထားသည်များပင်။ ခွင့်လည်းမတောင်းရဲပါ ။စကားတောင်တန်းအောင်
ဘယ်လိုပြောရမလဲ မသိတာကို။ ဒီနေ့တော့သေချာပေါက်
စကားလေးတော့ရအောင်ပြောရမည်။

နွန်း ဖုန်းလေးကိုလော့ဖွင့်လိုက်တော့ home screen
ကကောင်လေး၏လူသတ်ချင်ငွေ့ပြည့်နေသည့်ပုံလေး။
အမလေး lock screen တော့မထားရဲပါ။

မသီရိရဲ့မထော်မနန်းထွက်ကျလာမယ့်စကားတွေကိုကြိုတွေးမိတာကြောင့်ဖြစ်သည်။

"ဒီမှာ"

ဒါကောင်လေးအသံ။ သူရောက်လာပီဆိုတဲ့အသိက နွန်း ရင်ကိုပိုပီး ဗ​ေလာင်ဆူသွားစေပါသည်။နွန်း ကောင်လေးရှိရာဝိုင်းဆီကိုသွားလိုက်သည်။

"ဘာ.... ဘာမှာ"

"Americano "

"ဟင်"

နွန်း ရဲ့အူကြောင်ကြောင်ပုံကြောင့် ကောင်လေးကစိတ်ရှုပ်သွားဟန်မော့ကြည့်လာသည်။ နွန်း ဘယ်လိုတောင်အသုံးမကျတာလဲကွာ မင်းကိုစိတ်ပျက်သွားပီလားမသိဘူး။
စလုံ ရေတောင်မစရသေးဘူး အပိုင်း (1)နဲ့တင်ဇာတ်သိမ်းတော့မှာပဲ။

"Americano လို့ပြောတာလေ"

ကောင်လေးရဲ့စိတ်မရှည်တဲ့လေသံနှင့်အတူအသံသြရှရှလေးက နွန်း ရဲ့နားထဲကနေနှလုံးသားထဲထိပျားရည်လောင်းသလို
စီးဆင်းသွားသည်။ အင်း ငါတကယ်အရူးရင့်နေပြီပဲ။
ဒါပင်မယ့်လည်းကျေနပ်တယ် အဟိ။

With Full HeartWhere stories live. Discover now