Part(27)

805 87 22
                                    


Uni#

နွန်းထမင်းစားပွဲတွင်ထိုင်ကာလွန်းကိုစောင့်နေလိုက်သည်။
ခနအကြာလွန်းကဆင်းလာပြီးဝင်ထိုင်ကာအေးဆေးလေးစားနေသည်။ သူ့ကိုနဲနဲတောင်အဖက်မလုပ်။

"ဟို...လွန်း..အကိုမသီရိကိုကားဂိတ်လိုက်ပို့ချင်လို့"

သူပြောလိုက်တော့လွန်းကအစားမပျက်ခေါင်းညိတ်ပြသည်။

"ရပါတယ်။ ခင်ဗျားမှာလွတ်လပ်ခွင့်ရှိတယ်။ ကျွန်တော့်ကိုခွင့်တောင်းစရာမလိုဘူး။..... တစ်ခုပဲ...."

သူလွန်းရဲ့စကားကိုစိတ်ဝင်တစားနားထောင်လိုက်သည်။

"ကျွန်တော့်ရဲ့ခင်ပွန်းအနေနဲ့အနေအထိုင်တော့ဆင်ခြင်ပေး"

"....."

လွန်းကသူ့ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတယ်ဆိုတာသူမေ့လို့မရတဲ့အချက်တစ်ခု။

"အင်း...."

သူလည်းဘာမှဆက်မပြောဖြစ်တော့။ တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းလေးကအတွေးကိုယ်စီနှင့်သာငြိမ်သက်သွားခဲ့သည်။

ဒီလိုအေးစက်မှုမျိုးကိုမှန်းဆထားပင်မယ့်တကယ်ကြုံရတော့
မသက်သာလှ။ နွန်းအတွက်အချစ်တွေကအသွားအပြန်တော့ရှိမှာပါလေ............။

+++++++++++++++++++++++++

"အင်း....ကျွတ်...ကျွတ်..ကျွတ်.. "

ကြယ်ယံမျက်လုံးမဖွင့်နိုင်လောက်အောင်ခေါင်းတွေထိုးကိုက်နေသည်။ မနေ့ကအရှိန်များသွားသည်။

"သခင်လေး...နိုးပြီလား...ကျွန်တော်သခင်လေးအတွက်
သံပုရာရည်လေးဖျော်ပေးထားတယ်"

ကြယ်ယံထလိုက်တော့Leonကလည်းကူထူပေးသည်။
ကုတင်နောက်ကိုခေါင်းအုံးလေးခုပြီးမှီထိုင်လိုက်သည်။
Leonပေးတဲ့သံပုရာရည်ကိုအကုန်မော့သောက်လိုက်တော့
ခေါင်းထဲတွင်နဲနဲတော့သက်သာသွားရသည်။
သူLeonကိုပြန်ကြည့်လိုက်တော့ပန်ဒါမျက်လုံးများကိုအရင်မြင်လိုက်ရသည်။

"Leon...ညကမအိပ်ဘူးလား??မျက်ကွင်းတွေလည်းညိုလို့"

Leonဘယ်လိုပြန်ဖြေရမလဲစဥ်းစားနေမိသည်။
သခင်လေးသီချင်းတွေအကျယ်ကြီးအော်ဆိုလို့မအိပ်ရသေးတာလို့ပြောရမလား??သခင်လေးဖွတဲ့အမှိုက်တွေလိုက်သိမ်းနေလို့မအိပ်ဖြစ်သေးတာလို့ပြောရမလား??သခင်လေးရဲ့ရစ်မှုတစ်သိန်းကြောင့်အိပ်မရတော့လို့ပြောရမလား??
ဘယ်ကစပြောရမှန်းမသိတော့။

With Full HeartWhere stories live. Discover now