Part(23)💥

1.2K 90 6
                                    


Uni#

ကောင်းကင်ကြီးတွင်နေမင်းကြီးသည်လှပစွာတောက်ပနေပြီးလောကတစ်ခွင်ကိုအလင်းဓာတ်ပေးနေသည်။ မြေပြင်ပေါ်က
မြက်ပင်လေးများကလည်းလေယူရာယိမ်းနေသည်။
အဝေးကကြည့်ရင်အုတ်ဂူဖြူဖြူလေးများကိုအေးချမ်းစွာမြင်နေရသည်။ ထိုအုတ်ဂူဖြူဖြူလေးများထဲတွင်ကောင်လေးတစ်ယောက်လည်းရှိနေသည်။

တရုတ်-ဗမာကပြားဖြစ်တာကြောင့်အသားရေကပြောစရာမလိုအောင်ဖြူနေသည်။ ရှည်လျားတဲ့အရပ်ကြောင့်လည်း
အုတ်ဂူများကြားတွင်ထင်းထင်းရှင်းရှင်းမြင်နေရသည်။
အောက်ခံရှပ်အဝါရောင်လေးဝတ်ထားပြီး ဒူးလောက်ရှည်တဲ့အနက်ရောင်ကုတ် အင်္ကျီခပ်ပါးပါးနဲ့အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားတဲ့ကောင်လေးကလက်ထဲတွင်နှင်းဆီပန်းစည်းလေးတစ်စည်းကိုကျစ်​နေအောင်ကိုင်ထားသည်။
ထူထဲတဲ့မျက်ခုံးတန်းတွေနဲ့ရှည်လျားတဲ့မျက်တောင်မွှေးများကအရည်ဝဲနေတဲ့မျက်ဝန်းများကိုဝန်းရံပေးထားသေးသည်။
ဖြောင့်စင်းနေတဲ့နှာတံကစိုစွတ်ကာရဲနေတဲ့ခပ်ပါးပါးနှုတ်ခမ်းတစ်စုံတွင်အဆုံးသတ်လေသည်။
ထိုကောင်လေးရဲ့မျက်ဝန်းများကဝမ်းနည်းမှုတွေကိုကိုယ်စားပြုနေပြီးသူ့ရှေ့ကအုတ်ဂူလေးကိုတွေတွေလေးစိုက်ကြည့်နေသည်။

ထိုကောင်လေးကပန်းစည်းလေးကိုအုတ်ဂူလေးပေါ်သို့ညင်သာစွာတင်လိုက်သည်။ သူ့ရဲ့နှုတ်ခမ်းများကပြုံးယောင်သန်းနေပင်မယ့်ညာဘက်ပါးပြင်ပေါ်တွင်တော့မျက်ရည်တစ်စက်ကျသွားခဲ့သည်။ အုတ်ဂူလေးရဲ့မျက်နှာပြင်ပေါ်တွင်တော့နှင်းဆီပန်းစည်းလေးရယ်.....နာမည်လေးတစ်ခုရယ်ရှိနေခဲ့သည်။....နာမည်လေးက......ယွန်းမေတဲ့။

"မေ....."

ကောင်လေးရဲ့အက်ရှရှအသံလေးကငိုသံဆို့နစ်စွာနဲ့နာမည်လေးတစ်လုံးကိုခေါ်လိုက်သည်။

"မေ.....ကိုယ်လာတယ်နော်.....မေ..ပျင်းနေမှာစိုးလို့ကိုယ်ကနေ့တိုင်းအဖော်လာလုပ်ပေးနေတာကို...အမြင်ကတ်တယ်ဆိုပြီးအော်မလွှတ်ရဘူးနော်......."

ကောင်လေးကငိုသံကိုထိန်းကာမျက်ရည်များကိုသုတ်လိုက်သည်။ ဒီလိုမျိုးခံစားပြနေတာတွေကို...မေကမကြိုက်ဘူးလေ။

With Full HeartWhere stories live. Discover now