Part(26)

789 78 8
                                    


Uni#

"အင်း..."

နွေဦး..တစ်ဖက်ကိုလှည့်အိပ်ဖို့လုပ်ပင်မယ့်မရ။ အိပ်ချင်မူးတူးနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ရင်ခွင်ကျယ်ကြီးတစ်ခု။

မနေ့ကအိမ်ပြန်ရောက်တဲ့ထိချာတိတ်ကမပြီးနိုင်။
သူ့မှာတော်တော်တောင်းပန်လိုက်ရသည်။ လွန်းရဲ့ညလားသူ့ရဲ့ညလားမသဲကွဲ။ အသားကုန်သောင်းကျန်းနေတာ​နွေဦးမတ်တပ်တောင်ရပ်နိုင်ပါ့မလားမသိဘူး။

ချာတိတ်ကသူ့ကိုကျစ်နေအောင်ဖက်ထားတာကြောင့်နည်းနည်းမှလှုပ်လို့မရ။ အရင်ဆိုချာတိတ်ကသူ့ဆန္ဒတွေပြည့်သွားရင်နွေဦးကိုထားခဲ့တတ်သည်။ မနေ့ကတော့မူးနေတာမို့ဒီနေ့ရှိနေခြင်းပင်။

"ချာတိတ်ရေ....အင်း..ချာတိတ်...ကို့ကိုလွှတ်ပါအုံး....ချာတိတ်..."

ချာတိတ်ကနဲနဲတောင်လှုပ်မလာဘူး။

သူလည်းအသက်ရှူကြပ်လာတာကြောင့်ချာတိတ်ရဲ့ရင်ဘတ်ကိုကိုက်လိုက်သည်။

"အာ့..."

ထိုအခါမှချာတိတ်ကသူ့ကိုလွှတ်ကာမကျေမနပ်မျက်နှာနဲ့ကြည့်လာသည်။

"ဘာလို့ကိုက်တာလဲဗျ...အဲ့တာကနာတယ်"

ချာတိတ်ကကုတင်ပေါ်ကဆင်းပြီးရေချိုးခန်းထဲဝင်သွားတော့သည်။

သူကသာသာလေးပဲကိုက်လိုက်တာပါ။ အရမ်းနာသွားတာလား??ချာတိတ်ကစိတ်ဆိုးသွားပုံပင်။

ဟိုဟာလုပ်နေတဲ့အချိန်ကျတော့ဘယ်လောက်ကိုက်ကိုက်...ကိုက်တယ်လို့တောင်မထင်တဲ့သူကခုမှနုပြနေသည်။
သူလည်းအောက်တွင်ကျနေသည့်ဘောင်းဘီတိုလေးကောက်ဝတ်ကာချာတိတ်နောက်ကိုလိုက်ဝင်လိုက်သည်။

သူ့အတွက်လမ်းလျှောက်ရတာဘယ်လိုမှအဆင့်ပြေမနေ။
အောက်ကိုပျော့ခွေသွားတော့မလိုခံစားရသည်။

"ချာတိတ်...အကို့ကိုစိတ်ဆိုးသွားတာလားဟင်။ အကိုနိုးပင်မယ့်ချာတိတ်ကနိုးမလာလို့ပါ"

သူ့အသံလေးကဖျော့တော့စွာနှင့်။ သူစကားပြောဖို့​တောင်အားမရှိသလိုပဲ။

"စိတ်မဆိုးပါဘူး။ကျွန်တော်တို့ကအဲ့လိုစိတ်ဆိုးစိတ်ကောက်ရမယ့်အခြေနေမဟုတ်ဘူးလေ။ "

With Full HeartWhere stories live. Discover now