Part(36)

908 88 14
                                    


Uni#

ဒီနေ့မနက်ကတည်းကသိပ်မူမမှန်တဲ့သားနွန်းကိုကြည့်ကာအဒေါ်ကြီးမှာခေါင်းကိုက်နေသည်။ လွန်းကရုံးပိတ်ရက်မို့သူ့အလုပ်ခန်းတွင်သာရှိနေလေသည်။ နွန်းကိုမတွေ့သေးတာကြောင့်သိသေးပုံမပေါ်။

ဘာဖြစ်နေလို့လဲမေးရင်တော့အဖြေကိုမနဲစဥ်းစားရလိမ့်မည်။
သားနွန်းကတစ်ညလုံးအိပ်ထားသည့်ပုံမပေါ်ပဲမျက်ကွင်းများညိုနေသည်။သို့ပင်မယ့်လူကလန်းဆန်းနေသလိုပင်...။ အရာတစ်ခုကိုစိုက်ကြည့်နေပြီးထ..ထပြုံးနေသေးသည်။ပါးလေးတွေပင်ရဲနေသယောင်။ ခြံထဲတွင်လမ်းလျှောက်နေတော့လဲတစ်ကိုယ်လုံးလေပေါ်လွင့်နေသလိုလျှောက်နေသည်။ မြေကြီးနဲ့ခြေထောက်ပင်ထိရဲ့လားမသိ..။ကြည့်ရသည်မှာစိတ်ကျေနပ်စရာအကြီးကြီးရှိနေပုံပင်။

"အဒေါ်ကြီး...ကျွန်တော့်ကိုသံပရာရည်လေးဖျော်ပေးပါ"

"ဪ...အေးအေး"

ခြံထဲမှာရှိသည့်နွန်းကိုကြည့်ကောင်းနေတုန်းသားလွန်းရဲ့အသံကြောင့်သံပုရာရည်ဖျော်ပေးလိုက်သည်။ သားလွန်းကလည်းနွန်းထံအကြည့်ရောက်သွားပုံပင်။

"သားနွန်းကမိုးလင်းထဲကအဲ့လိုလေးဖြစ်နေတာ.....သားဘာဖြစ်နေတာလဲလွန်းရောသိလား"

လွန်းခေါင်းခါပြလိုက်သည်။ မိုးလင်းထဲကဆိုပါလား.......

ခြံထဲကပန်းပင်လေးတွေကိုပြုံးပြုံးကြီးရေလောင်းနေတဲ့အသေးလေးကိုကွင်းကွင်းကြီးမြင်နေရသည်။ ပါးလေးကပန်းရောင်လေးသန်းနေသလိုပင်။

!!!!!!မျက်ကွင်းတွေပါညိုနေတာလား။ လွန်းရဲ့အမြဲတမ်းမဖြောင့်တန်းနေတဲ့မျက်ခုံးအစုံဟာပို၍ပင်ကွေးသွားသည်။

ဘယ်သူ့အကြောင်းတွေးနေလို့အဲ့လောက်ပျော်နေရတာလဲ???မဟုတ်မှတစ်ညလုံးမအိပ်ပဲ.....!!!!!ဘယ်သူလဲ???အသေးလေးဘယ်သူ့အကြောင်းတွေးနေတာလဲ???

လွန်းအသေးလေးဆီသွားရန်ခုံမှထလိုက်သည်။ မထင်မှတ်ပဲရင်ခွင်ထဲဝင်လာတဲ့ဒေလီယာ။

ကျစ်!!!!သူကဘယ်တုန်းကတည်းကရောက်နေတာလဲ??

"လွန်း.....ဒေလီတောင်းပန်ပါတယ်..မနေ့ညကနည်းနည်းလေးမူးသွားလို့အဲ့လိုလုပ်မိသွားတာပါ...ခွင့်လွှတ်နော်"

With Full HeartWhere stories live. Discover now