Part (4)

1.2K 107 2
                                    

Uni#

ဟင်း...,.နေ့ရက်တွေကကြာလိုက်တာ..အသက်ရှင်နေရတာဘာအတွက်မှန်းတောင်မသိတော့ဘူး။
ငါအသက်ရှင်နေတာဘာအတွက်လဲ..ဘာအတွက်လဲ.....
ဘာအတွက်လဲ........။

မျက်နှာပေါ်တွင်စိုစိစိအရည်တချို့စီးဆင်းသွားသည်။
ဟင်..ငါငိုနေတာလား..အော်..ငါငိုနေတာပဲ..
ဒါပင်မယ့်အသံမထွက်..ကြည့်ရတာငိုရလွန်းလို့အသံတောင်မထွက်နိုင်တော့တာဖြစ်မည်။

"နွန်း အဲ့မှာရပ်ပြီးဘာလုပ်နေတာလဲ။ နေကောင်းတာလဲမဟုတ်ပဲနဲ့...လာ..လာ..အိပ်ရာထဲသွားရအောင်လေ.နော်"

သီရိလည်း နွန်းကိုအိပ်ရာပေါ်တွဲခေါ်သွားလိုက်သည်။
အင်း....ဒါတွေရဲ့အစကတော့ဟိုနေ့ကပဲ။ အဲ့နေ့က
ငိုပြီးသတိလစ်သွားတဲ့နွန်းကို စတိုခန်းသော့ဖွင့်ကာအမြန်ဆေးရုံပို့လိုက်ရသည်။

အားနည်းကာမူးလဲသွားသည်လို့ပြောတဲ့ဆရာဝန်က
နွန်းကိုအားဆေးပုလင်းတွေပါချိတ်ပေးလိုက်သေးသည်။
ဘယ်လောက်တောင်ဝမ်းနည်းသွားလို့လဲ..မောင်လေးရယ်။

ဒီနေ့နဲ့ဆိုသုံးရက်..နွန်းဖျားတာသုံးရက်ရှိသွားပြီ။
ဒီကောင်လေးကစိတ်ရင်းလေးကောင်းပြီးလူလေးကလည်းချစ်စရာကောင်းသေးသည်။

အလုပ်ကိုလည်းကြိုးစားလုပ်ကာ အမြဲပြုံးနေပြီးသည်းခံတတ်သူလေးဖြစ်သည်။ ရင်ထဲမှာရှိတာကိုလည်းထုတ်မပြောတတ်ပဲကြိတ်မှိတ်ခံစားတတ်သည်။ ရင်ဖွင့်လို့ရတယ်လို့ပြောရင်လည်းအမစိတ်ရှုပ်ပါလိမ့်မယ်ဆိုပြီးချစ်စရာအပြုံးလေးနဲ့ပြန်ဖြေတတ်သေးသည်။

ဒီလိုစိတ်ကောင်းရှိတဲ့ကောင်လေးကဟိုနတ်ဆိုးလေးနဲ့တွေ့မှ
အရာရာဗြောက်သောက်ဖြစ်သွားသည်။ အဲ့ကောင်လေးကဘာပြောလိုက်လဲမသိပင်မယ့်နွန်းကတော့ဒီလောက်အထိဖြစ်သွားသည်။

သီရိကလည်းအဲ့နေ့ကဧည့်သည်များနေတာမို့ နွန်း တို့ကိုမ
ကြည့်ဖြစ်ခဲ့။ နွန်းကိုလည်းဘယ်လိုမေးမေးမရ။
သေချာတာကတော့ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့တာပဲ။

အခုလည်းကြည့်လေ နွန်း ပုံမှန်မဟုတ်။ ဖျားနေတဲ့အတောတွင်းနံရံတွေကိုကြည့်ကာ "ခိခိ..ချောလိုက်တာ..အင့်"
စကားတွေပြောပြီး ရီလည်းရီငိုလည်းငိုနေတတ်သည်။
တစ်ခါတစ်လေ အိမ်ထဲကအရာတွေကိုတွေတွေလေးစိုက်
ကြည့်နေတတ်သည်။

With Full HeartWhere stories live. Discover now