Part(31)

795 81 13
                                    


Uni#

"ဒါတွေကိုမူရင်းတွေသိမ်းထားပါ။ မိတ္တူကိုတော့ကျွန်တော့်ဆီကိုလာပို့ပေး "

"အင်း။ ဒါဆိုခွင့်ပြုပါအုန်း"

နွေဦး လွန်းရဲ့ရုံးခန်းထဲကနေထွက်လာလိုက်သည်။ ရုံးအောက်ကမိတ္တူစက်ဆီသွားရန်ဓာတ်လှေကားခလုတ်နှိပ်ရင်းစောင့်နေလိုက်သည်။ ဓာတ်လှေကားပွင့်သွားတော့အထဲကထွက်လာတဲ့ချာတိတ်...။ ချာတိတ်ကသူနေမကောင်းတဲ့နေ့တည်းကသူ့ကိုသိသိသာသာရှောင်နေသည်။ ဘာအကြောင်းပြချက်မှလည်းမရှိပဲနဲ့..........။

"ရန်နောင်...ကိုယ်စကားပြောချင်တယ်။..."

"ကျွန်တော်လွန်းဆီကိုသွားမလို့....."

ထွက်သွားတော့မယ့်ချာတိတ်ရဲ့လက်ကိုဆွဲကာနံရံတွင်ကပ်လိုက်သည်။ ချာတိတ်ကအလန့်တကြားနဲ့သူ့ကိုကြည့်လာသည်။.......... နွေဦးဆုံးဖြတ်ပြီးသွားပြီ။ ဒီစကားကိုပြောဖို့အခါခါစဥ်းစားခဲ့ရသည်။ အခုတော့ပြောချိန်တန်ပြီ။

သူချာတိတ်ရဲ့မျက်လုံးတွေကိုသေချာစိုက်ကြည့်လိုက်သည်။
ချာတိတ်ကသူ့ထက်နဲနဲပိုရှည်တာကြောင့်ခြေဖျားလေးတော့ထောက်နေရသည်။

ရှိုးပျက်လိုက်တာ....!!!!!!

"ချာတိတ်......."

သူ့ရဲ့အသံကပျားရည်လိုချိုပြစ်နေမှာတော့အမှန်ပင်။

"အချိန်နဲနဲလေးပဲလိုချင်တာပါ...."

ချာတိတ်ကသူ့ကိုကြည့်ကာခေါင်းညိတ်ပြသည်။
သူလည်းခွင့်ပြုချက်ရသွားသည်မို့လူကြီးလူကောင်းပုံစံလေးပြန်လုပ်ကာချာတိတ်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

"မင်းကို့ကို.....ချစ်လား"

"...."

ချာတိတ်ကသူ့ကိုဘာတွေလာမေးနေတာလဲဆိုတဲ့ပုံစံနဲ့ကြည့်လာသည်။

"မင်းဘက်ကငါ့ကိုချစ်ဖူးလား...ချစ်ခဲ့လား...ချစ်လားလို့မေးနေတာ.......အမှန်တိုင်းဖြေပေးပါ"

လူအိုကြီးရဲ့ပုံကအတည်ကြီးပြောနေပုံပင်။ သူ့ရဲ့ခံစားချက်တွေကိုသူကိုယ်တိုင်တောင်နားမလည်သေးဘူး။....

With Full HeartWhere stories live. Discover now