Part (3)

1.2K 112 3
                                    

Uni#

တနင်္ဂနွေနေ့ (9:50AM),

နွန်းဒီနေ့အတွက်စိတ်လှုပ်ရှားဖို့အချိန်မရှိသေး။ပုံမှန်ရက်တွေထက်ဒီနေ့မှလူပိုကျနေသောကြောင့်ဖြစ်သည်။
မသီရိရဲ့ကော်ဖီဆိုင်လေးကအကြီးကြီးမဟုတ်ပဲ အသင့်အ
တင့်လောက်သာ ရှိပြီးချစ်စရာကောင်းတဲ့ကော်ဖီဆိုင်လေးဖြစ်သည်။

ဧည့်သည်လည်းအရမ်းမများသလို အေးချမ်းကာတိတ်ဆိတ်သည့်နေရာလေးဖြစ်သည်။ ကော်ဖီကိုဇိမ်ခံပြီးဘာအနှောက်ယှက်မှမရှိဘဲအေးချမ်းစွာသောက်ချင်သူတွေနှင့်အလွန်သင့်တော်သည်။

နွန်းကိုယ်တိုင်ကလည်းဒီဆိုင်လေးကိုသိပ်ချစ်ပါသည်။
စနေ၊ တနင်္ဂနွေဆိုမသီရိနဲ့နွန်းနှစ်ယောက်သာရှိသည်။
ဧည့်သည်လည်းအရမ်းမများခြင်းကြောင့်နှစ်ယောက်တည်းနဲ့အဆင်ပြေသည်။

ကျန်တဲ့ရက်တွေကတော့ကောင်မလေးတစ်ယောက်က ဝင်လုပ်သည်။ ဒီဆိုင်လေးနဲ့ပတ်သက်ပြီးရော ကုမ္ပဏီနဲ့ပတ်သက်ပြီးရော နွန်းအတွက်အဆင်ပြေပြေလေးရှိနေပါသည်။

ဒီနေ့ကတော့ထူးထူးခြားခြားဧည့်သည်တွေများနေသော
ကြောင့်ကောင်လေးကိုတောင်မျှော်ဖို့အချိန်မရ။

"နွန်း ဟိုမှာနင့်crushလေးဝင်လာပြီ။ သွားသူ့အတွက်ပဲအာရုံစိုက်လိုက်"

"ဟုတ် မသီရိလိုရင်လှမ်းခေါ်လိုက်နော်"

"အေးပါ ဪငါ့မောင်လေး Fighting! "

"ဟုတ် Fighting! "

နွန်း အမြဲလိုလိုတွေးမိသည်က မသီရိလိုအမတစ်ယောက်ရှိတာသိပ်ကိုအားရှိတာပဲ လို့ဖြစ်သည်။ ရင်ဘက်ထဲကအကောင်ပေါက်လေးကတော့ အပြင်လောကရဲ့ဘယ်သက်ရှိကိုမှဂရုမစိုက်ပဲသူ့ရဲ့ပိုင်ရှင်ရှိရာကိုသာမျက်နှာမူပြီး ပွဲတော်ကြီးကျင်းပနေလေသည်။

တစ်မနက်လုံးအမောတောင်မဖြေရသေးပင်မယ့် တစ်ဦးတည်းသောcrushလေး၏ ရေခဲရိုက်မျက်နှာလေးကိုမြင်လိုက်ရသည်မို့ တစ်ကိုယ်လုံးလန်းဆန်းသွားသည်။
နွန်းမြင်ယောင်နေပါသေးသည် အခုသူ့ရဲ့မျက်နှာကြီးက
နွားပွဲစားရုပ်ကြီးလိုဖြစ်နေမည်ဆိုတာကိုပေါ့။

With Full HeartWhere stories live. Discover now