Part(10)

962 91 2
                                    


Uni#

"ရောက်ပီကြယ်လေး...ဒါအကိုကြီးနေတဲ့နေရာပဲ။"

ကြယ်ယံငါးလွှာထပ်တိုက်လေးကိုကြည့်လိုက်သည်။ ဒါလူတွေငှားနေတဲ့နေရာဆိုတာလား။

"အကိုကြီးက နှစ်လွှာမှာနေတာလေ..လာသွားမယ်"

အရှေ့ကအကိုကြီးဆိုသူကဆိုင်ကနေဒီထိသူ့လက်ကိုမနားတမ်းဆွဲလာလိုက်တာလက်တွေတောင်နာချင်နေပြီ။
အခုလဲဆွဲခေါ်သွားပြန်ပါပြီ။

ကွန်ဒိုလို​ဈေးကြီးတဲ့နေရာတွေမဟုတ်တော့ဓာတ်လှေကားလည်းမရှိ။ရိုးရိုးလှေကားလေးအတိုင်းသာတက်သွားရသည်။
တော်သေးတယ်နှစ်လွှာမှာနေလို့။မဟုတ်ရင်အမောဖောက်ပြီးဆေးရုံရောက်သွားနိုင်သည်။ အိမ်နဲ့ဆိုင်နဲ့ကနီးလို့လမ်းလျှောက်ပဲသွားတယ်ဆိုတာကြောင့်လိုက်လာတာ။

ကြယ်ယံဂျင်းမိတော့သည်။ နာရီဝက်လောက်လျှောက်ရတဲ့လမ်းကိုသူမို့နီးတယ်လို့ပြောတယ်။ စက်ဘီးလေးနဲ့တောင်မသွားဘူး။

"ကြယ်လေးဒါအကိုကြီးရဲ့တိုက်ခန်းပဲ"

အကိုကြီးကတော့တိုက်ခန်းသော့ဖွင့်နေသည်။ကြယ်ယံဘေးဘက်ကိုလိုက်ကြည့်နေမိသည်။ ဒီမှာနေတဲ့သူတွေကစည်းကမ်းရှိသူတွေလို့ပြောရမည်။ဆူညံသံတွေမကြားရ။တိတ်တိတ်ဆိတ်ဆိတ်နှင့်နေလို့ကောင်းမယ့်နေရာလေးဖြစ်ပုံရသည်။

အကိုကြီးရဲ့တိုက်ခန်းရှေ့မှာနောက်ထပ်တိုက်ခန်းတစ်ခန်းရှိနေပြီးကျန်တာတော့မရှိတော့။ကြည့်ရသည်မှာတစ်လွှာတွင်တိုက်ခန်းနှစ်ခန်းသာရှိပုံရသည်။

"ကြယ်လေးလာလေ။ဝင်ခဲ့"

ကြယ်ယံလည်းအကိုကြီးရဲ့တိုက်ခန်းလေးထဲဝင်လိုက်ချိန်မျက်လုံးပင်ပြူးသွားရသည်။

တိုက်ခန်းလေးကအိပ်ခန်းနှစ်ခန်းပါပြီးမီးဖိုခန်းလေးတစ်ခန်းရှိသည်။မီးဖိုထဲတွင်ခုံငါးလုံးပါတဲ့စာပွဲဝိုင်းလေးရှိနေပြီး
ဧည့်ခန်းလေးကလည်းမီးဖိုခန်းရှေ့တည့်တည့်တွင်ရှိနေသည်။

ဝရံတာလေးလည်းရှိနေပြီးဝရံတာတွင်ပန်းအိုးလေးများကလည်းစီတန်းပြီးရှိနေသေးသည်။

With Full HeartWhere stories live. Discover now