Part(20)

923 90 5
                                    

Uni#

လွန်း.ဖုန်းကိုစားပွဲပေါ်တင်လိုက်သည်။ အဖေကသူ့လိုပဲလားသူကအဖေ့လိုပဲလား??သူကပဲအဖေနဲ့တူတာဖြစ်ပါလိမ့်မည်။
နှစ်ယောက်လုံးကတော့ခပ်တင်းတင်းသာ။အဖေကအမေ့ကိုအိမ်ကပေးစားလို့လက်ထပ်လိုက်သည်။ အဖေ့မှာလဲရည်ရွယ်ထားတဲ့သူမရှိတော့လက်ခံလိုက်သည်။ ဒါပင်မယ့်အဖေကအမေကိုမချစ်ခဲ့ဘူး။ကြင်ကြင်နာနာဆက်ဆံခဲ့ပင်မယ့်ချစ်ခဲ့တာမဟုတ်ဘူး။ ဒါကြောင့်လဲအမေဆုံးပြီးမကြာခင်မှာနောက်အိမ်ထောင်ပြုလိုက်တာလေ။

အဖေ့ကိုအပြစ်မပြောချင်ပင်မယ့်အဖေ့မိန်းမကိုသဘောလုံးဝမကျ။ လွန်း.အတွက်သူကဘယ်တော့မှအမေဆိုတာဖြစ်လာမှာမဟုတ်ဘူး။ အမေ့နေရာကိုလည်းဘယ်သူ့ကိုမှအစားမထိုးနိုင်ပါ။ သူ့အတွက်အချစ်ရဆုံးမိန်းကလေးကိုပြဆိုရင်အမေ့ကိုသာပြမိမည်။ ကျန်တဲ့အရာတွေကိုခေါင်းရှုပ်မခံနိုင်ပင်မယ့်အမေကသာဆူနေမယ်ဆိုရင် လွန်း ကပြုံးပြုံးလေးအမေ့ကိုပြန်စတတ်သေးသည်။ အမေဘာလုပ်လုပ်သူ့အတွက်ချစ်စရာကောင်းနေသည်။ အမေဖျော်ပေးနေကျကော်ဖီလေးကိုလည်း
လွန်းအရမ်းကြိုက်သေးသည်။...ကောင်းကံစွာနဲ့အမေ့လက်ရာနဲ့တူတဲ့ကော်ဖီဆိုင်လေးကိုသူရှာတွေ့ခဲ့သည်။

အမေမရှိတော့ဘူးဆိုပင်မယ့်သူ့ရင်ထဲမှာတော့အမေကအမြဲရှင်သန်နေတာကြောင့် လွန်း ဝမ်းမနည်းမိ။ အမေ့ကိုလွမ်းရင်ကော်ဖီလေးသောက်ပြီးစိတ်တည်ငြိမ်အောင်နေလိုက်သည်။
တကယ်လဲအလုပ်ဖြစ်ခဲ့သည်။ ကော်ဖီဆိုင်လေးကိုချောင်းပေါက်မတတ်သွားခဲ့သည်။ နောက်ပိုင်းအလုပ်တွေများလာတာကြောင့်ရော၊ အသေးလေးနဲ့မျက်နှာချင်းမဆိုင်ချင်လို့ရော
ကြောင့်မသွားဖြစ်တော့။

လွန်း တွေးကောင်းနေတုန်းဖုန်းသံမြည်လာကြောင့်ကိုင်လိုက်တော့ အမည်မသိဖုန်းတစ်ကောဖြစ်သည်။

"Hello....နေကောင်းလား "

တစ်ဖက်ကကြည်လင်ပြတ်သားတဲ့အသံက ရန်လိုတဲ့အငွေ့အသက်နဲ့ပြောလာသည်။..သူ့အသံကို..လွန်းမကြားဘူးပါ။

"ဘယ်သူလည်းဆိုတာ..."

"အဟက်.....မင်းအတွက်သိချိန်မတန်သေးဘူးထင်တယ်။
ငါအခုဆက်တာက.....ငါဆွဲကြိုးကိုပြန်လိုချင်တယ်"

With Full HeartWhere stories live. Discover now