Part (6)

1K 91 0
                                    

Uni#

လွန်းအတွက်စိတ်မရှည်မှုတွေသာတိုးနေသည်။အရည်မရအဖတ်မရစကားတွေလာအုံးမယ်။ ဒါပင်မယ့်ဒီနေ့တော့အဖေကကားသစ်တစ်စီးဝယ်ပေးထားလို့လွန်းစိတ်တို့ကြည်လင်နေတာကြောင့်စကားကိုအေးဆေးပဲငြင်းလိုက်မယ်လို့ဆုံးဖြတ်ထားသည်။

"ပြော"

သြရှရှအသံနှင့်ကြားရရုံလောက်လေးပြောလိုက်တဲ့လွန်းရဲ့အသံကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုလွှမ်းမိုးသွားခဲ့သည်။ ဆွဲဆောင်မှုရှိလိုက်တာ.................

ကြယ်ယံကတော့မျက်နှာလေးရဲနေပြီးရှက်ပြုံးလေးလဲပြုံးထားသေးသည်။ အရာရာအဆင်ပြေနေသေးသည်မဟုတ်လား။

"ကျွန်တော်.လွန်းကိုစိတ်ဝင်စားတယ်၊လွန်းနဲ့တွဲချင်တယ်
ကျေးဇူးပြုပြီးစဥ်းစားပေးပါ"

အားလုံးရဲ့အကြည့်တွေကလွန်းပေါ်ကိုသာကျရောက်သွားပြီးဘာပြန်ပြောမလဲဆိုတာအရမ်းသိချင်နေကြသည်။
အားလုံးနီးပါးရဲ့လက်ထဲမှာဖုန်းလေးတွေနဲ့ပင်မှတ်တမ်းတင်နေကြသေးသည်။

လွန်းကတော့အေးဆေးပင်။အရင်လိုဒေါသတကြီးမီးဝင်းဝင်းတောက်မျက်လုံးများနဲ့ကြည့်မနေတာကြောင့်အားလုံးက
ကြယ်ယံ့ကိုကြိုတင်အားကျနေကြတော့သည်။
Kyal Groupရဲ့ဆက်ခံသူတစ်ယောက်ကိုမငြင်းရဲလောက်ပါဘူးလို့လည်းထင်နေကြသေးသည်။
လွန်း ကMarn Group ရဲ့ဆက်ခံသူဆိုတာကိုမသိပဲနဲ့ပေါ့။

"ဒါပဲလား"

"ဟင်"

"ဒါပဲလားလို့မေးနေတာ။မင်းပြောစရာကုန်ပြီလား"

ကြယ်ယံနားမလည်တော့။ လွန်းကသူ့ကိုလက်ခံမယ်လို့ထင်ခဲ့တာ။အခုလွန်းကသူပြောတာတွေကို ဘယ်ဘက်နားထဲသွင်းပြီးညာဘက်နားကထုတ်ပစ်သည်။ ကြယ်ယံ့စကားတွေကိုလည်းအလေးနက်ထားပုံမပေါ်။

"ငါကယောကျာ်းလေးတွေစိတ်မဝင်စားဘူး"

မိန်းကလေးလည်းစိတ်မဝင်စားဘူး။ဒါကလွန်းစိတ်ထဲကနေပြောလိုက်ခြင်းသာ။ သူစိတ်ဝင်စားတာ အိပ်တာနဲ့ကားမောင်းတာပဲရှိတယ်လေ။

လွန်းရဲ့အဖြေကိုကြားတဲ့အခြားလူတွေကတော့.ဪ တစ်လုံးရွတ်နိုင်ကြတော့သည်။ထူးဆန်းလိုက်တဲ့အဖြေကြီး။
သူကယောကျာ်းလေးတွေစိတ်မဝင်စားဘူးဆိူတော့မိန်းကလေးပဲစိတ်ဝင်စားသလိုလိုနှင့်ပြောနေသည်။
အမှန်တော့ကျောင်းကလူတွေကိုသူခေါင်းထဲပင်မထည့်မှန်းအားလုံးကသိကြပါသည်။

With Full HeartWhere stories live. Discover now