အပိုင်း-၅

75.1K 8.4K 484
                                    

အပိုင်း−(၅)

တစ်ထပ်ပျဉ်ထောင်အိမ်ကတော့ အိမ်ကြီးရခိုင်ပဲဖြစ်သည်။ခြံဝန်းကျယ်ထဲမှာ ခပ်ကျယ်ကျယ်အိမ်ကြီးက ကြွယ်ဝချမ်းသာမှုကို ပြသဖွယ်။သူတို့အတွက်ကတော့ ခြံကျယ်ပြီး ငှက်ပျောပင်တွေ ရှိနေတာကိုက အားသာချက်ပင်ဖြစ်သည်။ကျွန်းညိုတို့ သုံးယောက်က စက်ဘီးတစ်စီး၊မျိုးနိုင်က စက်ဘီးတစ်စီးသက်သက်ဖြင့် တောင်ပိုင်းရွာထိပ်နားထိ လာခဲ့ပြီး ထိုအနားမှာပင် စက်ဘီးတွေကို ခြုံနားတွင်တိုးကပ်ရပ်ခဲ့ကြခြင်းဖြစ်သည်။

"ဟိုမှာ မီးနှစ်ချက်ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့အခန်းက ခင်ခင်ရီ အခန်းပဲ။"

ခင်ခင်ရီက သူ့အိပ်ခန်းထဲက ဓါတ်မီးခလုတ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ရင်းအချက်ပြနေဟန်ရှိသည်။ဒါ လူအနည်းငယ် လစ်သည့် သဘော။တန်ဆောင်မုန်းလပြည့်ညပေမို့ တောင်ပိုင်းရွာထဲမှာလည်း ကာလသားတချို့ ခိုးကြောင်ခိုးဝှက်နှင့် ဟိုပစ္စည်းဒီရွှေ့ ဒီပစ္စည်းဟိုရွှေ့ရင်း အလုပ်များနေတာကို သတိထားမိခဲ့ကြသေးသည်။သို့သော် ဒီလိုညက ဒါထုံးစံပဲမို့ ကျွန်းညိုတို့ကို ဘယ်ဘက်ကမှန်းသေချာလည်း သတိထားမိပုံလည်းမရကြ။မရအောင်လည်းသူတို့ သိုသိုဝှက်ဝှက်နေလာကြသည်။

"​သူ့အကိုနှစ်ယောက်က အိမ်ရှေ့မှာကွ။သောက်ရင်းစကားပြောနေတယ်ထင်တယ်။"

"တိုးတိုးလုပ်စမ်းပါ အောင်လွင်ရာ။ခိုး မခိုးရသေးဘူး။မင်းအသံကြောင့် ကြားသွားဦးမယ်။"

ကျွန်းညိုက တံတောင်ဖြင့်တွတ်ရင်းပြောလိုက်တော့မှ အောင်လွင်က ခေါင်းတညိတ်ညိတ်ဖြင့် ပါးစပ်ကိုပိတ်သည်။

"မျိုးနိုင် မမှားစေနဲ့နော်။ငါတို့စပြီ။"

"အေးပါ။ဒါပေမဲ့ မင်းတို့ရောအဆင်ပြေပါ့မလား။သူ့အကိုတွေက စိတ်ကြီးတယ်နော်။"

"မင်းဘာသာ ပူစမ်းပါကွာ။ခင်ခင်ရီကိုခေါ်ပြီး အမြန်သွား။မမိစေနဲ့နော်။မိရင် ငါတို့အားထုတ်သမျှ အချည်းနှီးဖြစ်ကုန်မယ် ဟေ့ကောင်။"

မျိုးနိုင်က ခေါင်းညိတ်လျက် ကတိအထပ်ထပ်ပေးသည်။မျိုးနိုင်က သူတို့အနားကထွက်သွားချိန်တွင် ကျွန်းညိုနှင့် အောင်လွင်က မျက်ခုံးချင်းဆိုင်ကြည့်ရင်း ပါးစပ်နားတွင် လက်နှစ်ဖက်အုပ်ကာလျက် အော်တော့သည်။

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now