အပိုင်း−၃၁
ခြံဝကနေ ကိုယ့်အိမ်ထဲကိုယ်ပြန်ချောင်းရသည့်အကျင့်ကလည်းအရင်ကတည်းက လုပ်ဖြစ်နေကျမို့ ကျွန်းညိုသည် အိမ်ထဲ လှမ်းလှမ်းကာ ချောင်းကြည့်သည်။အခါတိုင်း ဒီအချိန် အဖေအနားယူနေကျနေရာတွင်ထိုင်နေတာမတွေ့သဖြင့် ချက်ချင်းပဲ အိမ်ထဲမြန်မြန်ပြေးဝင်လာခဲ့မိတော့သည်။
“အမေ.’
ခပ်အုပ်အုပ်ခေါ်ရင်း ကျွန်းညိုသည် ဧည့်ခန်းတစ်လျှောက်ရှာရင်း အိမ်နောက်ဖေးထိဝင်လာခဲ့သည်။
“အမေ့…’
‘အယ် သားလေး”
မီးဖိုထဲတွင် သန့်ရှင်းရေးလုပ်နေပါသော ဒေါ်ရွက်ညိုသည် သားဖြစ်သူကိုမြင်သည့်အခါ တံမြက်စည်းကိုချလျက် ပြေးဖက်လာသည့် ကျွန်းညိုကို ပြန်လည်ဖက်တွယ်ထားလိုက်သည်။ကျွန်းညိုကကျချင်နေသည့်မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းရင်း ခပ်တိုးတိုး ရှိုက်သည်။
“မှန်း.. အမေ့သားလေး မတွေ့ရတာတောင်ကြာနေပြီ။အလည်လာတာတော့ မဟုတ်လောက်ဘူး။ဘာဖြစ်လာလဲ အမေ့ကို ပြော”
ဒေါ်ရွက်ညိုက ဖက်ထားသည်ကိုခွါလိုက်ရင်း ကျွန်းညိုကို မေးသည်။ဒေါ်ရွက်ညိုက တကယ်ပဲကျွန်းညိုကို အသိနိုင်ဆုံးသော သူဖြစ်သည်။
“အမေ့ကိုလာတွေ့တာ။ဟိုအိမ်မှာ ကျွန်တော့်ကိုသွားရှာနေမှာစိုးလို့။ကျွန်တော် သူနဲ့မနေတော့ဘူး။”
“ဒါဆို ခုဘယ်မှာနေလဲ။”
‘အောင်လွင့်အိမ်မှာ”
‘သားမှာအိမ်ရှိတယ်လေ။ဘာလို့ပြန်မလာတာလဲ။”
ကျွန်းညို ဘယ်လိုမျက်နှာနဲ့ပြန်လာရမလဲလို့ မမေးရက်။မိုးညိုက ခွင့်လွှတ်နေပြီဆိုပေမယ့် သူ့ကို တကယ်ပြန်ကြင်နာနိုင်ပြီ ဆိုတာရောသေချာရဲ့လား။အဖေကရော လက်ခံပါ့မလားဆိုသည့်အတွေးပေါင်းစုံက အမြဲတမ်းနှောင့်ယှက်နေသည်မဟုတ်ပါလား။
“ကိုထင်စေနဲ့ဘယ်လိုဖြစ်တာလဲ။”
ဒေါ်ရွက်ညိုနောက်ပါးဆီကနေ မိုးညိုအသံကထွက်ပေါ်လာသည်။လက်ထဲတွင် ဇကာလေးနှင့် တစ်လုံးကိုင်လျက် မိုးညိုက အေးအေးဆေးဆေးပဲမေးသည်။
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့