အပိုင်း-၃၃

100K 9.2K 2.7K
                                    

အပိုင်း−၃၃

“ရှက်တတ်ရဲ့လားဟမ်”

ထင်စေက တစ်မနက်လုံးကြားနေရသည့်စကားတွေကို အာရုံမထား။လုပ်နေသည့်စာရင်းကိုသာ ဖိလုပ်နေသည်။

“မင်း စဉ်းစားကြည့်စမ်း.. အဓိပ္ပာယ်ရှိရဲ့လားလို့။ ယောကျာ်းတစ်ယောက်ရဲ့အိမ်ကို သွားပြီး ခိုးတွေ့တယ် သွားပိုးတယ်။ မင်း မှာ ဦးနှောက်ရောရှိသေးရဲ့လား ထင်စေ”

‘နှလုံးသားပဲရှိတော့တယ်။’

‘ဘာကွ!!”

ဦးလှသောင်းက မျက်နှာနီရဲလျက် ဒေါသတကြီးဖြစ်နေပေမယ့် ထင်စေက တကယ်ကို မထုံတတ်တေး။ဒီစကားတွေပဲ အက်ကြောင်းထပ်အောင်ကြားနေရသည့်အခါ ဒေါ်စံပယ်က မော်ဦးကို လမ်းလျှောက်ကူပေးနေရင်းကနေ သက်ပြင်းချသည်။မော်ဦးလည်း ရပ်ရင်း နားထောင်နေဖြစ်၏။

“မဟုတ်သေးပါဘူး မင်းစဉ်းစားကြည့်စမ်းပါ ထင်စေ။ မင်း အစ်ကိုကြောင့် သူ့ကိုဒုက္ခပေးချင်လို့ သိက္ခာချချင်လို့ ယူထားလိုက်တယ် ဆိုတာထိ ယုတိ္တိလည်း သိပ်မရှိပေမယ့် ငါ လက်ခံပေးနိုင်သေးတယ်။ခု မင်းကသူ့ကိုသိက္ခာချမချတော့မသိဘူး။ မင်းက အရင် သိက္ခာကျနေပြီ။ မင်း မရှက်ဘူးလား။ ထပ်ပြောရရင် ယောကျာ်းတစ်ယောက်ကို လိုက်ပိုးနေတာ မင်း ရှက်တဲ့စိတ်နည်းနည်းလေးမှ မရှိဘူးလား။”

“ကျွန်တော် သူ့ကိုချစ်တယ် အဖေ။”

ထင်ထားပြီးသားပေမယ့်လည်း တကယ်တမ်းကြားလိုက်ရသည့်အခါ ဦးလှသောင်းမှာ ပါးစပ်အဟောင်းသား။သူ့သားက ဘယ်လိုဖြစ်ပြီးများ ဒီလောက်ထိကို ရူးရူးမူးမူး။

“မဖြစ်နိုင်ဘူး မပတ်သက်နဲ့တော့ ထင်စေ။ မင်းအစ်ကိုလည်း တော်တော်ကောင်းနေပြီပဲ။ သူ့ကိုအာရုံထဲက ထုတ်ပစ်လိုက်တော့။ မြို့ကလာလည်မယ့် ဒေါ်လေးသက်သက်တို့မှာ တူမလေးတစ်ယောက်ပါလာမယ်။အဲ့ကောင်မလေးနဲ့ မင်းကိုပေးစားဖို့ ငါတို့ အစီအစဉ်ရှိပြီးသား။ အဆင်ပြေရင် တစ်ခါတည်းလက်ထပ်ပေးပြီး မင်းကို မြို့ကိုလိုက်သွားခိုင်းမှာ.. ဟိုမှာလည်း ငါတို့ပွဲရုံရှိတာပဲ။”

‘စိတ်မဝင်စားဘူး အဖေ။”

‘မြို့သူလေကွာ။ မင်းလည်းကောလိပ်တက်လာတာပဲ။ မြို့သူအသွက်ကလေးတွေ မင်းတွေ့ခဲ့မှာပဲ။ပြီးတော့ ကေသီဆိုတဲ့ကောင်မလေးက မင်းအကြိုက်တွေ့မှာပါ။ကျွန်းညိုလို ယောကျာ်းလေးမျိုးနဲ့ ဘာဆိုဘာမှကိုမဆိုင်.”

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now