အပိုင်း-၁၀

75.5K 8.1K 388
                                    

အပိုင်း−(၁၀)

“မင်း စဉ်းစားကြည့်စမ်းပါ အောင်လွင်ရာ.. ငါ့ကြက်ဖကြီးကို ပေးပစ်လိုက်တာ ဖြစ်သင့်ရဲ့လား”

ဒီညနေအဖို့ ဒီစကားက အပ်ကြောင်းထပ်နေပြီပေမယ့် အောင်လွင်ကိုယ်တိုင်က ခေါင်းတညိတ်ညိတ်။ဒီညနေတော့ အောင်လွင်က နည်းနည်းပဲသောက်ပြီး ကျွန်းညိုက အဖော်လုပ်ပေးနေခြင်းဖြစ်သည်။ ကျွန်းညိုက မျက်ရည်တလည်လည်ဖြင့် ထန်းရည်ခွက်ကို လည်းလက်ကမချ။သို့ပေမယ့် ကျွန်းညိုက ဘာမှတတ်လိုက်နိုင်တာလည်း မဟုတ်။မြို့ကလာသည်ဆိုသည့် ဧည့်သည်တွေလက်ထဲ ကျွန်းညိုချစ်လှပါသော ကြက်ဖကြီးကို  ကျွန်းညိုမသိအောင် အဖေဖြစ်သူက ပေးပစ်လိုက်သည်တဲ့။

ကျွန်းညို အသည်းကွဲရပါသည်။

“အေ့.. ငါ့ကောင်ကြီး..’

‘တော်ပါတော့ဟာ။ပြန်ရမှာလည်းမဟုတ်တော့ဘဲကို ငါတို့ပြန်ဝယ်ပေးမယ်လေနော်။ တိတ်.တိတ်..’

ပိုးလုံးက ဆုံးမစကားဆိုသည်။သူငယ်ချင်းနှစ်ယောက်နားမှာ ပိုးလုံးက အမြည်းကြက်ကြော်ခွက်ကို နှိုက်မြည်းသည်။ပြီးတော့ ထိုင်ရာမှထလိုက်သည်။

“သွားမယ်ဟာ။ နင်တို့ကို ခဏလာကြည့်တာ။ငါ့အဖေ ငါ့ကိုလိုက်ရှာလို့ ဒီရောက်နေမှန်းသိရင် ယောကျာ်းပေးစားဖို့ စီစဉ်နေဦးမယ်။”

‘နေဦး.. နေစောင်းနေပြီ။ငါလိုက်ပို့မယ်။”

အောင်လွင်က နေရာကထသည်။ငိုက်စိုက်စိုက်ဖြင့် ကျွန်းညို ကိုတစ်ချက်ကြည့်ပြီး

“ငါပြန်လာခဲ့မယ် ကျွန်းညို။ဒီမှာပဲ ထိုင်နေဦး ပြန်မသွားနဲ့ဦးနော်။”

ကြားလားမကြားလားတော့မသိ။ကျွန်းညိုက ခေါင်းညိတ်ပြသလိုမို့ အောင်လွင်က ပိုးလုံးကိုလိုက်ပို့သည်။ကျွန်းညိုမှာ ထန်းရည်လေးသောက်လျက် အမြည်းလေးစားလိုက်ဖြင့် နှာကရှုံ့သေးသည်။သူ့ကြက်ဖကို အဖေက လုပ်ရက်နိုင်လွန်း၏။

“ရက်စက်လိုက်တာကွာ…’

‘ဟေ့ကောင်နားညီးတယ်။”

ကျွန်းညိုအသံနှင့်အတူ နောက်ဆက်တွဲပေါ်လာသည်က နောက်နားဆီက ဝိုင်းက။ ပေစောင်းစောင်းလှမ်းကြည့်လိုက်တော့  ရွှေဘက မကြည်အကြည့် ကြည့်နေသည်။စိတ်ကကြည်မနေသည်မို့ ကျွန်းညိုက ထရပ်၏။ပြဿနာရှာချင်နေပုံရသည့် ရွှေဘတို့ အုပ်စုကလည်း နေရာမှထသည်။

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now