အပိုင်း-၃၄

98K 8.9K 1K
                                    

အပိုင်း−၃၄

မှိုင်းညှို့နေသည့် မိုးသားတွေနည်းတူ ထင်စေမျက်နှာ၏ရာသီဥတုသည်လည်း မှုန်မှိုင်းနေလေသည်။တောင်ပိုင်းက ကိုယ့်လယ်အလုပ်လည်းကိုယ် ဖိဖိစီးစီးမလုပ်နိုင်ဘဲ ကျွန်းညိုကိုလွမ်းလို့လာမိကာမှ ငါးပါးမှောက်တော့တာဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်းညိုက သူတို့လယ်တွေဘက်သွားတာနှင့်ကြုံလိုက်တော့ ထင်စေ ဝမ်းသာအားရလိုက်လာခဲ့ပေမယ့် အိမ်တစ်အိမ်ကိုဝင်ကာ ကျွန်းညိုဝင်ခေါ်ပြီး ပါလာသည့်သူကြောင့် ထင်စေ စိတ်မကြည်တော့။

ယောကျာ်းတစ်ယောက်က ကျွန်းညိုအနားတွင်ယှဉ်တွဲကာ ပြုံးစစ။ထိုလူ့ပုံကြည့်တာနှင့် သန့်သန့်ပြန့်ပြန့်ဖြင့် မြို့က လူရည်သန့်တစ်ဦးအသွင်ပေါ်သည်။သူတို့ဘက်တွေက လယ်စပါးထွက်နှုန်းလည်းကောင်းတာကြောင့် မြို့ကပွဲစားတွေလည်း အများအပြားလာတတ်သေးသည်။သို့ပေမယ့် ကြည့်ရတာလည်း ပွဲစားနှင့်မတူ။ကျွန်းညိုကလည်း သူလိုက်လာတာသိလျက်သားနှင့် အရေးမလုပ်ဘဲ ထိုလူနှင့်သာ ရယ်မောလျက် ပြောဆိုနေသည်။

သူတို့နှစ်ယောက်လယ်ကန်သင်းရိုးမှာ ရပ်နေကြရင်း ကျွန်းညိုက ဟိုလက်ညှိုးထိုးပြ ဒီလက်ညှိုးထိုးပြနေသည်ကို ထိုလူက ပြုံးလျက်ကြည့်နေသည်။ ထင်စေ နှာခေါင်းရှုံ့လိုက်မိသည်။ပြနေတာက လယ်ကွင်းတွေကို လယ်ကွင်းတွေက ကျွန်းညိုမျက်နှာမှာ ရှိနေလို့လား။ထင်စေ မျက်ထောင့်နီဖြင့် အပင်အောက်နားတွင် ရပ်လျက် ခါးထောက်ကြည့်နေမိသည်။ မတော်တဆလဲသလို ဖြစ်ကာ ကျွန်းညိုလက်မောင်းကိုလှမ်းဆွဲသေးသည်။ထင်စေ ခါးမထောက်နိုင်တော့။ခန္ဓာကိုယ်က မတ်ခနဲဖြစ်သွားရသည်။

သူ အူတိုသည်။သဝန်တိုသည်။မကြည်ဖြူ။

ကန်သင်းရိုးပေါ်လျှောက်နေပြီး သေချာကြည့်လျှောက်ပါ့လား။ကျွန်းညိုကို တကြည့်ကြည့်ဖြင့်။နောက်.. ခလုတ်တိုက်လိုက်မိကာ ထိုလူသည် ကျွန်းညိုကို လှမ်းဆွဲလိုက်ပြီး ခါးကို လှမ်းဖက်လိုက်သည်ကို မြင်သည့်အခါ ထင်စေ စိတ်တွေထိန်းမရတော့။ ခြေလှမ်းကျဲကြီးတွေဖြင့် ထိုနေရာဆီသို့​လျှောက်လာတော့သည်။

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now