အပိုင်း-၂၀

86K 8.6K 919
                                    

အပိုင်း−၂၀

အချစ်ဆိုတာက ဘာလဲ။ဘယ်အချိန်မှာ စတင်ခဲ့သလဲ ကျွန်းညို မသိ။

ကိုးတန်းတုန်းက အတန်းထဲက လှသွေးကြွယ်လွန်းနေသည့် မိန်းကလေးတစ်ယောက်ကိုစတင်ကာ သဘောကျမိခဲ့ရင်း အချစ်ဦးဟု တစ်ဖက်သတ်ခေါင်းစဉ်တပ်ခဲ့မိသည်။ သို့ပေမယ့် ထိုအချစ်ဦးက အရေးပေးဆက်ဆံနေသည့် ထင်စေက ကျွန်းညို အာရုံထဲကို တစ်ဆင့်ချင်းဝင်ရောက်လာသည်။ ရွာနှစ်ခြမ်းမတည့်ရှုတာမို့ အသွားအလာအဆက်အဆံကျဲပါးပေမယ့် တစ်ဖက်ခြမ်းက သူကြီးသားထင်စေ၏ ကောင်းသတင်းတွေသာ အမြဲကြားရတတ်၏။ ထက်မြက်သည်။စာတော်သည်။မဟုတ်မခံစိတ်ရှိသည်။ နောက် ထပ်ပေါင်းရရင် လူညိုချောဖြစ်နေတာကိုတော့ ကျွန်းညိုလည်း အတိအလင်းလက်ခံခဲ့ရတာပဲဖြစ်သည်။

စိတ်ထဲ ရှိကိုနေပြီဟု သတ်မှတ်ပြီးကတည်းက ပြဿနတွေကလည်း စတက်တော့တာပဲဖြစ်သည်။ ကျောင်းဘောလုံးပွဲတွင် ထင်စေ့ကြောင့် ကျွန်းညိုက ခြေကျင်းဝတ်လည်ခဲ့ဖူးသည်။ဒါကို တောင်းပန်တော့လည်း ထင်စေက အချိုးပြေတာမဟုတ်။ နဂိုကတည်းကကျောင်းမှာ အမြဲအရိုက်ခံရ၊ဆူခံနေရတတ်သည့် ကျွန်းညိုတို့အုပ်စုကို ထင်စေကလည်း အမြင်ကြည်ပုံမရ။ ကျောင်းဆောင်ပျက်ထဲ ဖဲခိုးရိုက်တာကို တိုင်ခဲ့တာလည်း ထင်စေပဲဖြစ်သည်။ဒါကို ကျွန်းညို တိတ်တိတ်ကလေး ကျေနပ်နေခဲ့ဖူးသည်။ သူ့ဘက်ကမှမစရင် ထိတွေ့ဆက်ဆံဖို့ခက်ခဲနေသည့် ထင်စေ့အာရုံတွေကို သူ သိမ်းကျုံး ယူထားချင်မိပါသည်။ ထင်စေ့လွယ်အိတ်ထဲ ကွန်ဒုံးထုတ်ကြီး ထည့်ခဲ့တာတော့ ကျွန်းညို အမှန်ပင်။ဒါပေမဲ့ သူ့ ထမင်းချိုင့်လည်း အလွှင့်ပစ်ခံလိုက်ရတာပဲလေ။

ဘယ်လိုနည်းက မှန်သလဲ။ယောကျာ်းလေးချင်းဆိုသည့် အနေအထားမှာ တစ်ယောက်၏အာရုံစိုက်ခြင်းကိုခံရဖို့ ဘယ်နည်းတွေက အသင့်တော်ဆုံးလည်း ကျွန်းညို မသိခဲ့ပါ။ သူက သူ့ကိုယ်ပိုင်နည်းလမ်းနှင့် ထင်စေ သတိထားမိအောင် လုပ်နေခဲ့တာပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထင်စေ သူ့ကို ထင်ထင်ရှားရှား သတိထားမိနေခဲ့တာတော့ ဒီနေ့ထိ အမှန်ပဲမလား။

“ဟိုးကတည်းက ငါသိခဲ့ရမှာ။ ဘယ်နှစ်ခေါက်ဆိုဆို အဲ့ဒီမေတ္တာရေလှိုင်းကိုပဲဆိုတယ်။ ထင်စေ့ကို အမြဲရန်စတယ်။ ပြီးတော့ ငါ မှတ်မိတာမမှားဘူးဆိုရင် အထိုးအကြိတ်လက်မနှေးတဲ့မင်းက ထင်စေ့ကိုမထိုးခဲ့ဖူးဘူးဟုတ်.’

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now