အပိုင်း-၃၂

98.1K 8.6K 1.6K
                                    

အပိုင်း−၃၂

အချိန်ကား သိပ်ကိုမြန်ဆန်လွန်းလှသည်။မနှစ်ကလို တန်ဆောင်မုန်းချိန်ခါက ရောက်ရှိလို့လာပြန်ပါပြီ။ဒီနှစ်လည်း အခါတိုင်းနှစ်တွေလို ဘုန်းကြီးကျောင်းဝန်းထဲတွင် နိဗ္ဗာန်စျေးပွဲတော်စတင်ကျင်းပနေပြီဖြစ်သည်။ဒီနှစ်တော့ အခါတိုင်းလို ပွဲစျေးတန်းထဲ လိုက်လျားလိုက်လျားမလုပ်ဖြစ်။လုပ်ဖြစ်လောက်အောင်လည်း ကျွန်းညိုစိတ်တွေက ကြည်လင်နေတာမျိုး မဟုတ်တော့ ဒီနှစ် ကျွန်းညိုတို့လုပ်သည့် ကောက်ညှင်းရွှေကြည်ဗန်းတွေနားမှာပင် ရပ်နေလိုက်သည်။လူတွေက စတင်လာနေကြပြီဖြစ်ပြီး အားလုံးက ပန်းတွေ နံ့သာတွေကိုယ်စီနှင့် အရောင်အသွေးစုံလှပါသည်။ကျွန်းညိုက မလည်တော့ ကျန်သည့်နှစ်ယောက်ကလည်း သူတို့အိမ်ကလုပ်သည့် ဆိုင်တန်းနားတွင်သာ နေနေကြသည်။

“တစ်ခုလောက်ပေးပါ”

“တစ်ခုမကဘူး ရ..’

ခပ်နောက်နောက်လေးပြန်ပြောမလို့ မော့ကြည့်လိုက်မိတော့ ကျွန်းညိုကို အစွမ်းကုန်ပြုံးပြနေသည့် ထင်စေဖြစ်နေသည်။ ကျွန်းညိုမျက်နှာလေးက တင်းခနဲ။

“တစ်ခုပဲ ပေးပါ။ ငါက မင်းပေးတဲ့တစ်ခုနဲ့တင် လုံလောက်လွန်းနေပြီ။”

စကားက အနှောင့်အသွားမလွတ်။ကျွန်းညို ဖက်ရွက်လေးဖြင့် တစ်ခုပဲ ထည့်ပေးလိုက်သည်။ပေးပြီးတော့လည်း မထွက်သွားဘဲ ကျွန်းညိုဘေးတွင်လာရပ်၏။

“ဘာလာလုပ်တာလဲ။ကိုယ့်အခြမ်းကိုယ်သွားလေ။”

‘ကိုယ့်အခြမ်းက ဒီမှာလေ။”

‘ထင်စေ ..မင်းဘယ်လိုဖြစ်နေတာလဲ။”

‘ချစ်နေတာလေကွာ..’

ထင်စေက ကောက်ညှင်းရွှေကြည်ကို ပါးစပ်ထဲထည့်လိုက်ရင်း ကျွန်းညိုနား နားကပ်လျက်ပြောသည်။ဗလုံးဗထွေးနှင့် နားနား ကပ်ပြောတာမို့ ကြက်သီးထကာ လူကကျုံ့ခနဲ။အိမ်ကလူတွေက လိုက်မလာသေးတာမို့ ကျွန်းညိုတစ်ယောက်တည်းရှိနေတာကို ထင်စေကလည်း တစ်ချိန်လုံးချောင်းနေခဲ့တာဖြစ်သည်။သူ​ရောက်နေတာ ကြာနေပြီပေမယ့် ကျွန်းညိုက မမြင်တာလား။ တမင် မကြည့်တာလားမသိပေမယ့် အကြည့်လေးတစ်ချက်တောင် ရောက်မလာ။

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now