Part - 1 (Uni)

9.4K 248 14
                                    



"မိန်းမငယ်လေးတစ်ယောက် မြေပြင်ပေါ်တွင် ဒူးထောက်လျှက်ငိုနေသည် သူမမျက်ရည် များ မြေပြင်ပေါ်သို့ အဆက်မပျက် စီးဆင်းနေသည် သူမ ထပ်မံ အော်ဟစ်ငိုကြွေးနေလေသည်။"

"လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကပေါ့"

လီလီလို့ခေါ်တဲ့မိန်းမငယ်လေးတစ်ဦးရှိခဲ့သည်။ သူမအသက်က ၁၈နှစ်ပြည့်ပြီးပါပြီ သူမက အရမ်းမချောပေမဲ့ ချစ်စရာကောင်းတဲ့ မိန်းမငယ်လေးတစ်ဦးဖြစ်သည့်အပြင်အသားအရေလည်းလှပြီး အဖေကမြန်မာ+အမေကကိုရီးယား ပေါင်းစပ်ထားတဲ့ကပြားမလေးတစ်ဦးဖြစ်ပါသည်။ သူတို့မိသားစုလေးဟာ အမေ့ဘက်က ကိုရီးယားမှာ နေထိုင်ကြပြီး လီလီသည် မြန်မာစကားရော ကိုရီးယားစကားရော တက်မြောက်ကျွမ်းကျင်သူ
တစ်ယောက်ဖြစ်သည်

ကျောင်းပိတ်ရက်နွေရာသီတစ်ခုမှာ လီလီ
တစ်ယောက်ထဲပျင်းနေ၍ အိပ်ယာပေါ်တွင်
သီချင်းနားထောင်နေသည်
ထိုစဉ် လီလီအဖေထံ ရန်ကုန်မှဖုန်းဝင်လာသည်။

"ကလင်ကလင်ကလင်"

"Hello"

"အေး   မောင်ထွန်းအေးလား မင်းမေနှလုံးအမောဖောက်ပြီး ဆေးရုံတင်ထားရတယ် မင်းအသက်မှီချင်ရင် ချက်ချင်းလာခဲ့ပေါ့ကွာ မြန်လေကောင်းလေပဲ"

"ဗျာ ဟုက်ကဲ့ အန်တီမြင့် ကျွန်တော်အမြန်ဆုံးလာခဲ့ပါ့မယ်"

"Honeyရေ ကို့အမေအသည်းအသန်ဖြစ်နေလို့ ဆေးရုံတင်ထားရတယ်ကိုယ်တို့အမြန်ဆုံးရန်ကုန်ကို သွားရမယ် သမီးလေးလီလီကိုပါ ခေါ်သွားဖို့ပြင်ထားပါ"

"လီလီသမီးရေ"

"လီလီသမီးရေ"

"အော်ဒီကောင်မလေးတော့ နားကျပ်တပ်ထားပြန်ပြီထင်တယ်"

"လီလီ"

"ရှင့် မေမေလာပြီ"

"သမီးရေ သမီးဖေဖေ အမေနေမကောင်းလို့ ဆေးရုံတင်ထားရတယ် အဲ့ဒါ မေမေတို့နောက်တစ်နေ့လောက်ရန်ကုန်ကိုသွားရမယ် အင်္ကျီတွေကြိုထုပ်ထားနော်"

"ဟာ မေမေ သမီး မလိုက်လို့ရလား"

"သမီး ဒီအတော့အတွင်း သူငယ်ချင်းတွေနဲ့ သင်တန်းတက်ဖို့ ပြောထားလို့ပါဒီကြားထဲလည်း လုပ်စရာလေးတွေရှိသေးလို့"

Lily was a little girl Where stories live. Discover now