Part - 9 (Uni) 18+🔞

6.3K 215 37
                                    



(လီလီ မျက်ရည်များဖြင့် နှစ်ယောက်လုံးကို ကြောင်၍ကြည့်နေခဲ့သည်။)
ထိုစဉ် Kimမှ .......

"လီလီ အပေါ်တက်တော့ လူကြီးချင်း စကား
ပြောစရာလေး ရှိလို့ပါ"

"လီလီ မတက်ချင်ဘူး Kimကိုလည်းစိတ်မချဘူး"

"Kim ဘာမှမဖြစ်ပါဘူး လီလီရယ် တက်လိုက်ပါနော် "

"Kim တစ်ခုခုဆို လီလီကို လှမ်းခေါ်လိုက်နော်"
(လီလီမှ အပေါ်သို့ တက်သွားသည်)
ထို့စဉ် ဂယ်ရီမှ.......

"Kim ကိုယ် မနက်ကလည်း လာသေးတယ်နော်
အပြင်တွေ လျှောက်သွားနေကြတယ်ဆို မီကို
သွားမေးလိုက်တာ"

"ဟုက်တယ် အပြင်လျှောက်လည်ကြတယ် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ"

"မင်း ဘယ်တုန်းကများ ဒီလိုတွေ လျှောက်
လည်ဖူးလို့လဲ ပြီးတော့ အိမ်မှာလည်း ကလေးတွေရော ခွေးတွေရော ဘာတွေလဲ"

"အဲ့ဒါရှင်နဲ့ ဆိုင်လို့လား ဒါကျွန်မ ကိစ္စလေ
ရှင်နဲ့ ကွာရှင်းထားတာကို မေ့မနေနဲ့အုံးနော်"

"အဲ့ ကွာရှင်းတဲ့ကိစ္စအကြောင်းကိုပဲ ပြောမလို့လာခဲ့တာ ကိုယ့်ကိုပြန်လက်ခံပေးပါ ကိုယ် အရင်လိုမဆိုးတော့ပါဘူး ကိုယ်အားလုံးပြောင်း
လဲလိုက်ပါပြီ Kimစေတနာနဲ မေတ္တာတွေကို
လည်း ကိုယ်နားလည်လာပါပြီ။ကိုယ်ကို အရင်လို ပြန်လက်ခံပြီး ချစ်ပေးပါနော်"

"ဂယ်ရီ ရှင့်ကို ကျွန်မ ဘယ်တုန်းကမှ မချစ်ခဲ့ဘူး။ခုလည်း မချစ်ဘူး နောင်လည်းမချစ်ဘူး
ရှင်ပြန်လိုက်ပါတော့"

"Kim မင်းဘယ်တုန်း ကပြောင်းလဲသွားတာလဲ
ကိုယ့်ကို ပြန်ပြောဖို့ သတ္တိတွေတောင် ရှိနေလို့ပါလား။ ဒီမှာ Kim မင်းကို ဒီ ကမ္ဘာမှာ အချစ်ဆုံးလူက ကိုယ်ပဲ"

"ရှင်ထင်လို့ပါ"

"အော် ဒါဆို ကိုယ်ထပ်မင်းကိုပိုချစ်တဲ့ သူရှိနေပြီပေါ့ဟူက်လား"

"ဟုက်တယ်  ခုနက အပေါ်ကိုတက်သွားတဲ့
လီလီပဲ သူက ရှင့်ထက်တော့သာပါတယ် ကျွန်မကို ချစ်လည်းချစ်တယ် ဂရုလည်းစိုက်တယ်
နားလည်းနားလည်ပေးတယ်"

"ဟုက်ပြီလေ ကလေးလောက်တောင် အဖြစ်မရှိဘူးဆိုတော့။ ဒါဆို ငါပိုကြိုးစားရတော့မှာပေါ့
ငါမင်းကို လက်လွှတ်လိုက်မိလို့ နောင်တတွေရနေပါပြီ"

Lily was a little girl Where stories live. Discover now