Part - 12 (Uni)

1.4K 114 21
                                    


နောက်တစ်နေ့ရောက်သော် Kimသည် ခြံထဲ စာထိုင်ဖတ်နေကြ နေရာလေးတွင် တစ်ယောက်ထဲ မိူင်ထွေစွာ ထိုင်နေသည်။ ထိုစဉ် ဘေးအိမ်မှ မီ ရောက်လာသည်။

"Kim"

"အော် မီ လာထိုင်လေ"

"Kim မျက်နှာ မကောင်းပါလား ဘာဖြစ်လို့လဲ
လီလီရော"

"လီလီ ပြန်သွားပြီ သူ့အမေပြန်ခေါ်သွားတာ"

"ဒါဆို နင်"
(မီ စကားမဆုံးခင် သူမ ဖြတ်ပြောလိုက်သည်)

"အစကတည်းက ငါက တစ်ယောက်ထဲပဲလေ
နေရာမှန်ကို ပြန် ရောက်သွားတာပေါ့"

"လီလီ ကရော ပြန်လာခေါ်တော့ လိုက်သွားရောလား"

"ဘယ်ကလာ မလိုက်ချင်လို့ ဂျီကျနေတာ ဆွန်းရိပ်မိသွားမှာစိုးလို့ မနည်းထည့်ပေးလိုက်ရတယ်"

"လီလီလေးတောင် အဲ့လိုဖြစ်နေရင် သူရဲ့
အမှတ်တရလေးတွေ ကျန်ခဲ့တဲ့ အိမ်မှာ နင်ကရော အဆင်ပြေပါမလား။ "

"မီရယ် ငါအဆင်ပြေပါတယ် နင်သိတယ်မ
ဟုက်လား သူနဲ့ငါရဲ့ ဒီအခြေအနေက အကောင်း ဆုံးအနေအထားဆိုတာ"

"Kim ငါအမြဲပြောတယ်နော် နင်စိတ်ချမ်းသာဖို့ လိုတယ်ဆိုတာ။ နင်အမြဲ အထီးကျန်စွာ နေလာခဲ့ရတာ နင်စိတ်ချမ်းသာတယ်ဆို ဘာမဆို လုပ်ပစ်လိုက် ငါအမြဲ အားပေးနေမယ်"

"ကျေးဇူးပါ သူငယ်ချင်းရယ်"

"ရပါတယ် Kimရယ်။ ပေါ်ပီလေးကို ကြည့်ပါအုံး သူ့သခင် ပြန်သွားတာကို မသိဘူး ပျော်နေရှာတာ"

"ပေါ်ပီ က အိမ်ထဲမှာ မဟုက်ရင်ပြီးရော ဘယ်နေရာမဆို ပျော်နေတာ"

"အေး သူက လမ်းဗိုလ်လေးလေ"
(သူမတို့ နှစ်ယောက် ပေါ်ပီလေးကို ကြည့်ပြီး ပြံုးနေကြသည်)

"ပေါ်ပီ ဆိုလို့ Kim မီ့ကို ပေါ်ပီလေး ပေးခဲ့ချင်
တယ်။ မီ သိပါတယ် Kimက ဒီအိမ်လေးကနေ ထွက်သွားရတော့မှာ ဆိုတော့ ပေါ်ပီလေးကို စောင့်ရှောက်ပေးပါနော်။ ဂယ်ရီ လာမှာလည်း ကြောက်တယ် သိတဲ့အတိုင်း သူက အချစ်ကြီး
စိတ်ကြီးတယ်။ အသက်တွေလည်း ကြီးနေပါပြီ
သူ့ကို အော်ရမှာလည်း ပတ်ဝန်းကျင်နဲ့ အရမ်း
ရှက်တယ်။"

Lily was a little girl Where stories live. Discover now