Part - 2 (Uni)

3.1K 194 10
                                    



( ဒီလိုနဲ့ နောက်နေ့မနက်ရောက်တော့ )

"လီလီ ညက အိပ်ရတာအဆင်ပြေရဲ့လား"

"ဟူက်ပြေပါတယ် အပေါ်ထပ်မှာ တစ်ယောက်ထဲ ဆိုတော့နည်းနည်းတော့ပျင်းစရာကောင်းတယ် ပြီးတော့ လီလီက နည်းနည်းကြောက်တက်တယ်"

"အို လီလီရယ်" "ဒီအိမ်ကကျယ်ပေမဲ့ Kimတစ်ယောက်ထဲနေလာခဲ့တာ ဘာမှတော့မရှိပါဘူး နောက်တော့အဆင်ပြေသွားမှာပါ"

"ဘာဝိုင်းကူပေးရအုံးမလဲ"

"ရတယ် ဘာမှမလိုပါဘူး နှစ်ယောက်စာချက်ရတာ အေးဆေးပါ အမှန်တော့Kimတစ်ယောက်ထဲနေရတာကို ပျင်းနေခဲ့တာ ခုတော့စကားပြောဖော်လေးရှိသွားတော့ အဆင်ပြေတယ်"

"ဟုက် ဒါနဲ့ Kimနဲ့မေမေက  ကျောင်းတုန်းကထဲကသူငယ်ချင်းတွေလား"

"အင်းဟုက်တယ်"

"ပြီးတော့   အမျိုးသားနဲ့ ကွာရှင်းထားတယ်လို့လည်းကြားတယ်"

( Kim သူမ မျက်လုံးကို လှမ်းကြည့်လိုက်သည် )

"အင်းဟုက်တယ် နည်းနည်း အခန့်မသင့်တဲ့ ကိစ္စလေးတွေကြောင့်ပါ"

"စိတ်မကောင်းပါဘူးနော် ဒီကြားထဲ တစ်ယောက်ထဲပင်းပန်းနေခဲ့မှာပဲ"

"ရပါတယ်"

( Kim၏ မျက်နှာလေးငြိုးငယ်သွားသည်
ထိုစဉ် လီလီ ၏စိတ်ထဲတွင် သူမအပေါ် သနားကြင်နာသောစိတ်များ စတင် ဝင်ရောက်လာတော့သည်။ )

"စိတ်မကောင်းမဖြစ်နဲ့နော် လီလီရှိတယ် အကူအညီလိုရင်လည်းပြောလေနော်"

"အွန်း.... ကျေးဇူးပါ"

"ဆွန်းပြောတော့ သမီးလေးက ဂျစ်ကန်ကန်လေးလို့ပြောတယ် အဲ့လောက်လည်းမဟုက်ပါဘူး လိမ္မာပါတယ်"

"အင်း ဟုက်တယ် လီလီက နည်းနည်း တော့ ဆိုးတယ် လိုချင်တာဆိုလည်း မရရအောင် ယူတက်တဲ့ အကျင့်လေးလည်းရှိတယ် ငယ်ငယ် ထဲက လိုတိုင်းရနေလို့ ထင်ပါတယ်။"

"Kim အပေါ်တော့ မဆိုးဘူးမဟုက်လား"
(ရယ်ပြီး မေးလိုက်သည်)

"ဟုက် မဆိုးပါဘူး"
( သူမလည်း ပြံုးနေသည် )

"လီလီ စားချင်တာရှိရင်ပြောလေ Kimချက်ကြွေးမယ်"

"Kim ကြိုက်တာချက် အကုန်စားမယ်"
(အစားချေးများသော သူမ ချေးမများနိုင်တော့ပေ )

Lily was a little girl Where stories live. Discover now