Part - 5 (Uni)

2.1K 165 4
                                    



( ဒီလိုနဲ့ ညဘက်အိပ်ချိန်ရောက်သောအခါ
Kim ခေါင်းအုံးလေးကိုင်၍ အပေါ်ထပ်သို့တက်လာသည်။)ထိုစဉ် လီလီမှ.........

" ဟင် Kim ပါလား ဘယ်မှာ အိပ်မလို့လဲ"
(ပြံုးရွှင်သော မျက်နှာဖြင့်မေးလိုက်သည်)

(Kimမျက်နှာမှာ အနည်းငယ် မိူင်ထွေနေသော
ဟန်ရှိသည်။ )
" Kim လည်း လီလီ လိုပဲ အထီးကျန်နေလို့ပါ"
( ဟု ပြောပြီး လီလီ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ )

"ဘာလို့လဲ Kim တစ်ယောက်ထဲ နေနေကျ
မဟုက်ဘူးလား"

"ဟုက်တယ် Kimတစ်ယောက်ထဲ နေနေကျပါ ဒါပေမဲ့ အခု တစ်ယောက်ထဲမနေချင်တော့ဘူး
ပျော်ပျော်ရွှင်ရွှင်လေး ပဲနေချင်တယ် အနားမှာအဖော်တစ်ယောက်လောက် ရှိစေချင်မိတယ်"

" လီလီ ရှိတယ်လေ လီလီ နေပေးမှာပါ "

" ကျေးဇူးပါ လီလီအနားမှာ ရှိနေပေးလို့ တစ်ခါတစ်လေ Kimတွေးမိတယ်သိလား Kimလည်း အသက်ရလာပြီဆိုတော့ အသက်တွေကြီးလာပြီး မသေခင်အချိန်လေးအတွင်းမှာ
အချစ်စစ်တစ်ခုနဲ့  ထိတွေ့သွားချင်မိတယ်
အချစ်စစ်ဆိုတာ ဘယ်လိုခံစားချက်လဲဆိုတာကို သိချင်နေမိတယ် "

"လီလီလည်း တူတူပါပဲ အချစ်စစ်ကို
ခံစားချင်တာချင်းအတူတူ"

"ဒါပေမဲ့ လီလီက ငယ်ပါသေးတယ် ဘဝမှာကြံုတွေ့ လာရမှာတွေက အများကြီးရှိသေး
တယ်"

"အရှင်းဆုံးပြောရရင် ငယ်ပါသေး
တယ်လို့ပြောတာကို လီလီမကြိုက်ဘူး
လီလီအသက်"၁၈" နှစ်ကျော်နေပါပြီ မငယ်တော့ပါဘူး Kimရယ် အချစ်စစ်ဆိုတာနဲ့ ထိတွေ့ဖို့တောင် အဆင်သင့်ဖြစ်နေပါပြီ
အချစ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး Kim ရယ် ချစ်တက်တဲ့ နှလုံးသားလေးနဲ့ပဲ
ဆိုင်တယ်လို့တော့ လီလီထင်တယ်"

"Kim ပြောချင်တာက လီလီကို ငယ်တယ်လို့မထင်ပါဘူး  လူငယ်အရွှယ် ဖြစ်တဲ့အတွက် ဘဝမှာ တွေ့ကြံုလာရမှာတွေ ကို ပြောပြပေးတာပါ။ Kimကတော့ တွေ့ကြံုခဲ့ပြီးပြီ
စိတ်ညစ်စရာတွေနဲ့ပေါ့  အခုလို အသက်
အရွယ်ကတောင်    ငယ်ငယ်ကထက်    ပိုပြီး
အေးချမ်းတယ်လို့    ခံစားလာရတယ် "

"လီလီလည်းလေ Kimလို အသက်အ
ရွယ်လောက် ဖြစ်ရင်ကောင်းမယ်လို့ စဉ်းစားမိတယ်"

"ဟင် ဘာလို့လဲ"

"အေးချမ်းချင်လို့လေ"

"အော် လီလီရယ် အေးချမ်းမူဆိုတာ
ဘယ်အရွယ်ပဲ ဖြစ်ဖြစ် အချိန်မရွှေးရှာဖွေလို့ရပါတယ် Kim ကိုယ်တိုင်ကိုက ပူလောင်မူကို ရွေးချယ်ခဲ့လို့  ငယ်ရွှယ်တဲ့ အချိန်တွေ အလဟသ ကုန်ဆုံးခဲ့ရတာ"

"လီလီ လည်းအေးအေးချမ်းချမ်းပျော်ပျော်
ရွှင်ရွှင်နေချင်ပါတယ် Kim လီလီနဲ့နောက်
တစ်နေ့ အပြင် လျှောက်လည်ကြမလား။ "

"အင်း သွားကြမယ်လေ"

"ဟိုလေ Kim...မနက်ဖြန် လီလီသူငယ်ချင်းတွေ အိမ်လာလည်မယ်ပြောတယ် Kim ခွင့်ပြုရဲ့လားဟင် Kimအိမ်ဆိုတော့ ခွင့်တောင်းတာပါ"

"ရတာပေါ့ ...လီလီရဲ့ သူငယ်ချင်းတွေနဲ့လည်း Kimကို မိတ်ဆက်ပေးအုံး"

"ဟုက်မိတ်ဆက်ပေးမယ် သူငယ်ချင်းတွေလာရင် အရမ်းကြီးလည်း ပြံုးမပြနဲ့အုံးနော် "

"ဟင် ဘာလို့လဲ "

"ဘာမှတော့မဟုက်ပါဘူး ဒီအတိုင်းပဲ"

"အယ်....ဟုက်ပါပြီ ဒါဆို Kimသွားအိပ်တော့
မယ် ဒီနေ့ကစပြီး Kim လီလီရဲ့ရှေ့ကခန်းမှာပဲ အိပ်တော့မှာမို့  အကြောင်းအရင်းကတော့
အထီးကျန်လိုပါပဲ။ တစ်ခုခုဆို လှမ်းခေါ်
လိုက်နော်"

(လီလီ စိတ်ထဲ အရမ်းပျော်သွားသည် )
"ကျေးဇူးတင်ပါတယ်Kimရယ် ဘေးခန်းမှာ လာအိပ်ပေးလို့"

"ဒါဆို Goodnight နော် "

" ဟုက် Goodnight ပါ Kim"
( လီလီ၏စိတ်ထဲတွင် သူဒီမှာ ငါနဲ့ အိပ်ရင်
ကောင်းမှာပဲဟု တွေးနေလေသည်။ )

မနက်ရောက်သော်.....
(လီလီအိမ်ရှေ့သို့ သူမ၏ သူငယ်ချင်းများ
ရောက်လာကျသည်။)

တင်းဒေါင်  တင်းဒေါင် (ဘဲလ်နှိပ်သံ)
(Kim မှ တံခါးဖွင့်လိုက်သည်)

( Dory ,နာအွန်း နှင့် Yoon တို့သုံးယောက်သား
Kimကို ကြောင်ကြည့်နေကြသည်။ )

ဆက်ရန်ရှိသေးသည်။☺️
Lilly ဒီနေ့နည်းနည်းခေါင်းကိုက်ပြီးနေမကောင်းဖြစ်နေလို့ တင်တာနဲနဲ
နည်းသွားတယ်။
မျှော်ပေးပါအုံးနော်🥰

Lily was a little girl Where stories live. Discover now