Part - 3 (Uni)

2.6K 181 28
                                    


(လီလီသူငယ်ချင်းအိမ်သို့သွားရန် အိမ်မှ
ထွက်ခွါသွားသည်)

"ဒေါက်ဒေါက်ဒေါက်"  (တံခါးခေါက်သံ)

"အော်   လီလီပါလား"

"ဟုက်  အန်တီ Yoon ရှိလားဟင်"

"အင်း ရှိတယ် အပေါ်ထပ်မှာ တက်သွား
လိုက်နော်"

"Yoon ရေ Je Yoon"

"လီလီ   ငါအပေါ်မှာတက်ခဲ့လေ"

"ဟဲ့ Yoon  နင်ငိုထားတာလား"
(စိုးရိမ်တကြီးဖြင့်  မေးလိုက်သည်)

"ထုံစံအတိုင်းပေါ့ Carol ကားကိုပြန်ကြည့်ပြီးတော့"

"Carol က ငါတို့ကြည့်ပြီးပြီမဟုက်ဘူးလား"

"ဟုက်တယ်လေ ငါကနင်တို့နဲ့ မတူဘူး ၁၀ခါ
ပြန်ကြည့်တာ"

"အင်းပါ အသည်းငယ်တက်သူကြီးရယ်"

( လီလီ သူငယ်ချင်းဖြစ်သူ Yoon သည်
အလွန်စိတ်အားငယ်တက်သူဖြစ်၍
ရုပ်ရှင်ကြည့်တိုင်း ငိုလေ့ရှိသည်
သူမသည် အားလက်သော
အချိန်များတွင် ပန်းချီဆွဲလေ့ရှိသည်
သူမ၏ နာမည်ရင်းမှာ ဂျီယွန်း ဖြစ်သည်
သူမသည် စိတ်ထားအလွန်ကောင်းပြီး
သူငယ်ချင်းများအပေါ် အလျော့ပေးပြီး
ပေါင်းသင်းလေ့ရှိသည် ထိုအချက်များသည် လီလီ၏ သူငယ်ချင်းများထဲမှ အချစ်ဆုံး
သူငယ်ချင်း ဖြစ်နေရခြင်း အကြောင်းအရင်း
ပင်ဖြစ်သည်။ )

"ဟဲ့ လီလီ နင်ဒီအတောအတွင်းပျောက်နေပါလား ဖုန်းလည်းမဆက်ဘူးနော် ဘယ်အရာက နင့်ကို ငြိမ်ချက်သား ကောင်းစေနေတာလည်း
ပြောစမ်း ပြောစမ်း"

"ငါ ဟိုတစ်ခါတုန်းက ဖေဖေနဲ့ မေမေ
ရန်ကုန်သွားစရာရှိတယ်လို့ ပြောတယ်မလား အဲ့ဒါ ငါ အခု မေမေ့ သူငယ်ချင်း Kimဆိုတဲ့ အန်တီ့ အိမ်မှာနေနေတာ"

"ဟယ် မိန်းမ ကြည့်လုပ်အုံးနော် တော်ကြာ
Ammonite ကားထဲကလို ဖြစ်နေအုံးမယ်
( Yoon ပြောလိုက်သော စကားကြောင့်  လီလီရှက်ပြံုးပြံုးနေသည်)"

"အေး Ammonite ဆိုလို့ ငါမကြည့်ရသေးဘူး
ပြန်ရင် ငါ့ကို အခွေ ငှါးလိုက်အုံး"

"ဘာလဲ Kim ဆိုတဲ့ အန်တီကြီးနဲ့ အတူကြည့်မလို့လား"

"နေပါဟာ သူက ဒါတွေ စိတ်ဝင်စားမယ်ပုံမပေါ်ပါဘူးဟာ ဒါပေမဲ့ သူအတော်လှတာတော့ ငါသတိထားမိတယ်။သူ့မျက်နှာကလေ  "Cate Blanchett"  နဲ့တောင် နည်းနည်း ဆင်သလိုပဲ
ဟယ် ဟယ်"

Lily was a little girl Where stories live. Discover now