Part - 13 (Uni)

1.7K 99 15
                                    


သူမ အံဩမင်သက်စွာဖြင့် ဆွန်းကိုကြောင်၍
ကြည့်နေလေသည်။ထို့နောက် Kimမှ.....

"အော် ဆွန်း အိမ်ထဲဝင်​လေ။ဆေားရီး ငါ ဧည့်ဝတ်မကျေသလိုများဖြစ်သွားလား။"

"ရပါတယ် ဝင်မယ်နော်"

ဧည့်ခန်းထဲသို့ရောက်သော်....

"ဘာသောက်မလဲ ဆွန်း နင်က ကော်ဖီမသောက်တက်တော့ အအေးပဲလား"

"မသောက်တော့ဘူး ဆွန်း ပြောစရာရှိလို့လာခဲ့တာပါ နင်အဆင်ပြေရဲ့လား ရက်အနည်းငယ်အတွင်း ပိန်သွားတယ်နော်"

"Kimတောင်းပန်ပါတယ်နော် Kim မှားခဲ့တယ် ငါ....ငါ......"

"တော်ပြီ ထားလိုက်ပါတော့ ဆွန်းကို မီဆက်သွယ်တယ် ပြီးတော့ နင့်အကြောင်းတွေအကုန်လုံးကို ဆွန်းကို အကုန်ပြောပြခဲ့တယ် အကုန်လုံးကိုပေါ့"

(Kimမှ သူမကို အားငယ်တဲ့ မျက်လုံး များဖြင့်ကြည့်နေလေသည်။ ထို့နောက် သူမ မျက်ရည်များ စီးကျလာသည်။ )Kimမှ......

"Kim ထွက်သွားပါ့မယ် အဝေးဆုံးကိုပေါ့"

"မဟုက်ဘူး Kim ဆွန်းပြောစရာရှိလို့လာခဲ့
တာပါလီလီကို မြန်မာပြည်ပြန်ပို့လိုက်တော့မယ် ဆွန်းအဲ့ဒါလာပြောတာ သူ့ကို အဲ့မှာပဲ ကျောင်းဆက်တက်ခိုင်းပြီး သူ့အဖေရဲ့ လုပ်ငန်းတွေကို ဦးစီးခိုင်းတော့မှာ လုပ်ငန်းတွေကလည်း အဲ့မှာပဲဆိုတော့ပြီးတော့မှ နင် ဘယ်လိုရပ်တည်မလဲ ကိုယ်ဟာကိုယ်ပဲ ဆုံးဖြတ်ပါ ဒီအိမ်ကနေ
ထွက်သွားဖို့လည်း မလိုဘူးလို့ ဆွန်းထင်တယ်"

"Kim ဘာပြောရမှန်းမသိတော့ဘူး။အဓိကက
လီလီ အဆင်ပြေဖို့ပါပဲ။သူ့ဘဝကို ငါ့ကြောင့်
မနစ်မွန်းစေချင်ဘူး။ သူ့သဘောကရော..."

"သူကတော့ ဘယ်သွားချင်ပါ့မလဲ။ ဒါပေမဲ့
သူပိုခံစားရလိမ့်မယ်။ ဆွန်း Kimအပေါ် ရက်စက်တယ်လို့ပဲပြောပြော ကြိုက်သလိုသတ်မှတ် လိုက်ပါ။ ဆွန်းအခု Kimကို ခုလိုလာပြောပြတယ်ဆိုတာက အရင်ထဲက သူငယ်ချင်း သံယော
ဇဉ်ကြောင့်ရယ် ပြီးတော့ ပြီးတော့......"

(သူမ Kimမျက်နှာကိုကြည့်ပြီး စကားမပြော
နိုင်တော့ပေ။ Kimအတွက် သူမ ရက်စက်တယ်လို့ သူမကိုယ်တိုင် ခံစားနေရခြင်းကြောင့်ပင်
ဖြစ်သည်။ )

Lily was a little girl Where stories live. Discover now