Part - 11 (Uni)

2.4K 144 31
                                    


"အင်းပါ မီရယ် Kim နားလည်ပါတယ် စိတ်ပူပေးတာ ကျေးဇူးပါ"

"အေးပါ နင်လည်းဂရုစိုက်နေအုံး  ငါကနင်တို့ နှစ်ယောက်လုံးရဲ့ ရှေ့ရေးအတွက်တွေးပြီး စိတ်ပူတယ်ဆိုပေမဲ့ နင်စိတ်ချမ်းသာတယ်ဆို နင်ပျော်မယ်ဆိုလုပ်သာလုပ် ဘာပဲဖြစ်ဖြစ်ငါအားပေးတယ် မီပြောတာကို Kimသဘော ပေါက် တယ်မဟုက်လား"ဟုပြော၍ မီမှမျက်ခုံးလေးပင့်ပြလိုက်သည်။ မီရဲ့ မျက်လုံးထဲမှ အဓိပ္ပါယ်များစွာကို Kimသဘောပေါက်နေလေသည်။

"Kim သဘောပေါက်ပါတယ် မီရယ် စိတ်ချပါ
အားလုံးအဆင်ပြေသွားမှာပါ"

ထိုစဉ် လီလီဝင်လာသည်။လီလီမှ Kim ခြေထောက်​လေးကို ကိုင်၍ ရေနွေးလေးဖြင့်ကပ်ပေးနေသည် ထို့နောက် ဆေးပူလေးလိမ်း၍
အဝတ်အပါးလေးဖြင့်ညင်သာစွာ စီးပေး
လိုက်သည်။လီလီမှ......

"Kim သက်သာရဲ့လား"

"အင်းသက်သာတယ် လီလီလက်ကလေးနဲ့ ထိလိုက်ကတည်းက မနာတော့တာ"
( Kimမှ ရယ်ပြီးပြောလိုက်သည်။)

မီမှ......
"ကဲ ဒါဆို မီပြန်လိုက်အုံးမယ်"

"အွန်း မီရေ ကျေးဇူးပါနော်"

"အယ် ရပါတယ် ဒါနဲ့ပေါ်ပီလေးရော"

"ပေါ်ပီလေးကို လီလီ ရေချိုးပေးပြီး အခန်းထဲ ထည့်ထားလိုက်တယ်"

"ဟယ် ဒါဆို အန်တီမီ ခေါ်သွားလိုက်မယ်နော် လီလီက Kim ကို ဂရုစိုက်လိုက်ပါအုံး"

"ဟုက် သွားခေါ်ပေးမယ်နော်"
(လီလီ ပေါ်ပီလေးကို သွားခေါ်ရန် အခန်းထဲသို့ ဝင်သွားသည်)Kim မှ......

"မီရယ် အဆင်ပြေပါ့မလား ဒီပေါ်ပီလေးက နည်းနည်း ဆိုးတယ်နော်"

"အမလေး ဆိုးလေ ပိုချစ်လေပဲ ဒီရက်ပိုင်း ငါခေါ်ထားပေးမှာမို့ ကိုယ့်ကိုကိုယ်သာ ဂရုစိုက်"

"ထိုစဉ် လီလီ ပေါ်ပီလေးနှင့်အတူ ထွက်လာ
သည်"

လီလီ ပေါ်ပီလေးကို ပေးလိုက်ပြီးနောက်
မီပြန်သွားသည်။လီလီမှ......

"Kim....အပေါ်မှာအိပ်လို့မရတော့ဘူးနော်
အောက်ထပ်က အခန်းမှာပဲ အိပ်ရမှာ လီလီ လိုက်အိပ်ပေးမယ်နော်။ အခု အခန်းထဲမှာ သွားနားတော့မလား"

Lily was a little girl Where stories live. Discover now