Part - 10 (Uni) 18+🔞

4.8K 196 24
                                    


(ထို့နောက် လီလီ Yoon တို့အိမ်သို့ အလည်သွားရန် အိမ်မှထွက်ခွါသွားသည်။ )

(Yoonတို့အိမ်ရောက်သော် Doryနှင့် နာအွန်းတို့လည်းရောက်နှင့်ပြီးဖြစ်သည်)လီလီမှ......

"အော် ဒင်းတို့က ဒါမျိုးနားထောင်ဖို့ဆို ရောက် နှင့်နေပြီပေါ့"

Doryမှ....
"အမလေး ပြောပါအုံး လီလီမ အေးခဲနေတဲ့Kim နှလုံးသားကြီးကို ဘယ်လိုနွှေးပေးလိုက်လဲဆိုတာ"

လီလီမှ.....
"ဒီလိုပါပဲဟယ် မထင်မှတ်ဘဲဖြစ်သွားတာ"

Yoonမှ.....
"ဟဲ့ ဟဲ့ ဒီလိုပါပဲ ပြောလို့မရဘူး အကြောင်းစုံပြော ချန်ထားတာတွေ ဘာတွေ မလိုချင်ဘူးနော်"

နာအွန်းမှ.....
"အင်း ဟုက်တယ် လီလီမ နင်ရှိုမယ်မကြံနဲ့"

လီလီမှ.....
"အော် အေးပါဟယ် ပြောချင်လွန်းလို့ Kim ကမသွားပါနဲ့ဆိုတာတောင် လာခဲ့တာ
ဖြည်းဖြည်းပေါ့"

Yoonမှ....
"ဖြည်းဖြည်း မလုပ်နဲ့ သိချင်နေပြီ မြန်မြန်ပြော"

လီလီမှ....
"အော် အေးဒီလို မနေ့က သူမွေးနေ့ဟုက် ငါတို့
ပေါ်ပီလေးနဲ့ အပြင်လျှောက်လည်ကြတယ်။ အိမ်ပြန်လာတော့ သူ့အမျိုးသားဟောင်း​ဆိုတဲ့လူကြီးက ရောက်လာပါလေရော ပြီးတော့သူနဲ့စကားအခြေတင်ပြောကြတယ် ဘာတွေပြောကြလဲတော့ ငါလည်းသေချာမသိဘူး ငါသူ့ကို မေးတော့သူက ငါကိုအော်လွှတ်လိုက်တယ် ငါလည်းပေါက်ကွဲသွားတာပေါ့ နောက်တော့
ညလည်းရောက်ရော......."

Doryမှ......
"ညရောက်တော့ ဘာဖြစ်ကြလဲ"

လီလီမှ....
"အော် ပြောမယ်လေ မလောနဲ့ ညလည်းရောက်ရော ငါကစိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းမယ်လုပ်ပါလေရော Kimက ငိုတယ် မသွားပါနဲ့
ဆိုပြီး ပြီးတော့ငါသူ့ကို နမ်းဖို့လုပ်လိုက်တယ် အဲ့အချိန် သူကအရင် ငါ့ကိုစနမ်းလိုက်တာ"

(ထိုအချိန် သုံးယောက်သား အားးးးလို့အော်ပြီး ထရယ်ကြသည်)

လီလီမှ.....
ဘာဖြစ်ကြတာလဲ လန့်လိုက်တာ

Yoonမှ.....
"အော် ငါတို့က အသည်းယားလို့ပါဟယ် Singleဆိုတော့ ဟီးးး
ဆက်ပြော ဆက်ပြော"

Lily was a little girl Where stories live. Discover now