Part - 4 (Uni)

2.3K 170 20
                                    



(လီလီတို့ နေလည်စာစားပြီး ညရောက်သော် Kimမှ ရုပ်ရှင် ကြည့်ရန် အပြင်ထွက်လာသည်
ထိုစဉ် ရုပ်ရှင်ကြည့်ရန် ထိုင်စောင့်နေသော လီလီမှ)

" Kim ရုပ်ရှင်ကြည့်တော့မှာလား"

"အင်း ကြည့်တော့မယ်"

"ဟုက် ဒါဆို ဖွင့်လိုက်တော့မယ်နော်"
(လီလီ အခွေထည့်ရန် လက်တုန်နေသည်)

"အင်း ဖွင့်လေ ဒါနဲ့ လီလီကို ကြည့်ရတာ စိတ်လူပ်ရှားနေသလိုပဲနော်"

" ဟင် မလူပ်ရှားပါဘူး ဒီလိုပါပဲ ကိုယ်ကြိုက်တဲ့ ရုပ်ရှင် ကြည့်ရတော့မယ်ဆို အဲ့အတိုင်းပဲ ဂနာမငြိမ် ဖြစ်တက်တယ် "

" အော် လီလီက အဲ့လိုဖြစ်တက်တာလား Kim ကတော့ ရုပ်ရှင် မကြည့်တာကြာလို့လားမသိဘူး ဘာကားတွေ အသစ်ထွက်လဲတောင်မသိတော့ဘူး"

" အဲ့ဒါတော့ စိတ်မပူနဲ့ လီလီ က ရုပ်ရှင်
အသစ်ထွက်တိုင်း လာပြပေးမှာမို့လို့ လီလီနဲ့ နောက်အတူတူ ရုပ်ရှင်ကြည့်အုံးမှာလားဟင်"

"အွန်း ကြည့်မှာပေါ့ ကဲကဲ ဟိုမှာလာနေပြီ စကားမများနဲ့ ကြည့်တော့ "

(လီလီ နှင့် Kimတို့ ဇာတ်လမ်း စကြည့်နေပြီဖြစ်သည်။ ထိုဇာတ်လမ်းတွင် မင်းသမီး
နှစ်ယောက် သာအဓိကပါဝင်သည်။ Ammonite (2020)တွင် ထွက်ရှိထားသော ဇာတ်ကားဖြစ်သည်

(ဒီကားကိုတော့ ဒါရိုက်တာ Francis Lee ကရေးသားရိုက်ကူးထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်တဲ့။ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Mary Anning နဲ့ Charlotte Murchison အဖြစ်
Kate Winslet နဲ့ Saoirse Ronan တို့က ပါဝင်ရိုက်ကူးထားပါတယ်။ Girl Love ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်။)

(၁၈၄၀ခုနှစ်များရဲ့ ကာလ Lyme Regis လို့ခေါ်တွင်တဲ့ အင်္ဂလန်တောင်ပိုင်းကမြို့လေးတစ်မြို့မှာပေါ့။ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Maryဟာ ကမ်းခြေမှာ Fossilsတွေတူး၊ သူမဆိုင်မှာခရီးသွားတွေကိုရောင်းချရင်း နေမကောင်းဖြစ်နေတဲ့သူမအမေကိုလုပ်ကျွေးနေသတဲ့။
တစ်ရက်မှာ ခရီးသွား တစ်ဦးကသူ့ဆိုင်ကိုရောက်လာရင်း အားနည်းတဲ့သူ့ဇနီးဖြစ်သူ Charlotte ကိုဂရုစိုက်ပေးဖို့ Mary ကိုငှါးရမ်းခဲ့ခြင်းဖြစ်ပါတယ်။Charlotte နေမကောင်းဖြစ်ကာ အားနည်းပြီး Maryအိမ်ရှေ့တံခါးဝသို့ အကူအညီတောင်းရန် ရောက်လာခဲ့သည်။ထိုအချိန်မှ စ၍ သူမတို့ နှစ်ဦး တစ်အိမ်ထဲ အတူနေရန် ဖြစ်လာတော့သည်)
(ထို့ဇာတ်ဝင်ခန်းကို ရောက်သော အချိန်တွင် Kim မှ စကား ထပြောလိုက်သည် )

Lily was a little girl Where stories live. Discover now