Part - 8 (Uni)

2.5K 210 19
                                    



''မနက် မိုးလင်းသော် လီလီ အောက်ထပ် သို့ဆင်းလာသည်။ မနက်စာ ပြင်ဆင်နေသော
Kim ကိုလှမ်းကြည့်၍ ညကအကြောင်းကို ပြန်တွေးပြီး လီလီ ပြံုးနေသည်။ ပြံုးစိစိ လုပ်နေသော လီလီ၏ မျက်နှာကို Kim တွေ့ သွားသော်.....''

''လီလီ ဘာတွေတွေးပြီး ရယ်နေတာလဲ''

''ဟုတ်ပါဘူး Kim ရယ် မရယ်ပါဘူး''

''ရယ်နေတာကြီး တွေ့နေတဲ့ ဟာကို''

''ဟုက်ပါဘူး.....ဟုတ်ပါတယ် လီလီ ဒီအတိုင်း
အရူးထနေတာပါ''
( လီလီ မဟုတ်ပါဘူး ဟုတ်ပါတယ်် ဖြင့်တိုင်
ပက်နေလေသည်။ )

''ကဲ ကဲ ဟုတ်ပါပြီ     Kim ကစတာပါ။
ဒါနဲ့ ညတုန်းက အစောကြီး အိပ်သွားတာလား''

''အင်း ဟုတ်တယ်။ Kim လာသေးလို့လား''

''မလာပါဘူး Kimလည်း အရမ်း အိပ်ချင်နေတာနဲ့ တစ်ခါထဲ ဝင်အိပ်လိုက်တာ''
( လီလီ စိတ်ထဲတွင် သူမ လိမ်ပြော နေသည်ကို သိနေသည်။ )

''အွန်း     ဟုတ်လား ဒါနဲ့ kim ကိုမေးစရာလေး တစ်ခုရှိလို့ ''

''အင်း မေးလေ ရပါ တယ်''

''Kim မွေးနေ့က ဘယ်နှစ်ရက် နေ့လဲဟင် ၅၀နားနီးပြီ ဆိုတာတော့ သိပေမဲ့ ရက်သေချာ မသိလို့''

''28.10.1973 ခုနှစ်မွေးတာ မွေးနေ့က ဒီလထဲမှာပဲ''

''အင်း ဟုတ်တယ် ဒါဆို နောက်တစ်နေ့ပေါ့ ကြားထဲမှာ ၁ရက် ပဲလိုတော့တယ် တော်သေးတယ် ကြည့်ရမ်း မေးလိုက်လို့ မဟုက်ရင် မွေးနေ့ရောက်မှ လီလီ ယောင် လည်လည်
ဖြစ်နေမှာ kimက ဘာလို့ မပြောပြတာလဲ။ ''

''ဟုတ်ပါဘူး kimက လီလီ သိရင် အလုပ်ရူပ်နေမှာ စိုးလို့ပါ။''

''ရူပ်မှာပဲ တစ်နှစ်မှ တစ်ခါမွေးနေ့လေးကို ပြီးတော့ ဒီနှစ်က လီလီ လည်း ရှိတယ််လေ။
kim မနှစ်က ဘယ်သူတွေနဲ့ မွေးနေ့     လုပ်သေးလဲ''

''မနှစ်က ဟိုဘက်ခြံက မီတို့ လင်မယားနှစ် ယောက် မွေးနေ့ကိတ်နဲ့ Kimကို sprite လာ
လုပ် ကျတယ််။အဲ့တုန်းက မှတ်မှတ်ရရ ပေါ်ပီ
ကို သူတို့ စဝယ်လာတဲ့နေ့လေးလေ kim မှတ်မိနေသေးတယ်။ခုတော့ သူမရှိတော့ပါဘူးလေ"
(Kim စိတ်မကောင်းဖြစ်နေသည်ကို လီလီ
မြင်သော်.......)

Lily was a little girl Where stories live. Discover now