Ep-1

42K 2.4K 785
                                    

[Unicode]

လူသိပ်မရှိဘဲ တောနက်ကြီး၏
တစ်နေရာတွင်တည်ရှိသော
ဂိုထောင်တစ်ခု။

အပြင်ဘက်ကကြည့်ရင်
ထိုဂိုထောင်ထဲတွင်ဘာမှ
မရှိလောက်ဘူးထင်ပေမယ့်
သစ္စာဖောက်တွေ၏ အော်သံ၊
သေသွားသည့်အလောင်းများ
ပြည့်နှက်နေသည့် နေရာဖြစ်
သည် ။

ထိုနေရာသို့ ရောက်လာရသည့်
သူများမှာ အေးအေးချမ်းချမ်း
မသေရဘဲ နာနာကျင်ကျင်
သေရပြီး ဘဝကူးကောင်းနိုင်
မည်မဟုတ်ပါ ။

ဂိုထောင်ထဲရှိထိုင်ခုံတစ်ခုတွင်
ကြိုးတုပ်ခံထားရသော
လူတစ်ယောက်။

ထိုလူနာမည်မှာLi Khan Ho
ဖြစ်ပြီးသစ္စာဖောက်၍ထိုငရဲနှင့်
တူသောနေရာသို့ရောက်လာရ
ခြင်းဖြစ်သည်။

မီးအလင်းရောင်ဟာ
မှိန်ဖျဖျသာလင်းနေသော
ကြောင့်ဂိုထောင်ထဲသို့ရှင်းရှင်း
လင်းလင်းမမြင်ရ ၊ သွေးညှီနံ့
တွေ ရွံစရာကောင်းလှသည့်
အလောင်းကောင်အနံ့များ
ကြောင့်ထိုသူမှာအော်ဂလီဆန်
လာရသည်။

လွတ်မြောက်
ဖို့ ကြိုးစားသော်လည်း
သံကြိုးနှင့် ခြေထောက်ကိုချည်
ထားသည်မို့ မလွတ်နိုင်။

"အရမ်းတွေ သတ္တိကောင်းနေပါလား
Mr.Li"

ထိုစဉ်အမှောင်ထဲမှ
ကြားလိုက်ရသောအသံတစ်ခု..
အသံအနေအထားအရအေး
စက်ပြီးဘယ်လောက်ဒေါ
ထွက်နေသည်ကို သိနိုင်သည်။

"ငါတို့ ပေးတာယူ ၊ငါတို့ ကျွေးတာ
စားရပြီး ကျွေးတဲ့လက်ကို ပြန်ကိုက်တာ
မဟုတ်သေးဘူး "

နောက်ထပ်‌ထွက်လာသော
အသံမှာ ပထမအသံနှင့်တူ
သော်လည်းအသံအနေအထား
အရ ထိုအသံမှာပိုဩသည်။

"ကျတော်တောင်းပန်ပါတယ် ..
ကျတော်မတက်သာလို့လုပ်
လိုက်ရတာပါ "

တောင်းတောင်းပန်ပန်ဆိုသော်
လည်း အမှောင်ထဲက၂ယောက်မှာ
ရယ်စရာကောင်းသည့်ပြက်လုံးတစ်ခု
ကိုကြားလိုက်ရသလိုရယ်မောနေ
ကြသည် ။

"ဟား ခင်ဗျားလိုပဲ ဒီနေရာကို
ရောက်လာတဲ့သူတွေလည်း
ခင်ဗျားအတိုင်း တစ်ထေရာတည်း
ပြောကြတာပဲ ၊ ဘာလဲ
ခင်ဗျားတို့မှာ ဒါပဲပြောစရာရှ်ိတာလား..??"

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now