Ep-2

29.4K 2.1K 692
                                    

[Unicode]

ဆိုဖာမှာထိုင်နေသော Jk ..
စုံစမ်းခိုင်းထားသည့် ကိတ်စကိုသိရရန်အလွန်အမင်းစိတ်လှုပ်
ရှားနေသည် ။ JG ကတော့ဘေးမှာ မတ်တပ်ရပ်နေပြီး အိမ်
ထဲမှ အချိုးမပြေသည့် အလုပ်သမားများထဲက တစ်ယောက်
အား သတ်ရန်စဉ်းစားနေသည် ။

ထိုစဉ်ဝင်လာသော လူတစ်‌ယောက် မှာဆံပင်ကို
ဂျယ်ဖြင့် လှန်တင်ထားပြီး အသားအရည်က ဖြူစွတ်ကာ အပေါ်အမဲ အောက်အမဲ ဖြင့် all black ဝတ်ထားသည့်သူ ။

"စောင့်ရတာ စိတ်မရှည်လိုက်တာကွာ.. ဘာတွေကြာနေရတာလဲမင်ယွန်းဂီ "

အေးစက်စက် အသံဖြင့်မေးလာသော Jk ကြောင့် ယွန်းဂီလည်း
သက်ပျင်းချလိုက်ပြီး..

"မင်းတို့ စုံစမ်းခိုင်းတဲ့ ကောင်လေးကို နာမည်တစ်ခုတည်းသိပြီး ငါ့မှာ စုံစမ်းရတာ .. လူဝန်မှုဌာနကိုလည်း ငါhackရသေးတယ် ပြီးတော့ မင်းတို့က အိမ်လိပ်စာသိချင်တာဆိုတော့ အိမ်ပါရှာရသေးတယ်လေ ..မင်းတို့လို အရိပ်ထဲ‌ထိုင်စောင့်နေတယ့်သူတွေက ပြောအားရှိတာပေါ့ "

ဒီကမ္ဘာပေါ်မှာ Jk နဲ့ JG ကိုပြန်ပြောရဲတာ မင်ယွန်းဂီတစ်ယောက်သာရှိပါလိမ့်မည် ။ Jk လည်း မထုံတတ်သေးမျက်နှာဖြင့် ယွန်းဂီကိုစိုက်ကြည့်နေသည် ။

JG လည်း ဆိုဖာပေါ်ဝင်ထိုင်လိုက်ရင်း..

"ဒါဖြင့် sweetieလေးအကြောင်းသိလာရပြီလား..?"

"အင်း သိလာရပြီ ဒါနဲ့ အက်တစ်‌ယောက်ကို ဘယ်သူချိန်နေတာလဲ ..? "

"ငါတို့ ၂ယောက်စလုံး "

ယွန်းဂီ အံ့သြမိပါသည် .. အရင်က သက်မဲ့ပစ္စည်းတစ်ခုကို
အတူတူ ကြိုက်မိရင်တောင် အက်ပစ္စည်းဘယ်လောက်တန်ဖိုးကြီးကြီး ဖျက်စီးတတ်ကြသည့်သူတွေ ပင် ။တွဲသည့်မိန်းကလေးကိုတော့ အကြိုက်တူတာမတွေ့ဖူးခဲ့ ။ အခု ဒီ‌ကောင်လေးကိုကျမှ အကြိုက်ချင်းတူနေသည်တဲ့လား..?

"အက်ကောင်လေး နာမည်ကတော့ မင်းတို့သိတယ့်အတိုင်း ကင်မ်ထယ်ယောင်း .. အဖေရယ် မိထွေးဖြစ်သူရယ်နဲ့အတူနေတယ်..အချိန်ပိုင်းအလုပ်အကုန်လုပ်ပီး သူ့ကျောင်းစရိတ်သူ့ဘာသာသူရှာရတယ် ..အဲ့နေ့က bar မှာလည်းသူတစ်ခါမှမလုပ်ဖူးပေမယ့် အဆိုကိုဝါသနာပါလို့ လာလျှောက်တာ ၊ အခု ကျောင်းချိန်က အပြန်အတွက် အလုပ်တစ်ခုထပ်ရှာနေတယ်လို့ပါသိခဲ့ရတယ် "

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now