Ep-19

22.7K 1.5K 660
                                    

[Unicode]

" ဆင်းကြမယ်လေ .. ထယ်ယောင်း "

တစ်လမ်းလုံးစကားတစ်ခွန်းမှ မပြောဘဲတိတ်ဆိတ်လာ
ပြီး အခုမှ စကားပြောဖော်ရသော အကိုဂျီမင်း ။
ထယ်ယောင်းလည်း တံခါးဖွင့်ပြီးအောက်ဆင်းလာတော့
မြင်လိုက်ရသည့် ကျောင်းကြီးက မှင်သက်ဖွယ်ရာတိ။
အရင်‌‌ကျောင်းကလည်းကြီးပေမယ့် ဒီကျောင်းကိုတော့
မမှီနိုင်ပါ ။

" ကျောင်းကြီးကကြီးလိုက်တာနော် "

ထယ်ယောင်းကပြောတော့ အကိုဂျီမင်းက တစ်ချက်ရယ်
ပြီး ...

" ဒါ သခင်လေးတို့ကျောင်းလေ .. သူတို့ငယ်ငယ်က တက်
ခဲ့တဲ့ကျောင်းပေါ့ "

ဪ .. သူတို့ငယ်ငယ်ကတက်ခဲ့တယ့်ကျောင်းတဲ့လား။
ဒါဆို သူတို့အငွေ့အသက်တွေရှိမှာပေါ့ ။ ထယ်ယောင်း
လည်း ကျောင်းကိုလိုက်ကြည့်နေတုန်း ..

" သွားကြမယ်‌လေ .. ထယ်ယောင်း "

ဟု အကိုဂျီမင်းက ပြောလာသောကြောင့် ငေးနေတာကို
လက်စသတ်ကာ အကိုဂျီမင်းနောက်လိုက်လာခဲ့တော့
သည် ။

" ဟုတ် .. "

ထယ်ယောင်းတို့ သင်ရမည့်အဆောင်ကိုရောက်တော့
ထယ်ယောင်းကို ကြည့်နေကြသည့် လူတစ်ချို့ကြောင့်
ထယ်ယောင်းမှာ လန့်လာရသည် ။ ကျောင်းသားတွေ
ဆိုပေမယ့် သူတို့အကြည့်ကသိပ်ကိုရဲတင်းလွန်းသည်။

" မင်းတို့ အကြည့်တွေကို ပြင်မလား ...?
ဒါမှမဟုတ် မျက်မမြင်ဘဝနဲ့ တစ်သက်လုံးနေသွားချင်
လား ...?! "

ထယ်ယောင်းလန့်နေတုန်း ကြားလိုက်ရသော အကိုဂျီမင်း
စကားကြောင့် စထွေးတောင်မြိုချမိသည် ။ စစချင်းတုန်း
က သေးသေးလေးနဲ့ ချစ်စရာလေးမို့ခင်ချင်ခဲ့တာ အခု
ကျ ဟိုညီအကို၂ယောက်လို ကြောက်စရာကြီး ။

အကိုဂျီမင်းပြော‌လိုက်တော့ တောက်ခ်ခေါက်ကာထွက်
သွားကြသည့် ကောင်လေးများ ..။

" သူတို့က ဝန်ကြီးချုပ်သားနဲ့တူတွေလေ ..
အဖေကလည်း အချိုးမပြေ၊ သားတွေကလည်းအချိူး
မပြေဘူး .. နောက် သူတို့အနိုင်ကျင့်ခဲ့ရင်လည်းအကို့ကို
ပြော "

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now