Ep-8

27.5K 2K 209
                                    

[Unicode]

ဒီနေ့ မနက်ကတည်းက JK ရော JG ရော အလုပ်ရှုပ်
နေပုံရသည် ။ မနက်စာလာပို့ပြီး နမ်းသွားကာ ပြန်ထွက်
သွားကြသည်မှာ ခုထိပင် ။ အောက်ပိုင်းကလည်းသိပ်
မနာတော့သောကြောင့် ထွက်ပြေးဖို့ကိုသာ ဆုံးဖြတ်လိုက်
သည် ။ ဒီလိုလူစိတ်မရှိသည့် သူတွေဆီမှာ လိင်ကျွန်
တော့ အဖြစ်မခံနိုင်ပါ ။ ပြန်ရမည့်အိမ်ဆိုတာ မရှိလည်း
ကမ္ဘာကြီး ရှိနေသ၍ ကျောချစရာနေရာတစ်ခုတော့ရှိ
နိုင်သည် ။ လာပို့ထားသည့် မနက်စာကို ကုန်အောင်မစား
တော့ဘဲ တံခါးနားကို သွားမိသည် ။ တံခါးကို တွန်းဖွင့်
တော့ သော့ခတ်မထားပေ ။ ထို့ကြောင့် တံခါးလေးကို
တွန်းဖွင့်ရင်း အရိပ်အခြည်ကြည့်ကာ ထွက်လာလိုက်
သည် ။

လှေကားနားကို ရောက်တော့ လူရှိလားဆိုပြီး ကြည့်မိ
တော့ ဘယ်သူမှမရှိ ။ ထို့‌ကြောင့် ထိုလှေကားအတိုင်း
ဆင်းလာရင်း အောက်သို့ရောက်လာခဲ့သည် ။
အောက်ရောက်တော့လည်း ဘယ်သူမှမတွေ့သောကြောင့်
တံခါးမကြီးဆီသွားမည်အလုပ် အော်သံလိုလိုကြားလိုက်
ရသည်မို့ ထိုအော်သံနားသို့ မသိစိတ်က သွားချင်မိသည် ။

ပြေးဖို့ကိုခနမေ့ထားပြီး အော်သံရှိရာသို့ သွားမိတော့
လှေကားခြေရင်းမှ အခန်းတစ်ခုဆီက ကြားလိုက်ရသည် ။
မြေအောက်ခန်းလို့ ယူဆရသည့် အခန်းမှ အော်သံကြား
သောကြောင့် ထယ်ယောင်းလည်း ထိုအနားသို့သွားပြီး
စေ့ရုံလေးစေ့ထားသော တံခါးမှ ကြည့်ကြည့်တော့
လူတစ်ယောက်ကို ရက်ရက်စက်စက်သတ်နေသည့်
ညီအကို၂ယောက်ကိုတွေ့လိုက်ရသည် ။ တစ်ဖက်လူက
လူရုပ်တောင်မပေါ်တော့သလို ခြေထောက်၂ဖက်လည်း
မရှိတော့ချေ ။

ထိုမြင်ကွင်းကို မြင်ပြီး ကြက်သေသေနေမိတာ
ကြောက်တာတောင် အော်ဖို့ အားမရှိတော့ပေ ။ သွေးတွေ
အများကြီးနဲ့ ခြေတစ်ပိုင်းပြတ်နေသည့် ပုံက မျက်လုံး
ထဲကမထွက် ။ အသိစိတ်ဝင်မှ ပြေးရမည်ဆိုပြီး ဇောနှင့်
ထွက်ပြေးမိတော့ လှေကားနားမှာထောင်ထားသည့်ပန်းအိုး
ကို ဝင်တိုက်မိသည် ။

" အပြင်ကဘယ်သူလဲ ..??!!!! "

အထဲက အသံနက်ကြီးကြောင့် ထယ်ယောင်းလည်း အားကုန်
သုံးကာ တံခါးမကြီးဆီကို ပြေးပြီး တံခါးဖွင့်ကာ ပြေးပါ
တော့သည် ။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now