Ep-13

24.8K 1.6K 487
                                    

[Unicode]

" ခုနက တစ်ယောက်ကဘယ်သူလဲ ဒယ်ဒယ် K "

Jk ချီထားသည့် ကောင်လေးက mall ထဲဝင်နေတုန်း
မေးလာတော့ JK လည်း တစ်ချက်ငုံ့ကြည့်လိုက်ရင်း..

" လူမှားတာနေမယ် .. sweetie အက်လိုဘဲလူမှားတတ်ကြ
တယ်လေ ၊ ဘာမှစိတ်ထဲမထားနဲ့နော် "

" ဟုတ်.. ဒယ်ဒယ် "

Jk ပြောလိုက်တော့ ရင်ခွင်ထဲက sweetie လေးက ထပ်
မမေးတော့ဘဲ မျက်လုံးတောက်တောက်လေးတွေနဲ့ လိုက်
ကြည့်နေပါတော့သည် ။

ဗလတောင့်တောင့် ရူပဖြောင့်ဖြောင့် နဲ့တစ်ယောက်က
ကောင်လေးတစ်ယောက်ကို ချီထားပြီး နောက်ထပ်တစ်
ယောက်က ဘေးမှာ ယှဉ်လျှောက်နေသည်ကို ငမ်းနေကြ
သော ကောင်မလေးများ ။ ရင်ခွင်ထဲက အချီခံထားရ
သည့် ကောင်လေးက ချစ်စရာလေးမို့ ‌ကောင်လေးအချို့
ကလည်း ကြည့်နေကြသည် ။ ထိုသို့ကြည့်သည်ကို ဘေး
နားက တစ်ယောက်က dead glare တွေပေးနေသော
ကြောင့် ကြာကြာတောင်မကြည့်လိုက်ရပေ ။

" ကဲ .. sweetie လေး ဘာလိုချင်လဲ အကုန်ဝယ်ပေး
မယ် ပြောကြည့် "

Jk ကမေးလိုက်တော့ မျက်လုံးလေးထောင့်ကပ်ပြီး စဉ်း
စားဟန်ပြုသည် ။ အသည်းယားလွန်းသောကြောင့်
မျက်လုံးလေးကို နမ်းလိုက်တော့ နှုတ်ခမ်းလေးကစူလာ
သည် ။

" ဒယ်ဒယ်ကလည်း .. ထယ်ထယ် စဉ်းစားနေတာကို
အာ .. သိပြီ ထယ်ထယ့်မှာ ဖိနပ်ရှိဝူး ဖိနပ်ဝယ်ပေးပါ "

ဟုတ်ပါရဲ့ .. sweetie လေးမှာ ဖိနပ်မရှိလို့ ‌ပွေ့ချီလာခဲ့ရ
တာ ။

" ကောင်းပါပြီဗျာ .. ဖိနပ်ဆိုင်ကို ဂိုးကြမယ် "

အမျိုးအစားစုံလင်ပြီး အရောင်စုံလင်လှသည့် ဖိနပ်ဆိုင်လေး
တစ်ခု ။ sweetie ကို ထိုင်ခုံလေးမှာ အသာထိုင်စေရင်း
Jeon ညီအကို ၂ယောက်က sweetie လေးနဲ့ လိုက်မည့်
ဖိနပ်အား သွားရွေးယူလေသည် ။ ဆိုင်ကလည်း လုံခြုံ
သည်မို့ sweetie လေးကို စိတ်ချကာ ထားခဲ့ခြင်းဖြစ်
သည် ။

" JG .. မင်း မျက်နှာထားလည်း နည်းနည်းလျော့ပါဦး
ဒိုယောင်းဆိုတယ့် ကောင်လေးကို ကြည့်ရတာ sweetie
အပေါ် ဒုက္ခပေးချင်တယ့်ပုံမပေါ်ပါဘူး ၊ ပြီးတော့ ဟိုတစ်
ခါ sweetie ကို ကယ်ဖူးသေးတယ်လေ မင်းစိတ်လျော့ "

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now