Ep-27

20.5K 1.2K 397
                                    

[Unicode]

အလင်းရောင်မရှိသည့်အခန်း..။

နီယွန်မီးသီးအလင်းရောင်
ကလည်းအခန်းကိုထင်သလောက်
အလင်းမပေးနိုင်ချေ။

လေးဘက်လေးတန်ပိတ်ထား
သည်မို့ ထိုအခန်းထဲရောက်
လာပါကအသက်ရှင်လျက်
ပြန်ထွက်နိုင်ချေမရှိပါ။

ထိုအခန်း၏အလယ်တွင်
ထိုင်ခုံနောက်၌ကြိုးတုပ်ခံ
ထားရသည့်အမျိုးသမီးတစ်ဦး။

သူမ ကားမကြာသေးခင်ကမှ
ဂိုဏ်းအတွက်ပစ္စည်းလာဝယ်
ရင်းဂျွန်တွေအပိုင်ကိုစကား
ဖြင့်စော်ကားသောကြောင့်
ထိုနေရာသို့ရောက်ရှိနေသူ
ခရစ္စ်တီးနားလီပင်ဖြစ်သည်။

"ဘယ်သူရှိလည်း..?ကျမကိုလွှတ်ပေး
ကြပါ..!"

လက်နောက်ပြန်ထားကာချည်ခံ
ထားရသည်မို့ရုန်းသော်လည်း
အချည်းအနှီးသာ။

အကူအညီတောင်းသော်လည်း
တိတ်ဆိတ်နေသည့်အခန်းက
သူမအားလှောင်နေသလို။

တစ်ချက်ချက်လေတိုးသံက
ကြက်သီးထစေသည်။

ထိုစဉ်မျှော်လင့်ချက်ရောင်ခြည်အနေနဲ့
တံခါးပွင့်လာခဲ့သည်မို့ ..

"ကျမကိုလွှတ်ပေးပါ.. ကျမကိုကယ်ပါ"

ဟား ဟား ဟား

သူမအကူအညီတောင်းသော်လည်း
လှောင်ကာဟားတိုက်ခြင်းကိုသာရရှိ
လိုက်သည်။

အခန်းမီးကလည်းမှိန်မှိန်လေးမို့ထိုလူကို
မမြင်ရပေ။

သူမနောက်ဆုံးမှတ်မိတာသူမခေါင်းကို
တစ်ခုခုနဲ့ရိုက်ခံရပြီးမေ့သွားတယ်ဆို
တာဘဲ။

အက်လိုလုပ်တယ့်သူကလည်းဟိုညီအကို
နှစ်ယောက်ဆိုတာသိသည်မို့သူမသေရ
မည်ကိုကြောက်လန့်နေမိသည်။

သူမအနေနဲ့ ခနတာအသုံးတော်ခံလိုက်
ရတာကိုမကျေနပ်လို့ပြန်ပြီးလက်စားချေ
ရန်ပြန်လာပေမယ့်ချစ်တယ့်စိတ်ကြောင့်
ဂျွန့်ကိုပြန်လိုချင်ခဲ့သည်။

လက်ထပ်လိုက်သည့်သတင်းကိုကြား
ပေမယ့်သူမသာမြူစွယ်ရင်ဂျွန်က
ပြန်ပါလာမည်ထင်ထားခဲ့တာ။

ဂျွန်လည်းယောကျာ်းသားပေမို့
မိန်းမတစ်ယောက်အလှအပမှာ
မရုန်းနိုင်လောက်ဘူးထင်ထားခဲ့တာ။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now