Ep-15

23.8K 1.5K 540
                                    

[Unicode]

အနီနှင့်အမဲ ရောသုံးထားသည့် အခန်းတစ်ခု..။
ထိုအခန်းထဲတွင် လူ့အရပ်နီးပါးရှိသော ကြိတ်စက်ကြီးတစ်ခု
အပြင် အသားစားငါးတစ်ကန်လည်းရှိ၏ ။ မီးလုံးအရောင်
ကလည်း နီညိုရောင်သုံးထားသည်မို့ ကြက်သီးထစရာပင် ။
ထိုအခန်းထဲသို့ လူတစ်ယောက်အား ဂုတ်က ဆွဲကာ ဝင်လာ
သော ပက်ဂျီမင်း ။ ဂျီမင်းနောက်တွင်တော့ နိုရာက လိုက်လာ
လေသည် ။

ဂုတ်က ဆွဲလာသည့်လူသည် ‌မေ့မြောနေ၏ ။ ထို့ကြောင့်လည်း
တစ်လမ်းလုံး အပွတ်တိုက်ဆွဲခံခဲ့ရသောကြောင့် အကျီနှင့်
ဘောင်းဘီတို့တွင်‌ပွန်းနေပြီး တစ်ချို့နေရာတွင် သွေးများပါ
စို့နေ၏ ။

ဂုတ်ကတစ်ရွတ်တိုက်ဆွဲလာပြီး အခန်း၏ ထောင့်‌တွင်ပစ်
ချလိုက်သောကြောင့် မေ့နေသောလူသည် နိုးလာသည် ။

" မင်း..!! ငါ့ကိုဘယ်သူထင်နေလဲဟမ် ငါဆွန်းရီဟမ်
လွတ်ရင် မင်းတို့ကို အရှင်မထားဘူး "

ထိုစကားကြောင့် ဂျီမင်းမှာ နားထဲလက်သန်းလေးနဲ့ ကလော်
သလော်လုပ်လိုက်ရင်း ..

" စောက်ကြီးစောက်ကျယ်တွေသိပ်မပြောနေနဲ့ .. အခုဘယ်သူ
က အဖမ်းခံထားရတာလဲ ‌ကြည့်ဦး ၊ ဒီအခန်းထဲက မင်း
အသက်ရှင်လျက်ပြန်မထွက်နိုင်ပါဘူး အဟက် "

" မင်းက ဘယ်သူလဲ ..ငါနဲ့ မင်းတစ်ခါမှရန်ငြိုးမရှိခဲ့ဖူးပါ
ဘူး "

" ငါလား ပက်ဂျီမင်းလေ .. devil ဂိုဏ်းက ညာလက်ရုံး
အက်လောက်ဆို မင်း‌ဒီကို ဘာကြောင့် ရောက်နေလဲဆိုတာ
သိပြီထင်တာဘဲ "

ပြောပြီးတာနှင့် ဂျီမင်းနှင့် နိုရာမှာ ထွက်သွားကြသည်မို့
ထိုအခန်းထဲမှာ ဆွန်းရီဟမ်တစ်ယောက်သာ ကျန်ခဲ့လေ
သည် ။ Jeon အပိုင်ကိုထိမိလို့ သူဒီလို အဖမ်းခံရတာ
လား .. ကင်မ်ထယ်ယောင်းက သူ့အပိုင်လေ သူ့အပိုင်ကို
သူပြန်ယူတာ ဘာမှားလို့လဲ ။

__________

" ဘာတဲ့လဲ ..? "

" Hell ကို ရောက်နေပြီတဲ့ .. ဂျီမင်းက သိပ်တော်လွန်းတယ်
အက်တာကြောင့်လည်း ယွန်းဂီက တမ်းတမ်းစွဲနေတာနေ
မယ် "

အရာရာမှာ စေ့စပ်သေချာသည့် Jeon ၂ယောက်ကသူတို့
အပိုင်‌လေးကိုလည်း ဒီအတိုင်းလွှတ်ထားမည်မဟုတ်ပါ ။
ဖိနပ်ဆိုင်မှာကတည်းက သူတို့ sweetie နားအတင့်ရဲပြီး
ရောက်လာသည့် ဆွန်းရီဟမ်ကိုလည်းသူတို့သိသည် ။
သူတို့ sweetieက အခု little ဖြစ်နေလို့သာ သူတို့
ဒေါသကို လျှော့ထားကာ အခုမှ ပေါက်ကွဲမည်ဖြစ်သည် ။
ရာရာစစ Jeon တွေအပိုင်ကိုလာထိမှတော့ ငရဲထက်ဆိုး
သည့်နေရာကို သေချာပြပေးရမှာပေါ့ ။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now