Ep-11

27.8K 1.7K 279
                                    

[Unicode]

" ဒါလေးကို မြည်းပေးပါဦး .. အရမ်းစပ်နေရင် sweetie
မစားနိုင်မှာစိုးတယ် "

မီးဖိုချောင်ထဲ အေပရွန်ဝတ်ပြီး ဟင်းချက်နေကြသော
Devil ဂိုဏ်း၏ အရှင်သခင်၂ပါး ။ တခြားနေရာမှာသာ
ရက်စက်ကာခက်ထန်ပေမယ့် သူတို့အပိုင်လေးအတွက်ဆို
ပြောင်းလဲကာ နူးညံ့ပေးနိုင်သည် ။

" အင်း အနေတော်ဘဲ .. အရမ်းလည်းမစပ်ဘူး "

အချက်အပြုတ်ပိုင်းမှာဆို JG ကရသည်မို့ JK က ဘေးကနေ
သာ ကူလုပ်ပေးရင်း မြည်းစမ်းပေးသည် ။

" ဒါဆို ဒါလေးကို စားပွဲမှာသွားတင်ပေး .. ပြီးရင် sweetie
ကိုသွားနှိုးခဲ့ ညနေအထိ အိပ်နေတာခေါင်းကိုက်နေမယ် "

" အိုကေ .. "

Jk လည်း ဟင်းပန်ကန်ကို စားပွဲပေါ်တင်လိုက်ရင်း အပေါ်ထပ်
သို့တက်လာလိုက်သည် ။ အခန်းတံခါးလေးဖွင့်ကာ ဝင်လာ
တော့ စောင်ပုံကြားထဲ အိပ်ပျော်နေသည့် ဝက်ဝံပေါက်လေး ။
နေ့လယ်က သူလေးတော်တော်ပင်ပန်းသွားရှာပေမယ့်
ဘာမှ မစားရသေးတာမို့ နှိုးရန်ဆုံးဖြတ်လိုက်သည် ။

" Sweetie လေးထတော့လေ.. ညနေရောက်နေပြီ
ကလေးရဲ့ ညနေစာစားရအောင်နော် ဒယ်ဒယ့်ကလေးလေး "

ပါးလေးကို နမ်းကာ နှိုးလိုက်တော့ တစ်ခ်ခ် ရယ်သံလေး
နှင့်အတူ Jeon အပိုင်လေးဟာ အိပ်ယာနိုးခဲ့ပါပြီ ။

" ဒယ်ဒယ်ကလည်း .. သူများအိပ်နေတာကို ..! "

" ညမှဆက်အိပ်လေနော် .. အခုတော့ညနေစာစားရအောင်
ကလေးလေး လန်းသွားအောင် ဒယ်ဒယ်မျက်နှာသစ်ပေး
မယ်နော် "

" ဟုတ်..အာ့ဆို ထယ်ထယ့်ကို ချီပါနော် "

" ချီရမှာပေါ့ .. ဒယ်ဒယ့်ကလေးလေးကို "

ကုတင်ပေါ်မှာ ငုတ်တုပ်လေးထိုင်ရင်း လက်လေးဆန့်တန်း
ပေးနေသော ကလေးလေးကို လက်မောင်းအောက်နေ
လျှိုကာ ချီလိုက်တော့ ခြေထောက်လေးက ခါးကိုလာ
တွယ်ချိတ်ထားသည် ။ အချွဲတုံးလေး၏ ပါးလေးအား
နမ်းလိုက်ရင်း ရေချိုးခန်းထဲသို့ ခေါ်လာလိုက်သည် ။

မျက်နှာလေးကို ရေလေးနဲ့ သစ်ပေးတော့ ငြိမ်ခံနေတဲ့
ဒယ်ဒီတို့ အပိုင်လေး ။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now