Ep-25

21K 1.3K 521
                                    

[Unicode]

ထွက်ခွာသွားသည့်သူများရှိသလို ၊ ပြန်လာကြသည့်
သူများရှိသည့် နေရာ ။

ခွဲခွာခံနီးလူတွေကလည်းမျက်ရည်တစ်စမ်းစမ်းဖြင့်
အလွမ်း‌သယ်နေသလို တစ်ချို့ကလည်းပျော်ရွှင်
စွာ ထွက်ခွာသွားကြသည် ။

ထိုနေရာကား အပြည်ပြည်ဆိုင်ရာလေဆိပ် ။

နက်မှောင်လှသည့်ဆံပင်ကို အမြင့်စီးထားပြီး
ဂါဝန်အနီရောင်အကျပ်ဝတ်ထားသည့် သူမ ။

ဒေါက်ဖိနပ်အနီရောင်လေးကတစ်ခွက်ခွက်မြည်သံနှင့်
အတူလျှောက်လှမ်းလာပြီး တပ်ထားသည့်
မျက်မှန်အမဲလေးကိုချွတ်လိုက်ကာပြောလိုက်သော
စကားလေးတစ်ခွန်းနှင့်အတူ ပြုံးလိုက်သောကြောင့်
ပေါ်လာသည့် သွားတက်လေး တစ်ခု ။

သူမ ပြောလာသောစကားတစ်ခွန်းဟူသည်ကား ..

" တို့ပြန်လာပြီ .. ဂျွန် "

_______________

" ဒယ်ဒယ်တို့ကလည်းဗျာ .. sweetie
ဟန်းနီးမွန်းက‌ပြန်လာကတည်းကပျင်းနေတယ့်ဟာကို
ကုမ္ပဏီဖြစ်ဖြစ် ဒယ်ဒယ်တို့ ခေါ်ချင်တဲ့နေရာခေါ်လေ
Sweetieလေးလိုက်မယ် နော် .. နော် "

ဟန်းနီးမွန်းက ပြန်လာကတည်းက
အလုပ်လုပ်ချင်ပါတယ်တကဲကဲ လုပ်နေသည့်
အဆိုးဆာလေးကြောင့် Jeon
ညီအကိုလည်း အကြံအိုက်နေမိသည် ။

ကုမ္ပဏီမှာသူတို့လုပ်ခိုင်းလို့ရပေမယ့်
ဟန်ပြသက်သက်မို့ကုမ္ပဏီကိုအက်လောက်
အရေးမထား ၊ တကယ်တမ်းသူတို့ ကျင်လည်တာက
မြေအောက်အလုပ် ။ သူတို့အပိုင်လေးနဲ့ဘယ်လိုမှ
မအပ်စပ်‌သည့်နေရာဖြစ်၍ အက်နေရာ
မျိုးတွေကျ မခေါ်သွားချင် ။

" ကိုယ်တို့က ဘာတွေလဲဆိုတာရောသိလား ..?! "

JG က jk ပေါင်ပေါ်မှာထိုင်ကာအီနေသည့်
Sweetieလေးကိုမေးလိုက်တော့ ..

" ဒယ်ဒယ်တို့က ထယ်ထယ်လေးယောက်ျားတွေလေ ..
သေချာပြန်စဉ်းစားရင် ထယ်ထယ်‌လေးက လင်၂
ယောက်တောင်နော် ဟိဟိ .. သူများတွေဆို တစ်ယောက်
တောင်မရှိကြဘူး ခိခိ "

မေးတာကတခြားဖြေလာတာက
သူ့ကိုယ်သူဂုဏ်ဆာပြီးဖြေလာသော
ကြောင့် Jeon ညီအကိုလည်းအသည်း
ယားပြီးမျက်နှာတစ်ခုလုံးတစ်ရှုံ့ရှုံ့လိုက်
နမ်းမိတော့သည် ။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now