Extra-1

17.7K 1.1K 373
                                    

ကျောင်းယူနီဖောင်းဆိုပြီးတသမတ်
တည်းမရှိဘဲဝတ်ချင်ရာဝတ်လို့ရသည့်
Kingကိုယ်ပိုင်အထက်တန်းကျောင်း။

ထိုကျောင်းဝင်းထဲသို့JTနဲ့JYမှာ
ဘောင်းဘီအိတ်ထဲလက်ထည့်
ကာလမ်းလျှောက်လာကြသည်။

နှစ်ယောက်စလုံးဟာအပြုံးအရယ်
မရှိဘဲလွယ်အိတ်ကိုသာတစ်ခြမ်း
စောင်းလွယ်ပြီးစာသင်ခန်းရှိရာသို့
သာဦးတည်သွားနေလျက်။

ကောင်လေးတွေကတော့အမြွှာနှစ်
ယောက်လက်ဆကိုသိသည်ဖြစ်၍
ကြောက်ကြသော်လည်းကောင်မ‌လေး
တွေကတော့ကြွေကာသဘောကျကြ
သည်။

အမြွှာနှစ်ယောက်မှာမည်သူ့ကိုမှ
အဖတ်လုပ်ခြင်းမရှိဘဲချေကြ
ပေမယ့်ကောင်မလေးတွေက
တော့ပိုးပန်းပြီးလက်ဆောင်တွေ
ပေးကြဆဲသာ။

ထိုလက်ဆောင်တွေကအမှိုက်ပုံးထဲ
ရောက်တတ်သလို၊တစ်ပြိုင်တည်း
လည်းဖျက်စီးခံရတတ်သည်။

"ညနေကျဂိမ်းကိုအိမ်မှာပဲဆော့မှာ
မှတ်လား?? ပါးပါးအလှလေးက
အိမ်စောစောပြန်ခဲ့တဲ့"

ဂျောင်ထယ်ကဂျောင်ယောင်းကို
ပြောလိုက်သည်။

သိတတ်စအရွယ်ကတည်းကပါးပါး
အလှလေးဟုသာနှစ်ယောက်လုံး
ခေါ်ခဲ့ကြသည်။

တကယ်လည်းသူတို့ပါးပါးကအလှ
လေးမို့နှစ်ယောက်လုံးကအမြွှာဒယ်ဒီ
တွေနည်းတူသူတို့ပါးပါးအလှလေးအား
အူတိုကြသည်။

အမြွှာဒယ်ဒီနည်းတူလည်းသူတို့
ပါးပါးအလှလေးအားချစ်ကြ
လေသည်။

"အင်းငါလည်းစောစောပြန်ကြမယ်
ပြောမလို့ အမှန်အတိုင်းပြောရရင်
ကျောင်းတောင်တက်ချင်တာမဟုတ်ဖူး"

ဂျောင်ထယ်နဲ့ဂျောင်ယောင်းကဖခင်
တွေနဲ့တူသောကြောင့်နှစ်ယောက်လုံး
ကဉာဏ်ကောင်းကြသည်။

စာကိုလည်းခနလေးကြည့်ရုံနဲ့သိသည်
မို့စာမေးပွဲမှာဆိုလည်းပူးတွဲအဆင့်တစ်
ရကြသည်။

သို့သော်ပျင်းရိ‌ဖွယ်ကျောင်းကိုနေ့တိုင်း
တက်ရသည်ကိုတော့အမြွှာနှစ်ယောက်
လုံးမတက်ချင်ပါ။

ဒယ်ဒီ‌တို့ကအမြွှာတွေသဘော
ဟုသာပြောပေမယ့်ပါးပါးအလှ
လေးကအတင်းတက်ခိုင်းသော
ကြောင့်တက်ရခြင်းဖြစ်လေသည်။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now