Ep-20

25.8K 1.5K 581
                                    

[Unicode]

ဆေးရုံရောက်သည်အထိ မေ့မြောနေသည့်
Sweetie လေးကြောင့် Jeon ညီအကိုမှာ စိုးရိမ်စိတ်
ပြင်းထန်နေရသည် ။ အရေးပေါ်ခန်းအရှေ့မှာထိုင်မ‌
စောင့်နိုင်ဘဲ မတ်တပ်ရပ်ကာ ဂဏှာမငြိမ်ဖြစ်နေရသည်
မှာ devil အရှင်၂ပါးဆိုယုံနိုင်ဖွယ်ရာမရှိချေ ။ JG အကျီ
အဖြူလက်ရှည်တွင် သွေးတွေပေနေပြီး Jk အကျီရင်
ဘတ်တွင်လည်း သွေးတွေပေနေသည် ။ ထိုသွေးတွေက
သူတို့ အပိုင်လေး၏ ခေါင်းမှ သွေးများဖြစ်သည်မို့ အကျီ
တောင်မလဲဘဲ အရေးပေါ်ခန်းရှေ့တွင်စောင့်နေကြခြင်း
ဖြစ်သည် ။

" jk ဘယ်လိုလဲ .. အခြေအနေ ..?! "

ပြေးလာပုံရသည့် ယွန်းဂီနှင့် ယွန်းဂီနောက်တွင်တော့
ဂျီမင်းက မျက်နှာမကောင်းဘဲပါလာသည် ။

" အရေးပေါ်ခန်းထဲဝင်သွားတာဘဲ .. အခုထိ ဆရာဝန်
တွေထွက်မလာသေးဘူး ဆရာဝန်တွေတကယ်ဘဲ
ဘာလုပ်နေကြတာလဲ ငါ့က‌လေးတစ်ခုခုဖြစ်ရင် ဆေးရုံ
မီးရှို့ပစ်မယ် "

JK အစား JG က ဒေါသထွက်စွာဆိုလာလေသည် ။

JK ကတော့ နံရံကို လက်ထောက်ထားကာ မျက်လုံး
မှိတ်ထားသည် ။

" ကျတော်တောင်းပန်ပါတယ် .. ကျတော်သာ သေချာ
ဂရုစိုက်ခဲ့ရင် အက်လိုဖြစ်စရာအကြောင်းမရှိဘူး "

ဂျီမင်းက ဒူးထောက်ပြီး တောင်းပန်စကားဆိုတာကို
မြင်ရသည့် ယွန်းဂီမှာတော့ စိတ်မကောင်းပေမယ့်
သူ့ချစ်သူက devil တွေအပိုင်ကိုသေချာမှမစောင့်
ရှောက်နိုင်ခဲ့တာ ။ အသေမသတ်ပြစ်တာတောင်
ဂျီမင်းအတွက် တော်သေးတယ်လို့ပြောလို့ရသည် ။

" မင်းအမှားမဟုတ်ပါဘူး .. ငါတို့အမှား
ငါတို့သာ sweetie ကိုသာ ကျောင်းမတက်ခိုင်းရင်
ငါတို့သာ sweetie ကို အိမ်ထဲမှာပဲချုပ်ထားခဲ့ရင်
အက်လိုတွေဖြစ်လာစရာမရှိဘူး ..!! ငါတို့အမှား
ဟုတ်တယ် ငါတို့အမှား ..! "

ဟု jk ကဆိုပြီး နံရံကို လက်သီးဖြင့်ထိုးနေသလို
JG ကလည်း သူ့ကိုယ်ပိုင်ဓားဖြင့် လက်ကိုမွှန်းနေသည်။
ဂျီမင်းတို့လည်း တစ်ယောက်စီကို ဆွဲပေမယ့် အား
ချင်းမမျှသည်မို့ ဂျီမင်းနှင့် ယွန်းဂီသာ လဲကျရသည် ။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now