အပိုင်း (၇)

2.1K 137 9
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၇)

တီ...တီ... တီ....

  ကလောမြို့ဆေးရုံ၏အခန်းငယ်ထဲမှာ လရိပ်မာန်တစ်ယောက်အသက်လုနေရသည်။ ဆေးရုံထဲရှိဆရာဝန်များလည်း ရုတ်တရက် နှလုံးခုန်နှုန်းမငြိမ်တော့သည့်လရိပ်မာန်ကြောင့် ပြေးလွှားနေရသည်။

  လူနာစောင့်နေသည့် ဒေါ်မြခက်တို့လင်မယားမှာလည်းသားဖြစ်သူကြောင့်စိတ်ပင်ပန်းနေရသည်။ ဦးထွန်း​တောက်ကစိတ်တင်းထားနိုင်ပါသော်လည်း ဒေါ်မြခက်မှာမူမျက်ရည်ပင်မစဲတော့ချေ။

  ကြွေရုပ်လွှာနဲ့သူ့သမီးမှာလည်း ဆေးရုံအပြင်မှာ စိတ်ပူယုံသာတတ်နိုင်တော့သည်။ အားလုံး၏တူညီသောဆုတောင်းသံသည်လည်း လရိပ်မာန်အမြန်ပင်ကျန်းမာလာစေဖို့ပင်ဖြစ်လိမ့်မည်။

" မေမေ ဦးလေးဖေဖေက နေပြန်ကောင်းလာမှာမလားဟင် သမီးတို့ကိုထားမသွားပါဘူးနော် ''

" အင်းပေါ့သမီးရဲ့ ''

  သမီးဖြစ်သူ နှင်းဆီကြွေ ရဲ့ခေါင်းလေးကိုပုတ်ပြီး ကြွေပြန်ဖြေလိုက်သည်။ နှင်းဆီ​လေးသည်လည်း ဝမ်းနည်းနေသည်ကားသိသာလွန်းသည်။ မိခင်ကိုယ်တိုင်က မျက်ရည်ကျမလာအောင်ထိန်းထားရသည်မို့သမီးဖြစ်သူသည်လည်း မျက်ရည်မကျအောင်ထိန်းထားခြင်းဖြစ်ပေလိမ့်မည်။

  ခဏကြာတော့ လရိပ်မာန်အခန်းထဲမှ ဆရာဝန်ပြန်ထွက်လာသည်နှင့် ဒေါ်မြခက်မှာ အခြေနေပြေးပြီးမေးတော့သည်။

" ဆရာ ကျွန်မသားလေး အဆင်ပြေတယ်မလားဟင် သူဘာမှမဖြစ်ဘူးမလား ''

   စိုးရိမ်တကြီးစိတ်လှုပ်ရှားနေသော ဒေါ်မြခက်ကြောင့်ဆရာဝန်မှာ စိတ်ကိုအရင်လျော့ခိုင်းရသည်။

" စိတ်လျော့ထားပါဗျာ ဒီညကိုကျော်ဖြတ်နိုင်ရင်တော့ အစ်မကြီးရဲ့သား အန္တရာယ်ကင်းပါပြီ ဒီညတော့သေချာစောင့်ကြည့်ရမယ် ''

ဆရာဝန်ကပြောပြီးသည်နှင့်ထွက်သွားတော့သည်။ ဒေါ်မြခက်မှာတော့နေရာ၌ပင်အရုပ်ကြိုးပျက်လဲကျသွားတော့သည်။ ဒီညတဲ့ ဒီညလွန်လို့မှသားမနိုးသေးရင်မနိုးလာတော့ဘူးလား။
ဒေါ်မြခက်မှာအတွေးနဲ့ပင်ကြောက်ရွံ့နေမိသည်။တကယ်လို့သားလေးနိုးမလာခဲ့ရင်ဆိုတဲ့ အဆိုးဘက်အမြင်သည်လည်းသူမကိုနှိပ်စက်နေသည်။ ဘာပဲဖြစ်ဖြစ်သူမတို့ ကံကြမ္မာကိုသာအပြစ်ပုံချရတော့မည်လား ။

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now