အပိုင်း(၂၇)

1.5K 89 4
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၇)

ပင်းတယမြို့....  ကကြိုးတို့လူတစ်စု လွန်ခဲ့တဲ့ဆယ်နှစ်က မသွားခဲ့ရတဲ့မြို့ကလေးပေါ့... ကကြိုးဒီအငွေ့သက်တွေနဲ့ရင်းနှီးနေတယ် ကြည့်ရတာ သူမေ့နေတဲ့ ကာလတစ်လျှောက်လုံး ဒီပတ်ဝန်းကျင်မှာပဲ ဝဲနေခဲ့သည်ထင်ပါရဲ့....

သက်ဝင်လှုပ်ရှားနေတဲ့မြို့လမ်းမပေါ်က လူတွေကြားရောက်သည်နှင့်အချို့က သူ့ကိုလက်ပြနှုတ်ဆက်ကြသည်။ ကကြိုးအားလုံးကိုဖော်ဖော်ရွေရွေတော့ပြန်ပြုံးပြလိုက်ပါသည်။ သူကခုချိန်အားလုံးရဲ့စိတ်ထဲမှာရောင်ခြည်သစ်ပင်မလား.....

ရောင်ခြည်သစ်တို့အိမ်က လမ်းငယ်လေးထဲတွင်ဖြစ်သည်။ ထိုလမ်းလေးထဲဝင်လိုက်သည်နှင့်အပြာရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသည့်မိန်းကလေးတစ်ယောက်က လာနှုတ်ဆက်၏။

" ဟဲ့ရောင်ခြည်...  နင်ကလေ ပျောက်ချက်သားကောင်းတယ်နော်.. မြို့မှာဘာတွေရှိလို့များ ဒီလောက်ကြာအောင်သွားနေရတာလဲဟင်... ကိုလရိပ်မာန်ကြီးတစ်ယောက်ထဲပျင်းနေရောမယ် ''

လရိပ်မာန်....  ထိုနာမလေးကိုကကြိုးစိတ်ထဲမှ တိုးညင်းစွာဆိုလိုက်မိသည်။ သူဒီနာမည်လေးကိုမခေါ်ခဲ့တာကြာပြီပဲ...နှစ်တွေဘယ်လောက်ကြာကြာ လရိပ်မာန်ဆိုတဲ့နာမည်လေးကိုကြားတိုင်းနှလုံးက နာကျင်နေဆဲ... ထို့အတူ ရွှေအိုရောင်ဖိတ်စာငယ်ကလည်းပုံရိပ်တွေထဲမှာရောယှက်လာမြဲ..

" ဟဲ့ရောင်ခြည်...  ဘာဖြစ်တာလဲ နင်မျက်ရည်တွေဝိုင်းနေတယ် တစ်ခုခုဖြစ်လို့လား ''

  " ဘာမှမဖြစ်ဘူး အမှုန်ဝင်သွားတာထင်တယ်... သွားအုံးမယ်နော် ''

" အမလေး ... ကိုရောင်ခြည်ရယ် ဘာတွေများအဲ့လောက်လောနေတာလဲ ပြန်မလာတုန်းကလည်းသူပဿ ခုမှသဲသဲလှုပ်နေတယ်... လာ ငါလေမှုတ်ပေးမယ် ''

ပယင်းကကြိုးကိုအနားဆွဲခေါ်ကာ အမှုန်ဝင်သည်ဟုဆိုသော ဘယ်ဘက်မျက်လုံးကိုလေမှုတ်ပေးလိုက်သည်။ လေမှုတ်ပေးနေရင်း ပယင်းမျက်နှာတစ်ချက်ပျက်သွားသည်။ ပြီးနောက် ကကြိုးကိုထူးဆန်းစွာကြည့်ရင်း

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now