အပိုင်း(၂၅)

1.4K 75 3
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၅)

  အတိတ်ဆိုတာ လူသားတွေမေ့မပစ်နိုင်တဲ့ အရိပ်ကလေးတစ်ခုတဲ့..ကျွန်တော့်အရိပ်တွေကတော့ မလှပခဲ့ဘူး..

  ကိုနောင်... ကျွန်တော်ခင်ဗျားကိုသိပ်ချစ်တာပဲ... ကျနော့်နှလုံးသားလေး ကိုမာန့်ကြောင့်ပြန်လည်နိုးထခဲ့ပြီလို့ထင်ခဲ့မိတယ်...  ဒါပေမဲ့ အဲ့ဒါကအတုယောင်နိုးထခြင်းပဲထင်ပါတယ်... ကကြိုးဆိုသောကောင်လေးနဲ့ပက်သတ်နေတဲ့ဒိုင်ယာရီကြောင့်သာ မဟုတ်ရင် ကျွန်တော်ကိုမာန့်နားရောက်သွားပါ့မလား... ကျွန်တော့်ကိုစိတ်မဆိုးနဲ့နော်ကိုနောင်...ကိုနောင့်နားလာပြီးတစ်ခြားသူကိုစိတ်ဝင်စားတဲ့အကြောင်းပြောနေမိတယ်လေ... ကျွန်တော့်မှာရင်ဖွင့်ဖို့မျိုးမင်းနောင်ဆိုတဲ့ ကျွန်တော့်ချစ်သူကြီးပဲရှိလို့ပါ

  ရောင်ခြည်သစ် တစ်ယောက် မျိုးမင်းနောင်ဟုစာတန်းထိုးထားသောအဖြူရောင်အုတ်ဂူရှေ့မှာ အတွေးအာရုံမှခံစားချက်တို့အားရင်ဖွင့်နေမိသည်။

ကျွန်တော်ခု အိမ်ကိုပြန်ရအုံးမယ်ထင်တယ် ။ ဖြစ်နိုင်ရင်အိမ်ဆိုတဲ့နေရာကိုမသွားချင်ဘူး ။ အဲ့နေရာက ကျွန်တော့်ရဲ့ပူလောင်မှုတွေကိုပျိုးထောင်ပေးခဲ့တာ။ 

💘💘💘

" သား ဒီအိမ်ကိုဘာလာလုပ်တာလဲ ''

ရုတ်တရက်ကြီးဘာကိုသတိရသွားသည်မသိမြို့ထဲသွားမည်ဆိုပြီး သူတောင်မသိသည့်အိမ်သို့ရောက်လာသောသားဖြစ်သူကြောင့်ဒေါ်ရွှေရည်လဲ့ခပ်ကြောင်ကြောင်ဖြစ်သွားကာ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

" လွန်ခဲ့တဲ့ နှစ်တွေကမပြီးသေးတဲ့ ကိစ္စလေးတစ်ခုကိုလာအဆုံးသတ်ပေးတာပါ ''

  တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေလာသောကကြိုးကြောင့် ဒေါ်ရွှေရည်လဲ့မှာပို၍စိတ်ဝင်စားသွားသည်။

" အမေပြန်တော့လေ... သားကိုယ့်ဘာသာပဲ ပြန်လာတော့မယ် ''

" ဖြစ်ပါ့မလားသားရယ် ခုမှသက်သာခါစပဲရှိသေးတာကို ''

" ရတယ်အမေ..သားအဆင်ပြေတယ်... Taxi ငှားပြီးပြန်လာခဲ့မယ်...  မြို့ထဲမလှည့်တာလည်းကြာပြီဆိုတော့ သားလည်း စိတ်လန်းဆန်းတာပေါ့ ''

လရိပ်ဆင်သည့်ကကြိုး Season2Donde viven las historias. Descúbrelo ahora