အပိုင်း (၂၉)

1.6K 80 14
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၉)

အော်..အီး..အီး...အွတ်...

စိုက်ခင်းထဲမှာ ဦးကြီးသာဒင်မွေးထားသော ကြက်ဖကြီးကား မနက်မိုးလင်းသည်နှင့် ကျယ်လောင်စွာတွန်မြည်လာသည်။ ကြက်ဖ၏တွန်သံနှင့်အတူ နေရောင်လုံးကြီးသည်လည်းမြင့်တက်လာ၏။

  ကြက်ဖအော်သံကြောင့် လရိပ်မာန်တစ်ယောက်ရီဝေဝေဖြစ်နေသော မျက်လုံးတို့ကို အားယူဖွငွလိုက်၏။ ဦးခေါင်းထဲမှာလည်း ညကအရှိန်ကြောင့် ထိုးကိုက်လို့နေသည်။ ဘေးဘီကိုကြည့်လိုက်တော့ သစ်စနဲ့ ထက်ဦးရှိန်ကား ဖက်လျက်အိပ်ပျော်နေ၏။ ဦးကြီးသာဒင်နဲ့ဖိုးမောင်ကလည်းမနိုးသေချေ။ ပိုင်စေမှူးကိုတော်မတွေ့ရ။

  မူးချင်ချင်ဖြစ်နေသေးသော ဦးခေါင်ကိုထပ်မံခါးရမ်းလိုက်သည်။ ပြီးသည်နှင့် ဒယီးဒယိုင်ခြေလှမ်းတွေနဲ့ မျက်နှာသစ်ရန်ထွက်သွား၏။

အပြင်ရောက်မှပိုင်စေမှူးကိုတွေ့ရသည် ။ ညက ဘယ်လောက်ထိမှောက်သွားသည်မသိ သေချာတာတော့ ပိုင်စေမှူးကား မီးပုံရှိရာ၌ပင်အိပ်ပျော်နေ၏။

  မျက်နှာသစ်ရန် ရေအုတ်ကန်နားရောက်တော့ ရောင်ခြည်သစ်က မျက်နှာသစ်ပြီးနေပြီဖြစ်၏။
မျက်နှာသစ်ပြီးကာစမို့ထင် မျက်နှာကားကြည်လင်ဝင်းမွတ်နေ၏။ ဆံနွယ်ထိပ်ဖျားလေးတွေမှာလည်း ရေအနည်းငယ်စိုနေ၏။ လရိပ်မာန်ကြည့်ရင်း နှုတ်ခမ်းဆီသို့ရောက်သွားသောအခါ ရောင်ခြည်သစ် နှုတ်ခမ်းတို့ကား အနည်းငယ်ပေါက်နေသလိုပင်။

" ရောင်ခြည်... နှုတ်ခမ်းကဘာဖြစ်တာလဲ ''

" နှုတ်ခမ်း...  ''

ကကြိုးပြောရင်း သူ့နှုတ်ခမ်းသူပြန်ကိုင်ကြည့်မိတော့ ညက အဖြစ်ပျက်တွေကိုသတိရမိပြန်၏။
ကြည်နူး၍လား ပျော်ရွှင်၍လားပင်မသိ သူတောင်ခပ်လျော့လျော့လေးပြုံးမိသည်ထိ။

" ဒီ​ကောင်...  အရမ်းအကျင့်ပုတ်တဲ့အကောင်တစ်ကောင်ကိုက်သွားတာ ''

ကကြိုးပြောပြီး နေရာမှ ခြေလှမ်းသွက်သွက်နှင့် ခပ်ပြုံးပြုံးပင်ထွက်လာခဲ့တော့သည်။ အနည်းငယ်ရှက်နေတာလည်းပါသည် ။ လရိပ်မာန်ကတော့ အကောင်ကိုက်ခံရတာကိုပြုံးနေတယ်ဟု တွေးကောင်းတွေးနေခဲ့နိုင်ပါသည်။

လရိပ်ဆင်သည့်ကကြိုး Season2Tempat cerita menjadi hidup. Temukan sekarang