အပိုင်း(၄၀)

1.5K 73 4
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၄၀)

  ဆည်းလည်းသံ ချိုချိုလေးတွေက ဆိုင်အဝင်ဝဆီမှ ပျံ့နှံ့လျက်ရှိ၏။ မှန်အကြည်ပါးကာထားသည့်ဆိုင်၏နံရံမှတစ်ဆင့်အပြင်မှာလှုပ်ရှားသွားလာနေကြသော ကား ၊ ဆိုင်ကယ်များကိိုလည်းရှုင်းလင်းစွာမြင်နေရသည်။

" ကိုလရိပ် ဟင်းတွေထည့်စာပါအုံးရှင် ကျွန်မကိုများ အားနာနေတာလား ''

  မြရောင်က ပြောလည်းပြောရင်း အသားတုံးတစ်ချို့နှင့်အရွက်ကြော်တစ်ချို့ကို လရိပ်မာန်၏ ထမင်းပန်းကန်ထဲသို့ထည့်ပေးလိုက်၏။

  " ရပါတယ်ဗျာ မြရောင်လည်းထည့်စားလေဗျ ''

  လရိပ်မာန်ကပင် ဟင်းတစ်ချို့ကို မြရောင်ပန်းကန်ထဲထပ်ပြောင်းထည့်ပေးလိုက်၏။

"  စားပါ့မယ်ရှင် ''

  မြရောင် ကြည်နူးစွာပြုံးလိုက်၏။ တစ်စုံတစ်ယောက်ဆီက သူ့အတွက် ထည့်ပေးတဲ့ ဟင်းတစ်ခွက်ကိုသူမရခဲ့ကြာပြီဖြစ်သည်။

" ကိုကို !!  ''

" အဟွတ်...   အဟွတ် ''

  ဆည်းလည်းသံတွေနှင့်အတူ ကြားလိုက်ရသည့် အသံဆူးဆူးကြောင့် လရိပ်မာန်ထမင်းစားရင်းပင်သီးသွားရ၏။ ထိုအသံပိုင်ရှင်ကား သူ၏ချစ်လှစွာသောကောင်လေး ကကြိုးပင်ဖြစ်၏။

  လရိပ်မာန်နားတွင် ရပ်လိုက်ပြီး ကကြိုးခပ်စူးစူး စိုက်ကြည့်လိုက်၏။

" အာ.. လာပါအုံးဗျာ...  ကိုယ့်ကောင်လေးရာ ''

  ကကြိုး၏ခါးကိုဆွဲဖက်ကာ လရိပ်မာန်၏ပေါင်ပေါ်သို့ထိုင်စေလိုက်၏။

  မြရောင်သည်ပင် ထိုမြင်ကွင်းကို မြင်ကာ ထမင်းနင်သွား၏။ သူ့အားမေ့နေသည်လားဟုပင်ထင်မှတ်သွားရသည်။ မသိလျှင်သူဟာ ဒီစားပွဲဝိုင်းမှာ ဗီလိန်ဖြစ်မည့်လူပိုလို။

  " ကိုက ဒီမှာ ထမင်းလာစားနေတာပါဗျာ...  ​ဒီမှာ မြရောင်ကတူတူစားဖို့လာခေါ်လို့လေ ... ကိုယ့်ကောင်လေးရောကိုနဲ့တူတူစားအုံးပါလားဗျ ''

" မစားချင်ဘူး  '' .

   ဆူပုတ်ပုတ်ထိုကောင်လေးကိုမြင်တော့ လရိပ်မာန်ရယ်ချင်စိတ်ကိုထိန်းထားရ၏။ စိတ်ဆိုးနေတဲ့ကောင်လေးငယ်က သူ့ပေါင်ပေါ်ကတော့မထသေးပါပေ။ 

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now