အပိုင်း(၃၁)

1.6K 89 17
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၁)

" အဆင်ပြေရဲ့လား...ညီမ ''

" ဟုတ်ရပါတယ် ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ် ''

  မိန်းကလေးမှာ ထော့နဲထော့နဲနှင့် လရိပ်မာန်ဆီမှခွာလိုက်သည်။  ဖြာကျနေသော ဆံပင်တွေကိုလည်းနားရွက်အနောက်သို့သိမ်းပို့လိုက်သည်။

" ဟဲ့ ... မြရောင် ''

  အေနာက်ရ​နေ မိန်းကလေးတစ်ဦးကား ထိုကောင်မလေး၏နာမည်ကိုခေါ်ရင်း အနားသို့ရောက်လာသည်။ ချွေးတွေကျနေပြီးထိုမိန်းကလေးမှာလည်းမောဟိုက်နေသည်။

" ဟုတ် ခု..  အဆင်ပြေကြတယ်မလား ''

  လရိပ်မာန်ထိုမိန်းကလေးနှစ်ယောက်ကိုကြည့်ပြီး ခပ်ကြောင်ကြောင်သာမေးခွန်းထုတ်လိုက်သည်။ တစ်ယောက်ကလည်းသူ့နားမှာထော့နဲ ထော့နဲနှင့် နောက်တစ်ယောက်ကလည်းချွေးစေတွေနှင့် မောဟိုက်နေပြန်၏။

" အဆင်ပြေပါတယ်ရှင်..  ကျွန်မကသူ့ကိုစပြီးပြေးလာတာ အဲ့ဒါ ဒီကအစ်ကိုနဲ့ဝင်တိုက်မိတာ ... ကျွန်မနာမည်က မြရောင်ခြယ်တဲ့...  ဒါက ကျွန်မသူငယ်ချင်းပါ နွယ်သစ္စာတဲ့ ''

" ဟုတ် ကျွန်တော့်နာမည်က လရိပ်မာန်ပါ ''

လရိပ်မာန်နှုတ်ဆက်ရင်းပြုံးပြလိုက်သည်။

" အကိုတို့က ပင်းတယကိုအလည်ထွက်လာတာလား ''

" အဲ့လိုကြီးလည်းမဟုတ်ပါဘူး ဒီတိုင်း .... ဘယ်ဆက်သွားရမလဲမသိသေးလို့ဒီမှာ ခဏနားနေတာ ''

" ဒါဆို ညီမတို့နဲ့လိုက်ခဲ့လေ...  ညီမလည်းပင်းတယကိုလာတာ လမ်းညွှန်ပါငှားလာတယ် ဟိုးရှေးနားမှာ ကားရောပါတယ် ''

" မဟုတ်တာ ညီမတို့ပဲသွားပါ အကိုတို့က ရတယ်...  ပြီးတော့ဆိုင်ကယ်နဲ့ဆိုတော့ကားနဲ့တူတူလိုက်လို့အဆင်မပြေဘူးလေ ''

  လရိပ်မာန်ဖြေရှင်းချက်တွေပေးရင်း ခေါင်းကို ခါရမ်းရင်းဝေ့ကြည့်လိုက်တော့ သူနဲ့မျက်နှာချင်းဆိုင်မှာ ရေသန့်ဘူးကြီးကိုင်ပြီး ငူငူကြီးရပ်နေသော ရောင်ခြည်သစ်ကိုတွေ့လိုက်ရသည်။

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now