အပိုင်း(၁၅)

1.6K 116 4
                                    

🍂 လရိပ်ဆင်သည့်ကကြိုး  🍂  ( Season 2) အပိုင်း(၁၅)

  " ဆရာလေး ရေချိုးမိုးချိုးပြီး ဘယ်သွားမလို့လဲဗျ ''

" ကျွန်တော်မြို့ထဲလှည့်ပတ်ကြည့်မလို့ပါဗျာ ပင်းတယကိုအခုမှရောက်ဖူးလို့ ''

" ဆရာလေးနဲ့အတူ သမီ​လေး ပယင်း​ပါ ထည့်ပေးလိုက်မယ်လေ အခုမှရောက်ဖူးတာဆိုတော့ တစ်ယောက်ထဲမျက်စိလည်နေပါ့မယ် ''

" ဟုတ် အဲ့ဒါဆိုလည်းအားနာနာနဲ့ပဲ အကူညီတောင်းပါရစေ ဦးကြီးဝေရေ  ''

ထက်ဦးရှိန်သည်လည်း ဒီမှာတာဝန်ကျသည်မို့
အမေ့နဲ့အမျိုးနီးတဲ့ဦးကြီးဝေလု တို့အိမ်မှာပင်တည်းလိုက်သည်။ အဖေတစ်ခုသမီးတစ်ခု သားအဖနှစ်ယောက်ဆိုပေမဲ့သားဖနှစ်​ယောက်လုံး​ဖော်ရွေ​ကြသည်။ ထို့ကြောင့်ထက်ဦးရှိန်အတွက်တော့ အတော်လေးပင်အဆင်ပြေသည်။ တစ်ခါတစ်ခါတော့ လက်သည်းဝှက်တတ်တဲ့ကြောင်ငယ်လေး ဆန်းသစ်စ ကိုတော့လွမ်းမိသား။ ပြောလို့သာပြော ဒီအချိန်လောက်ဆို ကောင်လေးတစ်ယောက်ဘာတွေများလုပ်နေမလဲ ။ ကော်ဖီတွေ​​ဖျော်ရင်းသူ့ကိုလွမ်းနေမလား..

ထက်ဦးရှိန်ကိုယ့်အတွေးကို သဘောကျပြုံးလိုက်မိသည်။

" ဘာတွေသဘောကျပြီးပြုံးနေတာလည်း ကိုထက် ''

မိမိ ထက် ငါးနှစ်ခြောက်နှစ်လောက်ပိုပြီးအသက်ကြီးသည့်ထက်ဦးရှိန်ကို လေးစားသမှုနဲ့ ကိုထက်ဟုခေါ်လိုက်ခြင်းပင်ဖြစ်သည်။

" ဒီလိုပါပဲ ပယင်းရာ အိမ်မှာကျန်ခဲ့တဲ့ မဟေသီလေးအကြောင်းတွေးမိလို့ ''

" မဟေသီဆိုတော့ ကိုထက်က မိန်းမတောင်ရနေပြီပေါ့ ပယင်းတို့ကိုတောင်လက်ထပ်ပွဲမဖိတ်ဘူး ''

" မဟုတ်ရပါဘူးပယင်းရာ လက်မထပ်ရသေးပါဘူး ''

" ဪ.... ဒါပေမဲ့လက်ထပ်ဖြစ်ရင်တော့ ပယင်းတို့ကိုသေချာပေါက်ဖိတ်နော် ကိုထက်မင်္ဂလာဆောင်ကိုလာပြီးဝါးတီးဆွဲရမှာ ''

" ဟုတ်ပါပြီဗျာ ပယင်းသဘောပါပဲ ''

  နှစ်ယောက်သားစကားပြောရင်း နှစ်ခြိုက်စွာရယ်မောလိုက်ကြသည်။ စကားပြောဖော်ရွေပြီးသဘောကောင်းတဲ့ကိုထက်ကို ပယင်းအမှန်ပင် အစ်ကိုကြီးတစ်ယောက်လိုခင်မိသည်။ တစ်ဆက်တည်းကိုထက်ကိိုပိုင်ဆိုင်ထားသည့် ကိုထက်ရဲ့အသည်းသက်မဟေသီဆိုသောသူကိုလည်းတွေ့ဖူးချင်မိသား။

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now