အပိုင်း(၃၇)

1.4K 67 5
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၇)

လိုက်ကာစဖြူတို့ကား လေပြေဖြတ်ပြေးတိုင်း တံခါးစတွင် လူးလွန့်နေ၏။ ထိုအဖြူရောင်လိုက်ကာစတို့ကိုလွန်၍ လရိပ်မာန်ကား အကြည့်တို့ငေးနေ၏။ ဘာကိုတွေးနေသည်ကိုလရိပ်မာန်ရိုယ်တိုင်လည်းမသိချေ။သို့သော်ငြားသူ့မျက်နှာထက်တွင်တော့အပြုံးရိပ်တို့ကားစီရီလျက်ပင် မီုန်ဝါးဝါးညတစ်ခုမှာပုံပြင်ဆန်ဆန်ဖူးပွင့်ခဲ့တဲ့သူတို့ချစ်ခြင်းတွေအ​ကြောင်းအတွေးပုံရိပ်တွေကတော့ ဦးနှောက်ဖန်သားပြင်ထက်မှာစီရီစွာပေါ်ထွက်လျက် ။ သွားဖြူတန်းလေးတို့သည်လည်းရယ်လိုက်သည့်ချိန်တိုင်း ပြတင်းမှန်မှလာသောနေရောင်ကြောင့်ကြည်လင်တောက်ပလျက် ။ စူးရှတဲ့အကြည့်တို့သည်လည်းနူးညံ့လျက်

ထိုအကြည့် ၊ ထိုအပြုံး ထိုမျက်လုံးတို့၏ပိုင်ရှင်အား မြရောင်ခြယ် ငေးမောနေခဲ့မိ၏။ ထိုကဲ့သို့ပြည့်စုံနေသော ယောင်္ကျားတစ်ဦးအား သူမနှစ်သက်မိခဲ့သည်မှာ မှားလား ။ တစ်ခါကြေကွဲခဲ့ဖူးတဲ့နှလုံးသားတစ်ခုက ထိူလူရဲ့အကြည့် ထိုလူရဲ့အပြုံးတို့ကြောင့်ပြန်လည်သက်ဝင်ခဲ့ရသည်။ သူ၏မာန သူ၏အလှတို့ကို အားကုန်သုံး၍ သူမကြိုးစားမည် ။ ပိုင်ရှင်ရှိသည်ဟု ထိုလူသားကကြော်ငြားထားသော်ငြား သူတို့ဟာ မသက်ဆိုင်သေးတဲ့ သက်ဆိုင်သူတွေလေ ။ ကံကြမ္မာကိုသူမတစ်ခါလောက်စိန်ခေါ်မိခဲ့တယ် တကယ်လို့ထိုလူသားသည်သူမ၏ရှေ့သို့နောက်တစ်ကြိမ်ထပ်ရောက်လာခဲ့အုံးမည်ဆိုလျှင် သူမလက်လွှတ်တော့မဟုတ်ဘူးလို့... ပိုင်ဆိုင်ခွင့်မရသေးချင်နေပါ ဒါပေမဲ့ရှင့်ကိုတော့မဆုံးရှုံးစေရဘူး ကိုလရိပ်မာန် ။  

   ရုံးခန်းတံခါးရှေ့တူရူတွင် သူ့အားစိုက်ကြည့်ကာ တည်တည်ကြီးရပ်နေသော ကောင်မလေးကြောင့်လရိပ်မာန် ခေတ္တတော့ခပ်တွေတွေဖြစ်သွား၏။ ထိုကောင်မလေးအားသူသိသည် ။ပင်းတယမှာတုန်းကဆုံခဲ့ဖူးသောကောင်မလေးပင်... အတန်ကြာအောင်ဦးနှောက်၏မန်မိုရီများအားအလုပ်ပေးပြီးသူသတိရလိုက်သည်မှာထိုကောင်မလေးကားမြရောင်ခြယ်...

" မြရောင်ခြယ်...  မင်းလား... ပင်းတယတုန်းကဆုံခဲ့တဲ့ကောင်မလေး  ''

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now