အပိုင်း(၃၃)

1.6K 87 21
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၃)

  " ကျွန်မတို့ သားမာန်ကိုပြန်ခေါ်သင့်ပြီထင်တယ်
အကို ''

ဒေါ်မြခက်ဆီမှအဆက်စပ်ကင်းမဲ့စွာ စကားစလာ၏။ ဒေါ်မြခက်အမှန်တကယ်ပင်  သားဖြစ်သူအားရန်ကုန်သို့ပြန်လာစေချင်ပြီဖြစ်သည်။ ဆယ်နှစ်ဆိုတဲ့ကာလပတ်လုံး သားဖြစ်သူလေလွင့်နေသည်ကို ဒေါ်မြခက် လွှတ်ထားခဲ့ရသည်။
သူမမှာဘာလုပ်နိုင်စွမ်းမှလည်းမရှိခဲ့။ အခုတော့သားဖြစ်သူအား မိဘပိုင်ဟိုတယ်လုပ်ငန်းတွေမှာပြန်လည်အခြေချစေချင်ပြီဖြစ်သည်။

" ကိုယ် မပြောတတ်သေးဘူးကွာ မင်းသားကရော ပြန်လာပါ့မလားကွ ''

" အို... သားကိုပြန်ခေါ်ရမှာပေါ့တော်.. ဖြစ်ခဲ့တဲ့ပြဿနာတွေထဲမှာ သားအမှားမကင်းဘူးဆိုပေမဲ့...  သူလည်းလုပ်သင့်လို့လုပ်ခဲ့တာလေ... ဟိုရောင်ခြည်သစ်ဆိုတဲ့ကောင်လေးကရော...  ဘယ်အချိန်ထိများသားမာန်ကိုပျော်ရွှင်စေမှာမို့လဲ...  သားနှလုံးသားထဲက အချိန်တိုင်းအသက်ရှင်နေတဲ့လူက ကကြိုးပဲ... ရောင်ခြည်သစ်ဆိုတာက ရုပ်ရည်ဆင်တူရုံလေးတင်.. အိုတော်... ဘာပဲ ဖြစ်ဖြစ်ကျွန်မကတော့ သားလေးကို ရန်ကုန်ပြန်ခေါ်တော့မယ်...  ''

ဒေါ်မြခက် ပြတ်ပြတ်သားသားပင်ထပ်မံအကြုံပြုလိုက်သည်။ လေသံကလည်းပုံမှန်ကဲ့သို့မဟုတ်မာနေသည်။

" မင်းသဘောပါကွာ...ကိုယ်ကတော့ ဘာမှမပြောလိုတော့ဘူး...  မင်းတို့သားမိအဆင်ပြေရင်ပြီးပါပြီကွာ ''

  ဦးဟိန်းဇေ အမှန်တကယ်ပင်ဘာမှဝင်မပတ်သက်လို သားဖြစ်သူကလည်းခေါင်းမာသည်။ ဆယ်နှစ်လုံးသူ့ကိုဘယ်သူမှထိန်းမထားနိုင်ခဲ့တာကပင်သက်သေဖြစ်သည်။ အခုလည်းပင်းတယကပြန်လာဖို့လှမ်းခေါ်ရင်တောင်လိုက်လာပါ့မလားဆိုတာက မသေချာချေ။

" မနက်ဖြန် ပင်းတယသွားမယ်!  သားကိုပြန်ခေါ်မယ်! "

  ဒေါ်မြခက် ပြတ်ပြတ်သားသားစကားတစ်ခွန်းကိုပဲဆိုလိုက်တော့သည်။ ဒီလေယက်အချိန်ကြာခဲ့ပြီးမှတော့သားလည်း ကကြိုးကိုမေ့ပစ်ထားနိုင်သင့်ပြီ...အချစ်သစ်ကိုမရှာချင်ရင်တောင်မှ ဘဝသစ်ကိုတော့ရှာဖွေသင့်ပြီ။
🌳🌳🌳

လရိပ်ဆင်သည့်ကကြိုး Season2Hikayelerin yaşadığı yer. Şimdi keşfedin