Arc 1- ချစ်မိနေပြီလား ? ချစ်မိနေပြီလား ?( chapter - 1) ( U+Z )

1.1K 52 2
                                    

Zawgyi
------------

" ကိုကို သူမရဲ့ကျောက်ကပ်ကို ညီမလေးမလိုချင်ဘူး "
ဟော်ထင် ဟာ ဟော်ဟန် ရဲ့ရင်ခွင်ထဲမှီနေပြီး သူမရဲ့မျက်နှာမှာ မျက်ရည်တွေစီးကျနေလေတယ်။
"ကိုကို ညီမလေးအတွက် ကိုကိုမကြိုက်တဲ့သူနဲ့ အတူရှိနေရမှာကို ညီမလေးမလိုချင်ဘူး။ ကိုကို စိတ်မချမ်းမသာဖြစ်ရမှာထက်စာရင် ညီမလေးသေသွားတာကမှ ပိုကောင်းအုံးမယ် "
"လိမ္မာပါ ညီမလေးရယ် "
ဟော်ဟန် ဟာသူမရဲ့ကျောကိုပုတ်ပြီး နှစ်သိမ့်ပေး‌လေသည်။ သူမကိုချော့နေတဲ့ သူရဲ့အသံဟာ သာမာန်ထက်ပိုပြီးညင်သာနေသည်။
ဟော်ထင်ရဲ့ ဖြူဖျော့နေသောမျက်နှာဟာ ရှုံ့မဲသွားပြီး ။
"တခြားတယောက် မရှိတော့ဘူးလားဟင် ၊ ညီမလေးကိုကယ်ဖို့အတွက်နဲ့ ကိုကိုရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး အနစ်နာခံပြီး သူမနဲ့အတူရှိပေးမှ ဖြစ်မှာလား "
ထင်ထင် ကလည်းကွာ သူမရဲ့ကျောက်ကပ်က ညီမလေးနဲ့အကိုက်ညီဆုံးလေ"
ဟော်ဟန် ရဲ့မျက်လုံးတွေမှောက်မိုက်သွားပြီး ။
"ညီမလေးရဲ့သွေးအမျိုးအစားကထူးခြားတယ်လေ ၊ပြီး‌တော့ ညီမလေးတို့နှစ်ယောက်က သွေးသားတော်စပ်တဲ့ ညီအမတွေ ၊ ဆေးစစ်ချက်ကလည်း ကိုက်ညီလိမ့်မယ်၊ ခွဲစိတ်ပြီးရင် နောက်ပိုင်းရလဒ်ကလည်း အကောင်းဆုံးဖြစ်မှာ၊ ညီမလေး အသက်ရှင်ဖို့ကသာ ကိုကို့ရဲ့ဆန္ဒဘဲ "
ဟော်ထင်ဟာ နီရဲနေတဲ့မျက်လုံးတွေနဲ့ ဟော်ဟန်ကို ကြည့်လိုက်ပြီး ။
" ဒါဆိုရင် ကိုကိုက သူမနဲ့ တကယ်လက်ထပ်ချင်‌နေတာလားဟင် "
ဟော်ဟန်ရဲ့အဖြေကိုမစောင့်ဘဲ ဟော်ဟန်ရဲ့ခါးကိုသူမ ဖက်လိုက်ကာ ပိုင်စိုးပိုင်နင်းပြောလိုက်သည် ။
"ညီမလေး ကိုကို့ကို တခြားသူနဲ့ လက်မထပ်စေချင်ဘူး "       
--------------------------------------------------  
    အဲ့ဒီအဖြစ်အပျက်ဟာ ရှန်းဝမ် မျက်စိရှေ့ရောက်လာလေသည်။ သူမဟာ ချောင်ကျတဲ့နေရာတစ်ခုမှာ ဆောင့်ကြောင့်ထိုင်လျက်ရှိနေခဲ့ပြီး ဝမ်းနည်းနေတဲ့မျက်လုံးတစ်စုံနဲ့ သူတို့ကိုစိုက်ကြည့်နေခဲ့သည်။
ယုံကြည်ချက်ရှိရှိ သူမပြောလိုက်တယ်
[ ဟော်ဟန်နဲ့ငါ ချိုမြိန်တဲ့အချစ်ဇာတ်လမ်း ဖြစ်လာနိုင်မယ်လို့ မထင်ဘူး 188 ၊ သူ့ပိုက်ဆံတွေကိုဘဲ တွက်ချက်နေတတ်တဲ့ ယောက်ျားမျိုးနဲ့ ငါလေး မချိုမြိန်နိုင်ဘူးနော် ]
[ System 188 : ဝမ်ဝမ် မင်းရဲ့အပေါင်စာချုပ်အကြောင်း စဉ်းစားကြည့်၊ မင်းရဲ့အကြွေးတွေအကြောင်းစဉ်းစားကြည့်၊ ဒီအလုပ်မဟုတ်ဘဲ မင်းတခြားဘာလုပ်နိုင်သေးလဲဆိုတာကို စဉ်းစား ကြည့်လိုက်၊ ယှဉ်ပြိုင်မှုတွေက ပိုပိုပြီးကြီးလာနေပြီ ၊ မင်းသာတာဝန် မပြီးဆုံးရင် မင်းအလုပ်ဖြုတ်ခံရလိမ့်မယ်နော် ]
System 188ရဲ့လေသံက သူမကို စိတ်မသက်မသာဖြစ်စေတယ် ၊
[ 188 : ငါ့အတွက်လည်းစဉ်းစားကြည့် ၊ မင်းသာအလုပ်ပြုတ်သွားခဲ့ရင် ငါလည်းreset လုပ်ခံရမှာ ၊ မင်း ရှင်သန်နေထိုင်ချင်သေးတယ်ဆိုရင် မင်းရဲ့ဦးခေါင်းပေါ်မှာ ဦးထုပ်စိမ်းဆောင်းဖို့လိုတယ် ]
{ Eng TN- Systemကတာဝန်အတွက် ‌ဖောက်ပြန်နေတဲ့ကောင်တွေကို ဆွဲ‌ဆောင် ဖို့ သူမကိုပြောနေတာ၊ မင်းရဲ့တာဝန်ကသူတို့နဲ့ ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းရှိဖို့လေ၊ ဒါကြောင့် မင်းမှာရွေးချယ်စရာမရှိဘူး၊ အဲ့ဒီဖောက်ပြန်တဲ့ကောင်တွေကို မင်းသည်းခံဖို့လိုတယ် }
အခြေအနေ ပြောင်းလဲသွားအောင် ရှန်းဝမ် အသည်းအသန် ကြိုးစားလိုက်သည် ။
[ ဒါပေမဲ့ အဲ့ကောင်က ငါရဲ့ ကျောက်ကပ်ကို ဖြတ်ထုတ်မှာလေဟာ ]
[ 188 : ဘာပဲဖြစ်ဖြစ် မင်းမှာ နှစ်ခုရှိတာဘဲဟာ ၊ တစ်ခုလောက် ဖြတ်ထုတ်ခံရလို့ ဘာမှဖြစ်မသွားပါဘူး ၊ မင်း အသက်ရှင် နေနိုင်ပါသေးတယ် ၊ ]
ရှန်းဝမ် : [.........] 188က တခြားဖက်က ပို့လိုက်တဲ့ စပိုင်ဘဲဖြစ်ရမယ် ။
[ တာဝန်က ကြမ်းတမ်းတဲ့ဇာတ်လမ်းကို ချိုမြိန်တဲ့ဇာတ်လမ်းအဖြစ် ပြောင်းလဲ‌ပေးရမှာ မဟုတ်ဘူးလား 188 ] ရှန်းဝမ် မေးလိုက်သည်။
[ သူသာ ငါလေးရဲ့ကျောက်ကပ်ကို တကယ်ကြီးဖြက်ထုတ်ပစ်လိုက် မယ်ဆိုရင် ရက်စက်လွန်းရာကျမသွားဘူးလား ။ ဒါဆို ချိုမြိန်တဲ့ ဇာတ်လမ်းလေးဖြစ်မလာနိုင်ဘူးနော်။ အမျိုးသမီးတယောက်အနေနဲ့ ငါလေးက ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ တစ်ချိန်တည်းမှာ ဒဏ်ရာရသွားခဲ့ပြီလေ။ ငါက သူနဲ့ဘယ်လိုလုပ်ပြီး ထပ်ချစ်နိုင်တော့မှာလဲဟ ။ ငါသူ့ကိုကြိုက်တယ်ဆိုရင်တောင်မှ ငါလေးရဲ့နှလုံးသားကနာကျင်ရလိမ့်မယ်။ စာဖတ်သူတွေက မျက်စိ လျင်တယ်နော်၊ ငါမူရင်းဝတ္ထုကိုလေ့လာကြည့်ခဲ့ပြီးပြီ ၊ ဒါကအရမ်းရက်စက်လွန်းတယ်လို့ စာဖတ်သူတွေတွေးကြရာကနေ စပြီး မကျေနပ်ချက်တွေ ဖြစ်ပေါ်လာတာဘဲ၊ အဲ့ဒါကြောင့် ငါကျောက်ကပ် ဖြက်ထုတ်ခံရလို့မဖြစ်ဘူး ။ ]
ရှန်းဝမ် သူမရဲ့ဝမ်းဗိုက်ပိုင်းကိုဖုံးကာလိုက်ပြီး တာဝန်ပြီးမြောက်ဖို့ အတွက် သူမရဲ့ကျောက်ကပ်ကိုစွန့်လွှ တ်အနစ်နာခံဖို့မလိုအပ်ကြောင်း ရှင်းပြလေသည် ။ 188ဟာတုံဆိုင်းသွားခဲ့ပြီး ရှန်းဝမ်ရဲ့ရှင်းပြချက်က နည်းနည်းဖြစ်နိုင်‌ချေရှိတယ်လို့ စဉ်းစားမိသည် ။ ခေါင်းဆောင်ပေးတဲ့ တာဝန်ရဲ့အဓိက ရည်ရွယ်ချက်က ဒေါသထွက်နေကြတဲ့ စာဖက်သူတွေ စိတ်ကျေနပ်လာအောင်လုပ်ပေးဖို့မဟုတ်လား ။ ဒီအမျိုးသမီးသာထပ်ပြီး နှိပ်စက်ခံနေရအုံးမယ်ဆိုရင် ဇာတ်လမ်းက မချိုမြိန်လာနိုင်တော့ဘူးပဲ။ [ 188 : ဝမ်ဝမ် မင်းမှာ ဘာအကြံရှိလဲ ]
ရှန်းဝမ် ဟာသွားပေါ်တဲ့အထိပျော်ရွှင်စွာ ပြုံးလိုက်ပြီး
[ နေပါအုံး ခဏနေကျရင် ဓာတ်မှန်ရိုက်ရတော့မှာမလား ၊ အဲ့အခါကျရင် ငါရဲ့ကျောက်ကပ်ကို ဖုံးကာထားပေး ]
ကျောက်ကပ်ကိုဖုံးကာထားလိုက်ပြီး ကျောက်ကပ်တစ်ခုကိုဘဲ ပြထားလိုက်မယ်ဆိုရင် ဘယ်သူမှရိပ်မိမှာမဟုတ်ဘူး ။ သူမရဲ့ခန္ဓာကိုယ်ထဲဘာတွေရှိလဲဆိုတာ ဘယ်သူကသိမှာလဲ ။
188 စဉ်းစားကြည့်လိုက်တဲ့အခါ အဆင်ပြေမယ်လို့ ထင်မိတယ်။ ချိုမြန်တဲ့အချစ်ဇာတ်လမ်းတွေထဲက ဇာတ်လိုက်မင်းသမီးတွေက နှိပ်စက်ခံနေရလို့ မဖြစ်ဘူးလေ။ ဖုံးပေးလိုက်တာဘဲကောင်းပါတယ် ။
" အခြေအနေဘယ်လိုလဲ ဒေါက်တာ "
ဟော်ဟန် ဟာ သူစိတ်လှုပ် ရှားနေတာကို ဖုံးကွယ်ဖို့ လက်သီးဆုပ်ထားလိုက်မိသည် ။
" ရှန်းဝမ် နဲ့ ဟော်ထင် ၊ သူတို့နှစ်ယောက် ကိုက်ညီကြလား "
"ဆေးစစ်ချက်အရတော့ ကိုက်ညီပါတယ်"
ဆရာဝန်ဟာ သူ့နှာခေါင်းပေါ်ရောက်နေတဲ့ မျက်မှန်ကိုပင့်တင်လိုက်ပြီးနောက် ခဏလောက် တုံ့ဆိုင်းသွားသည်။
" ဒါပေမဲ့ ...."
"ရှန်းဝမ် ရဲ့ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေလို့လား "
ဟော်ထင် ဟာစိတ်ပျက်သွားတဲ့အမူအရာနဲ့ပြောလိုက်သည်။ ဝမ်းနည်းသွားတဲ့ ဟော်ထင်ကို ဟော်ဟန် ကြည့်လိုက်ကာ သူရဲ့ရင်ခွင်ထဲမှာ သူမလေးကို တင်းကြပ်စွာဖက်ထားပြီး နှစ်သိမ့်ပေး လိုက်ချင်မိသည် ။
ဆရာဝန်ဟာ ခေါင်းရမ်းကာပြောလိုက်သည်။
" Missရှန် ကအရမ်းကျန်းမာပါတယ် ၊ သူမ မှာကျောက်ကပ်ရောဂါလည်း မရှိပါဘူး ၊ ဒါပေမဲ့...."
"ဒါဆို ဘာလဲ"
ဟော်ဟန် စိတ်သက်သာရာရသွားခဲ့သည် ။ ဆေးစစ်ချက်ကလည်း ကိုက်ညီတယ်၊ သူမရဲ့ခန္ဓာကိုယ်နဲ့ကျောက်ကပ် မှာလည်း ရောဂါမရှိဘူး ၊ ပြီးတော့သူမကလည်း အခုထိပေးဖို့ သဘောတူနေ သေးတယ်၊ ဒါဆို ဘာကပြဿနာလဲ ။
ဆရာဝန်က စိတ်မချမ်းမြေ့စွာဖြင့်ပြောလိုက်သည် ။
" Mr.ဟော်.,. Miss ရှန်က Miss ဟော် ကို ကျောက်ကပ် အစားထိုးပေးလို့မရနိုင်ဘူး ။ သူမက ကျောက်ကပ်တစ်ခုတည်းနဲ့ မွေးဖွားလာခဲ့တာ "
ရှန်းဝမ် : Hahaha ! တစ်ခုဘဲရှိတယ် ၊ ကြားလား ၊ ပေးလိုက်ရင်ငါလေးသေရလိမ့်မယ်
System 188 : ...........
ဟော်ထင် နဲ့ဟော်ဟန် နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည် ။ ကျောက်ကပ်တစ်ခုတည်းနဲ့ မွေးလာတာလား။
လက်ရှိအခြေအနေကို လက်ခံဖို့ သူတို့ခက်ခဲနေတာကို ရှန်းဝမ် တွေ့သည်။ သူမ အရမ်းစိတ်မကောင်းဖြစ်နေတဲ့အမူအရာ အမြန်လုပ်လိုက်ပြီး ဟော်ဟန်ရဲ့လက်မောင်းကို ဆုပ်ကိုင်ကာ ညင်သာစွာပြောလိုက်သည် ။
" ဟော်ဟန် ကျွန်မ တောင်းပန်ပါတယ် ၊ ဒီလိုဖြစ်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့မိဘူး၊ ရှင့်ကိုကျွန်မကူညီပေးချင်ပါတယ် ၊ဒါပေမယ့် ကျွန်မမှာ ကျောက်ကပ်တစ်ခုဘဲရှိလိမ့်မယ်လို့ ဘယ်သူက စဉ်းစားမိမှာလဲ "
"မဟုတ်တာ၊ ကိစ္စမရှိပါဘူး ၊ ကိုယ်မင်းကို အပြစ်မတင်ပါဘူးကွာ "
ဟော်ဟန် ရှန်းဝမ်ကို ချက်ချင်းနှစ်သိမ့်ပေးလေသည် ။ သူ့စိတ်ထဲမှာတော့ ဆက်ပြီးစဉ်းစား နေမိတယ် ၊ ဘာလို့ ရှန်းဝမ် မှာကျောက်ကပ်တစ်ခုဘဲ ရှိရတာလဲ ။ ဒါဆို ထင်ထင် ကရော ၊ သူမလေးက ထပ်မစောင့်နိုင် တော့ဘူးလေ ၊ ဒီနှစ်ဝက်အတွင်းမှာ သူမခွဲစိတ်ဖို့လိုတယ် ၊ ရှန်းဝမ် ကိုရှာနေရတာနဲ့တင် အချိန်အများကြီးကုန်သွားခဲ့ပြီးပြီ ၊ ထင်ထင် ရဲ့ သွေးအမျိုးအစားက ထူးခြားတယ် ၊ ကိုက်ညီမယ့် တခြားသူကိုရှာရတာထက် ကောင်းကင်ဘုံကိုတက်ရတာကမှ ပိုလွယ်လိမ့်အုံးမယ်။
သူတို့ဆေးရုံကပြန်တဲ့အခါ ဟော်ဟန် ရဲ့ အကြည့်စူးစူးက ရှန်းဝမ် ရဲ့နောက်ကျောကိုစူးစိုက်ကြည့်နေ ခဲ့တယ် ။ ရုတ်တရတ် ရှန်းဝမ် ခလုတ်တိုက်ကာချောလဲကျသွားခဲ့သည် ။ ဟော်ဟန် သူမကိုလှမ်းဖမ်းဖို့လုပ်လိုက်ပေမဲ့လည်း သူက ဟော်ထင်ကိုထိန်းကိုင်ပေးထားရတာကြောင့် အရမ်းမြန်မြန် မရွေ့လျား လိုက်နိုင်ခဲ့ဘူး၊ သူမ အကူအညီမဲ့စွာ လဲကျသွားတာကို သူကြည့်ဘဲ ကြည့်နေလိုက်နိုင်တယ်။
[ ရှန်းဝမ် : 188ရေ ကူပါဦးဟ ]
[ 188 : စိတ်အေးအေးထား ဝမ်ဝမ် ။ ချော်လဲကျရုံလေးနဲ့ မင်းမသေနိုင်ပါဘူး။ မင်းသနားစရာကောင်းစွာလဲကျသွားတာကို ဟော်ဟန် မြင်ပြီး သူမင်းအတွက် စိတ်မကောင်းဖြစ်ချင်ဖြစ်သွားနိုင် တယ်လေ ၊ ပြီးရင် သူမင်းကို တဖြည်းဖြည်းချင်း ချစ်မိသွားလိမ့်မယ် ၊ TV ဇာတ်လမ်းတွေထဲမှာအဲ့လိုဘဲမဟုတ်လား။ ]
ရှန်းဝမ် : ခေါင်းဆောင်ရေ Sysyemလဲပေးဖို့ တောင်းဆိုလို့ ရမလားဟင် ၊ ဒါကဘယ်လိုလုပ်ပြီး TV showတွေထဲကအတိုင်း ဖြစ်နိုင်မှာလဲဟ ။
သူမ လှေကားအောက်ထိ လဲကျသွားလိမ့်မယ်လို့ သူမရော 188ရော ထင်ထားခဲ့တာ ။ 188ဆို သူမရဲ့နာကျင်မှုတွေကို ကာကွယ်ပေးဖို့ အဆင့်သင်တောင်ဖြစ်နေပြီ ၊ ဒါပေမဲ့ လဲကျနေရာက ရုတ်တရတ်ရပ်တန့် သွားလေသည် ။ သူမ နှာခေါင်းကနေ ရေမွေးရနံ့ရလိုက်ပြီးနောက် လူတစ်ယောက်ကို သူမ မတော်တဆ ဖက်မိသွားခဲ့သည် ။ အဲ့ဒါက အမျိုးသမီးတယောက်ရဲ့ နူးညံ့ပြီး သွယ်လျတဲ့ခါးဖြစ်နေလေတယ် ။ ရှန်းဝမ် ခေါင်းမော့လိုက်ပြီး မက်မွန်ပန်းပွင့်တွေလိုမျိုး ဆွဲဆောင်မှုရှိလှတဲ့ မျက်ဝန်းတစ်စုံကို စိုက်ကြည့်နေမိသည် ။ သူမရှေ့မှာရှိတဲ့ လှပတဲ့မျက်နှာလေးကို မြင်လိုက်တဲ့အခါမှာတော့ သူမ တကယ်မှင်သက်သွားမိတယ် ။
လှလိုက်တဲ့အမျိုးသမီးပါလား ။
" အဆင်ပြေရဲ့လား Miss "
ရင်မေချောင် ရဲ့ နှု တ်ခမ်းဟာ အနီရောင်တောက်နေပြီး သူမရဲ့သေးသွယ်တဲ့လက်တွေ ဖြင့် ရှန်းဝမ် ရဲ့ခါးကို ဖက်ထားလေသည် ။ သူမ ဒီအတိုင်း လမ်းလျှောက်နေတုန်းမှာ လူတစ်ယောက် သူမဆီလဲကျလာခဲ့တာဖြစ်သည် ။သူမကို ကြောင်ကြည့်နေတဲ့ ရှန်းဝမ်ကို မြင်တဲ့အခါ သူမရဲ့ နှုတ်ခမ်းတစ်စုံဟာ ကော့တတ်သွားပြီး သူမ ခပ်တိုးတိုးပြောလိုက်သည်။
" မတ်တပ်ရပ်နိုင်ရဲ့လား "
" ဟင်..အာ ..ဟုတ် "
ရှန်းဝမ် လှပတဲ့အမျိုးသမီးဆီကနေ သူမကိုယ်ကိုအမြန်ခွာ လိုက်ပြီး ။
" ကျေးဇူးတင်ပါတယ်၊ ရှင်ကြောင့်သာမဟုတ်ရင် ကျွန်မလဲကျသွားတော့မှာ"
ရင်မေချောင် ယဉ်ကျေးစွာပြုံးပြီးပြောလိုက်တယ် ။
" ရပါတယ် "
သူမ ရှန်းဝမ်ကို ခေါင်းညိတ်နှုတ်ဆက်ကာ ဖြတ်သွားဖို့လုပ်လိုက်သည် ။
ရှန်းဝမ် သူမကို အမြန်လှမ်းတားလိုက်ကာ
" ရှင့်ရဲ့နံမည်လေးပြောပြခဲ့လို့ရမလား Miss ။ ရှင်က ကျွန်မရဲ့ ကယ်တင်ရှင်လေ၊ ကျွန်မ မှတ်ထားချင်လို့ပါ"  
[ 188 : တော်တော့ ဝမ်ဝမ် ။ မင်းရဲ့အလုပ်က အမျိုးသမီး တွေကိုဆွဲဆောင်ရမှာမဟုတ်ဘူး ဇာတ်လိုက်မင်းသားနဲ့ ချိုမြိန်အောင် လုပ်ရမှာ ။ ဇာတ်လိုက်မင်းသား မဟုတ်ဘဲတခြားသူနဲ့ကလူနေရဲသေးတယ်။ တာဝန်ကျရှုံးသွားခဲ့ရင် ဒီကမ္ဘာကနေချက်ချင်းဆွဲထုတ်ခံရမှာနော် ။ ပြီးရင် လစာလည်း ဖြတ်ခံရအုံးမယ် ။ သုံးကြိမ်ကျရှုံးရင် မင်း အလုပ်ဖြုတ်ခံ ရမှာလေ ။ အဲ့ဒါဆို မင်းက အလုပ်လက်မဲ့ အိမ်ခြေရာမဲ့ အရမ်းဆင်းရဲတဲ့ လူဆိုးသူခိုး ဖြစ်လာလိမ့်မယ် ။ ]
ရှန်းဝမ် မျက်နှာပျက်သွားသည်။ ဟုတ်သားဘဲ... သူမက ဒီရက်စက်တဲ့ဝတ္ထုရဲ့ ဇာတ်လိုက်မင်းသမီး ဆိုတာကို သူမမေ့တော့မလို့ ။
ဇာတ်လိုက်မင်းသားနဲ့ ချိုမြိန်တဲ့ အချစ်ဝတ္ထုဖြစ်လာအောင် သူမ ပြောင်းလဲပေးဖို့လိုတယ် ။ တကယ်လို့ သူမ တခြားသူကို ဖွင့်ပြောလိုက်ရင် တာဝန်ကျရှုံးသွားပြီး သူမလည်း ဒီကမ္ဘာကနေ ကန်ထုတ်ခံရလိမ့်မယ် ။ ဒီစည်းမျဉ်းက တာဝန်ထမ်းဆောင်သူတွေကို ထိန်းချုပ်ထားပြီး သူတို့ရဲ့တာဝန်ကနေ တိမ်းဆောင်းသွားမှာကို ကာကွယ်ဖိုအတွက့်ဘဲ ။ ကမ္ဘာတစ်ခုမှာ ကြင်နာတဲ့ အမျိုးသားတွေ ပြီးပြည့်စုံတဲ့ အမျိုးသမီးတွေ အများကြီးနဲ့ သူတို့တွေ့ ဆုံနိုင်တယ် ။ ဒါပေမဲ့ တကယ်လို့ သူတို့သာ ချစ်မိသွားခဲ့မယ်ဆိုရင်တော့ တာဝန်အပေါ်ကို ပြင်းပြင်းထန်ထန်အကျိုးသက်ရောက်နိုင်တယ် ။
" ရင်မေ့ချောင် "
ရင်မေချောင် သူမ နံမည်ပြောပြီး အပြုံးလေးနဲ့အတူ ထွက်သွား လေသည်။ Cheongsam ဝတ်ထားတဲ့ လှုပ်ယမ်းနေသောပုံရိပ်လေးကို ရှန်းဝမ် ကြည့်နေမိသည် ။ သူမ အမြန်ခေါင်းခါလိုက်တယ် ။ သူမကဇာတ်လိုက်မင်းသားနဲ့ချိုမြိန်ရမယ့် ကြမ်းတမ်းတဲ့အချစ်ဇာတ်လမ်းထဲက ဇာတ်လိုက်မင်းသမီးဘဲ ။ အဲ့ဒီအမျိုးသမီးမှာ သူမကိုဆွဲဆောင် နေတဲ့ ထူးခြားတဲ့ညို့ဓာတ်ရှိတယ် ဆိုရင်တောင်မှ ဒီလို ကမ္ဘာငယ် လေးထဲမှာ သူမ ချစ်မိသွားလို့မဖြစ်ဘူး ။
သူမ ခံစားမိတဲ့ ခံစားချက်က အရမ်းထူးဆန်းနေတယ် ။ အဲ့ဒါကို သူမ တစ်နေရာရာမှာ ခံစားမိခဲ့ဖူး သလိုမျိုးဘဲ ။
" အဆင်ပြေရဲ့လား ဝမ်ဝမ် ၊ ခုနက ထင်ထင် မသက်မသာဖြစ်နေလို့ ကိုယ် မင်းကိုသတိမထားလိုက်မိဘူး ။ မင်း စိတ်ဆိုးသွားလား ။ "
" မဆိုးပါဘူး " ရှန်းဝမ် အမှတ်တမဲ့ ပြန်ဖြေလိုက်မိတယ် ။
" ထင်ထင် ကအရမ်းအားနည်းတယ် ။ သူမကို ရှင်ကာကွယ်ပေး သင့်တာဘဲလေ "
သူမစိတ်ထဲမှာတော့ အခုထိ ရင်မေချောင်ဆိုတဲ့အမျိုးသမီး အကြောင်း အတွေးတွေနဲ့ဘဲ ပြည့်နှက်နေပြီး သူမ( ရင်မေချောင် ) ကို မေ့ပစ်လို့မရပေ။
" ဟော်ဟန် ကျွန်မမှာ ကျောက်ကပ်တစ်ခုဘဲရှိတာ ။ ကျွန်မ ထင်ထင် ကိုကူညီပေးလို့မရတော့ဘူး ။ ထင်ထင် က အခု ဘယ်လိုလုပ်မှာလဲဟင် "
သူမ သူတော်ကောင်းဟန်ဆောင်ကာ မေးလိုက်သည် ။ ဟော်ဟန် ရဲ့မျက်နှာမဲမှောင်သွားကာ
" ကိုယ် တခြားနည်းလမ်းစဉ်းစားကြည့်လိုက်မယ် ။ ဟော် မိသားစုရဲ့ အင်းအားအကုန်လုံးကိုသုံးပြီး ထင်ထင်နဲ့ကိုက်ညီတဲ့ကျောက်ကပ် ရအောင် ကိုယ်ရှာမှာ ၊ မင်း စိတ်မပူပါနဲ့ ။ ထင်ထင် ရဲ့ အခြေအနေက ပိုပိုပြီးဆိုးလာတယ်၊ ကိုယ် မင်းကိုမကြာခဏ အဖော်လုပ်ပေးနိုင်တော့မှာ မဟုတ်ဘူး ။ "
"ရပါတယ် ၊ ရှင့်ကို ကျွန်မနားလည်ပေးနိုင်ပါတယ် ။ ထင်ထင်ကို သာပိုပြီး အဖော်လုပ်ပေးလိုက်ပါ "
သူမ နားလည်ပြီး ဟော်ထင်ကို တကယ်ဂရုစိုက်သလိုပုံစံမျိုးနဲ့ ရှန်းဝမ် ခေါင်းညိတ်ပြလိုက် တယ်။
ဟော်ဟန် ရဲ့မျက်နှာအမူအရာက ဆိုးရွားနေတုန်းဘဲ ။ " ဒါဆို ကျွန်မ ကိုယ့်ဘာသာကိုယ်ဘဲ ပြန်လိုက်တော့မယ်နော်။ ရှင် လိုက်ပို့ပေးမနေပါနဲ့တော့ "
ရှန်းဝမ်ကို လိုက်ပို့ပေးမယ့်အစီအစဉ်အစကတည်းက ဟော်ဟန် မှာမရှိပေ။ ထွက်ခွာသွားတဲ့ ရှန်းဝမ် ရဲ့ပုံရိပ်ကို သုန်မှုန်နေတဲ့မျက်လုံးတွေ နဲ့သူ တိတ်ဆိတ်စွာစိုက်ကြည့်နေမိသည် ။ တကယ်လို့ ဟော်မိသားစု ရဲ့အင်အားအကုန်လုံးနဲ့တောင်မှ ကိုက်ညီမယ့်ကျောက်ကပ်ကို ရှာမတွေ့ဘူးဆိုရင် ...ဒါဆိုရင်....
လေတချက်တိုက်လိုက်တာနဲ့ ပါသွားတော့မလို့ ပိန်ပါးနေတဲ့ ဟော်ထင်ကို သူကြည့်လိုက်တယ် ။
အဲ့ဒီနောက် သွက်လက်စွာ လမ်းလျှောက်သွားပြီး Bus ကားပေါ် အင်အားမပြည့်နဲ့ခုန်တတ်သွား တဲ့ ကျန်းမာတဲ့ ရှန်းဝမ် ကို သူ ပြန်ကြည့်လိုက်တယ် ။
ထင်ထင် အသက်ရှင်ရမယ် ။ ဘယ်လိုနည်းလမ်းနဲ့ဘဲဖြစ်ဖြစ် ။
ရှန်းဝမ် ထိုင်ခုံနှောက်မှီလိုက်ပြီး သက်ပျင်းချလိုက်သည် ။
[ 188 ရေ မကောင်းတော့ဘူးဟ ။ ငါ့ကိုကြည့်တဲ့ ဟော်ဟန်ရဲ့ ဆိုးရွားတဲ့မျက်လုံးတွေကို ငါခံစားမိတယ် ။ သူ ငါလေးရဲ့ကျောက်ကပ် ကိုလက်မလျှော့သေးဘူး ] [ 188 : ဝမ်ဝမ် ဟော်ဟန်ကသာအလွယ်တကူ အနိုင်ယူလို့ရမယ့်သူမျိုးဆိုရင် တာဝန်ထမ်းဆောင်သူကို လိုအပ် နေပါအုံးမလား ။ မူလဇာတ်လမ်းထဲမှာ ဒီနေ့ ဇာတ်လိုက်မင်းသမီးက သူ့ရဲ့ရည်ရွယ်ချက်အမှန်ကို ရှာတွေ့သွားပြီး ဟော်ထင် က သူမရဲ့ ညီမဆိုတာကို သိသွားခဲ့တယ် ။ သူမ လှည့်စားခံရတာကို သိသွားတော့ ကျောက်ကပ်ပေးဖို့ကို သဘောမတူတော့ဘူး ။ ဟော်ဟန်က သူမကို ဟော်မိသားစုရဲ့ကိုယ်ပိုင်ဆေးရုံဆီ အတင်းအကျပ်ခေါ်သွားပြီး ခွဲစိတ်စေခဲ့တာ။ ]
[ ရှန်းဝမ် : အို! ဒါဆို ငါလေးမှာကျောက်ကပ်တစ်ခုဘဲရှိတာ တောင် အဲ့ကောင်က ထုတ်ယူချင်နေသေးတယ်ပေါ့ ၊ ဟုတ်လား ]
[ 188 : အင်း ]
သူမအတွင်းပိုင်းမှာ ဒေါသတွေ မြင့်တက်လာတာကို ရှန်းဝမ်ခံစားမိတာကြောင့် သူမရဲ့နှဖူးကို စတင်နှိပ်နယ်လိုက်သည် ။
[ ရှန်းဝမ် : မဖြစ်နိုင်တော့ဘူးဟာ ၊ တာဝန်ကျရှုံးသွားပြီလို့ သာသတင်းပို့လိုက်တော့ ။ ဒါက မချိုမြိန်လာနိုင်တော့ဘူး ။ ပုံမှန်စိတ်ရှိတဲ့ ဘယ်အမျိုးသမီးမဆို သူမကိုလိမ်ညာလှည့်စားပြီး သူမရဲ့ကျောက်ကပ် ကိုထုတ်ယူမယ့်လူမျိုးနဲ့ နေနိုင်မှာမဟုတ်ဘူး ။ ]
[ 188 : အပေါင်စာချုပ် ၊ အကြွေး ၊ အလုပ်ဖြုတ်ခံရမှာ ၊ ဒီစကြာဝဌာထဲမှာ အလုပ်လက်မဲ့လူ....]
ရှန်းဝမ် သူမမျက်နှာကိုဖုံးအုပ်လိုက်ပြီး
[ ဒါဆို ငါ ပြင်းပြင်းထန်ထန်ကြိုးစားရလိမ့်မယ် ]
ရှန်းဝမ်နဲ့ ဟော်ထင် ကအဖေတူအမေကွဲ ညီအမတွေဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရှန်းဝမ် ရဲ့အဖေက တခြားမိန်းမတစ်ယောက် နဲ့ဖောက်ပြန်ခဲ့တာကြောင့် သူမရဲ့မိဘတွေကွာရှင်းခဲ့ကြတယ်။
ဟော်ထင် ကအဲ့ဒီမိန်းမနဲ့ ရတဲ့ကလေးဘဲ ။ အဲ့ဒီမိန်းမနဲ့ ရှန်းဝမ်ရဲ့အဖေ လက်ထပ်ပြီး သိပ်မကြာခင်မှာဘဲ သူတို့ယာဉ်တိုက်မှု ဖြစ်ခဲ့ကြတယ် ။ ကလေးအရွယ်ဘဲရှိသေးတဲ့ဟော်ထင်ကတော့ မိဘမဲ့ဂေဟာပို့ခံလိုက်ရတယ် ။ နောက်ကျ ဟော် မိသားစုက လူတယောက်ရောက်လာပြီး ဟော်ထင်ကို ကိုမွေးစားလိုက်ကြတယ် ။
ဟော်ဟန် သူမကိုလိမ်ညာလှည့်စားပြီးတွဲခဲ့တယ်ဆိုတဲ့ အမှန်တရား ကို ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်သိသွားတဲ့အခါ ကျောက်ကပ်ပေးဖို့ကို ဆက်ပြီးသဘောမတူတော့ဘူး ။ အဲ့ဒီဆုံးဖြတ်ချက်က တစ်စုံတစ်ရာ မှားနေတယ်လို့ ရှန်းဝမ် မထင်ပေ ။ ဒါ သူမရဲ့ကျောက်ကပ်ဖြစ် ပြီး ပေး မပေးဆိုတာက သူမရဲ့ရွေးချယ်ပိုင်ခွင့်ဖြစ်သည်။ မိသားစုဝင် ဆိုရင်တောင်မှ မူလပိုင်ရှင်ဆီမှာ ငြင်းဆိုပိုင်ခွင့် အပြည့်အ၀ရှိလေသည် ။
နှစ်ရက်ကြာပြီးနောက်, ရှန်းဝမ် ဆီကို ဟော်ဟန်ရောက်လာ ခဲ့တယ်။ သူ သူမကိုလက်ဆောင်လှလှလေးပေးပြီး အဆင်မြင့်စားသောက်ဆိုင်ဆီ ညစာစားဖို့ခေါ်သွားတယ် ။
ရှန်းဝမ် စိတ်ထဲကနေ ကျိန်ဆဲနေလိုက်တယ် ။ သေလိုက်ပါတော့ ဒီကောင် ငါလေးရဲ့ကျောက်ကပ်ကိုထုတ်ယူတော့ မယ်ဟ ။
" ရှင် အခုတလော ဘာတွေလုပ်နေတာလဲဟင် ဟော်ဟန် "
Shen Wan တာဝန်လုပ်တာ ဝါရင့်နေပြီဖြစ်သည် ။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ထိပ်တန်းအဆင့်မှာရှိတယ်။ သူမရဲ့စိုးရိမ်နေ တဲ့အမူအရာက ဆယ်မှတ်မှာ ကိုးမှတ်လောက်တော့ရနိုင်တယ် ။
" ဟော်ဟန် ကျွန်မ နည်းနည်းစိတ်ပင်ပန်းနေပြီ "
ဟော်ဟန် သူမရဲ့လက်ကိုတယုတယဆုပ်ကိုင်လိုက်ပြီး သူမရဲ့ မျက်လုံးတွေကိုစိုက်ကြည့်လိုက်သည် ။
" ဝမ်ဝမ် ကိုယ်မင်းကို ရှင်းပြချင်တယ်။ ထင်ထင်ရဲ့ အခြေအနေကြောင့် ကိုယ်မင်းကို သိပ်ပြီးအာရုံစိုက်မပေးနိုင်တာပါကွာ ၊ ငတုံးမလေး ၊ အရမ်းကြီးလျှောက်တွေးမနေနဲ့တော့နော် ။ "
ဟေး ဟေး ဟေး ! စကားပြောတာ ဒီအတိုင်းဘဲပြောလေ ။ ဘာလို့ ဝက်လိုလက်တွေနဲ့ ငါလေးကိုလာထိနေရတာလဲ ။ ဒီလက်တွေနဲ့ ဟော်ထင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကိုထိကိုင်ခဲ့လဲ ဆိုတာဘယ်သူသိမှာလဲ ။
သူမက တုံးချင်တုံးလိမ့်မယ် အရူးတော့ မဟုတ်ပေ ။ ဒီကောင်က ရက်စက်ရုံသာမက ဖောက်လည်းဖောက်ပြန် သေးသည်။ ဒီလိုကောင်နဲ့သူမ တကယ့်ကိုမချိုမြန်နိုင်ပေ ။
" ထင်ထင်ရဲ့အခြေအနေက ဆိုးလာတာဘဲလေ ။ ရှင် သူမနဲ့ဘဲ နေပေးလိုက်ပါ ဟော်ဟန်"
နားလည်ပေးတဲ့အမူအရာမျိုးနဲ့ ရှန်းဝမ် ပြောလိုက်သည် ။
" ကျွန်မတို့မှာက ရှေ့ဆက်ပြီးဘဝတစ်လျှောက်လုံး အချိန်တွေ ရှိနေပါသေးတယ် ။ သူမရဲ့နောက်ဆုံးအချိန်တွေမှာ ရှင်သူမကို အကို တယောက်အနေနဲ့ အဖော်ပြုပေးသင့်ပါတယ်လေ "
188 : .....ဒီကလေးကတော့လေ ၊ မင်းပြောတဲ့ပုံစံက သူ့ကိုဆွပေး ဖို့ကြိုးစားနေသလိုဘဲ ။
ဟော်ဟန် မျက်နှာပျက်သွားပြီး သူ့လေသံကလည်းအရမ်းအေးစက် သွားသည် ။
" သူမ သေမှာမဟုတ်ဘူး။ သူမအတွက်ကိုက်ညီတဲ့ ကျောက်ကပ်ကို ကိုယ်ရအောင်ရှာပြီး သိပ်မကြာခင်မှာဘဲ အစားထိုးပေးမှာ "
ဟော်ဟန် ဒီထက်ပိုပြီး ပြောချင်သေးပေမယ့် သူ့ဖုန်း ရုတ်တရတ် မြည်လာလေသည်။ သူဖုန်းပြောနေရင်း မျက်နှာအလွန်ပျက်သွားခဲ့သည်။ ပြီးတာနဲ့ထင်ထင် တစ်ခုခုဖြစ်နေလို့ ဆိုပြီးပြောကာ ကမန်းကတန်း ထထွက်သွားလေသည်။ မထိရသေးတဲ့ စားစရာတွေကို ရှန်းဝမ်ကြည့်လိုက်တယ်၊ သူမ ခက်ရင်းကောက်ကိုင်ကာ စတင်ပြီး စားတော့သည်။
[ 188ရေ ထွက်ပြေးကြရအောင် ]
ရှန်းဝမ် မျက်မှောင်ကြုတ်လိုက်သည် ။
[သူက ဟော်ထင်ကိုကြိုက်တာဟ ။ ငါ့မှာကလည်း ကျောက်ကပ်တစ်ခု ဘဲရှိတယ်။ ငါ့ရဲ့ကျောက်ကပ်ကိုယူဖို့ သူက စိတ်ဆုံးဖြတ်ထားပြီးပြီ ။ သိပ်မကြာခင် သူ ငါ့ကိုပြန်ပေးဆွဲတော့မှာ ]
" မင်း နဲ့ ဟော်ဟန် ကဘယ်လိုဆက်ဆံရေးမျိုးလဲ "
ရှန်းဝမ် ခေါင်းငုံကာ စားနေတုန်း သူမရဲ့ဦးခေါင်းပေါ်ကနေပြီး ရင်းနှီးနေတဲ့အသံကို ရုတ်တရတ်ကြီးကြားလိုက်ရသည် ။
သူမရဲ့ပါးစပ် ထောင့်မှာ အစားအစာတစ်ချို့ကပ်နေလျက်နဲ့ဘဲ သူမ မော့ကြည့်လိုက်တယ်။
ရင်မေချောင် ကို မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့ စိတ်အခြေအနေပိုကောင်းသွားပြီး ပျော်ရွင်စွာနဲ့ပြန်ဖြေလိုက်သည်။
" ချစ်သူတွေပါ "
" အဲ့ဒီလိုလား "
ဝိုင်နီတစ်ဝက်ဖြည့်ထားတဲ့ ဝိုင်ခွက်ကို ရင်မေချောင် ကိုင်ထားသည် ။ သူမ စားပွဲခုံကိုမှီလိုက်ပြီး သူမရဲ့ကိုယ်ဟန်က ထူးခြားတဲ့ ဆွဲဆောင်မှုရှိနေလေသည် ။
" မင်းကို သူ မကြိုက်ဘူး "
ရင်မေချောင် သူမကို ဒီအကြောင်းပြောလိမ့်မယ်လို့ ရှန်းဝမ် မမျှော်လင့်ထားခဲ့ပေ ။
" သူက ကျွန်မကို အရမ်းကြိုက်တာ ။ သူ အခုတလော ကျွန်မနဲ့ နေ့တိုင်း အတူရှိနေပေးတယ်လေ "
ရှန်းဝမ် ပျော်နေတဲ့အမူအရာပြလိုက်သည် ။
" ကျွန်မကလည်း သူ့ကိုကြိုက်တယ် ၊ Miss ရင် ။ ရှင် ဟော်ဟန် ကို တစ်ခုခု မကျေမနပ်ဖြစ်နေတာလား "
ရင်မေချောင် သူမရဲ့အမေးကိုပြန်မဖြေဘဲ ရှန်းဝမ် ရဲ့ ရှေ့မှာဝင်ထိုင်လိုက်သည် ။
" မင်း နံမည်ဘာလဲ "
"ရှန်းဝမ် "
" ရှန်းဝမ် "
" Miss ရင် , ရှင် ကျွန်မကိုဘာပြောချင်လို့လဲ "
တကယ်တော့ ရှန်းဝမ် အနည်းငယ်ပျော်နေလေသည်။ သူမ ရင်မေချောင် နဲ့စကားပြောချင်တယ် ။ တစ်ဖက်လူက သူမကို ရင်းနှီနေတဲ့ခံစားချက်မျိုး အမြဲပေးတယ် ။
" ဟော်ဟန် နဲ့လမ်းခွဲလိုက်တော့ "
ရှန်းဝမ်ရဲ့စိတ်ထဲမှာ အပျော်တွေနဲ့ပြည့်သွားခဲ့တယ် ။ ဟုတ်တယ် ဟုတ်တယ် ငါလည်းအဲ့ဒါကိုစဉ်းစားနေတာ။ ငါတို့က တကယ့်ကို စိတ်ချင်းဆက်နေကြတာဘဲ ။ အပြင်ဖက်မှာတော့ ရှန်းဝမ်ဟာစိတ်တိုနေပုံပေါက်လေသည် ။
" ဟော်ဟန် နဲ့ကျွန်မရဲ့ဆက်ဆံရေးကို ဖျက်ဆီးဖို့ ကြိုးစားနေတာ လား Miss ရင် "
ပန်းကန်ပြားထဲက နောက်ဆုံးအသားစကို ရှန်းဝမ် စားလိုက်ပြီး ဘေးက ဝိုင်နီကိုယူသောက်လိုက်သည် ။ သူမ ပိုပြီးနှေးနှေးလေး စားနေလိုက်ရမှာလို့တွေးရင်းနဲ့ စိတ်မချမ်းမြေ့စွာထရပ်လိုက်လေ သည် ။
" ကျွန်မတို့မှာ ဘာမှဆက်ပြောစရာမရှိတော့ဘူး ၊ ကျွန်မ
ဟော်ဟန် ကိုချစ်တာကို ဘယ်သူမှထားလို့မရနိုင်ဘူး " " နှုတ်ဆက်ခဲ့ပါတယ် Miss ရင် "
ထွက်ခွာသွားတဲ့ ရှန်းဝမ် ရဲ့ပုံရိပ်ကို ရင်မေချောင် သူမရဲ့လှပတဲ့မျက်လုံးတွေနဲ့ ဆက်ပြီးကြည့်နေခဲ့တယ် ။ တစ်ငုံတောင်သောက်ချင်စိတ် မရှိတော့ဘဲ လက်ထဲကဝိုင်နီခွက်ကို သူမ စားပွဲပေါ် တင်လိုက်သည်။
" ရူးလိုက်တာ "
ရှန်းဝမ် စားသောက်ဆိုင်ကနေ အမြန်ထွက်လာလိုက်ပြီး 188 နဲ့စကားစပြောတော့သည် ။
[ နင်သိလား 188 ။ ငါ့တကယ်ကို သူမနဲ့နည်းနည်းပိုကြာအောင် စကားပြောချင်တာ ဒါပေမဲ့ စိတ်မထိန်းထားနိုင်မှာ ငါကြောက်တယ်]
188 ပြန်မဖြေခင် ခဏလောက် တိတ်ဆိတ်သွားမိသည် ။
[ 188 : သူမကိုကြိုက်နေတာလား ရှန်းဝမ် ။ မင်း သူမနဲ့တွေ့တာ အခုမှ ဒုတိယအကြိမ်ဘဲရှိသေးတယ်လေ ] [ ငါလည်းမသိဘူး ။ ဒါပေမယ့် သူမနဲ့သာ ငါဆက်ပြီး အတူရှိနေအုံး မယ်ဆိုရင် ငါတာဝန်ပြီးအောင်လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ ငါခံစားရတယ် ။ သူမက အရမ်းကိုဆွဲဆောင်မှုရှိတယ်ဟ ။ တာဝန်ပြီး အောင်အမြန်လုပ်ပြီး ဒီကထွက်သွားကြရအောင်ဟာ ]
နောက်ရက်ကျ တောက်ပတဲ့အနီရောင်နှင်းဆီပန်းစည်းကိုကိုင်ထားပြီး ရှန်းဝမ်ရှေ့ ဟော်ဟန် ပေါ်လာပြန်တယ် ။ 
" ဝမ်ဝမ် အဲ့ဒီနေ့တုန်းက ကိုယ် ရုတ်တရတ်ကြီးထွက်သွားမိလို့ တောင်းပန်ပါတယ်ကွာ ။ ထင်ထင် အခုအဆင်ပြေသွားပြီ ။ အဲ့ဒီနေ့တုန်းက ကိစ္စကို အလျှော်ပြန်ပေးတဲ့အနေနဲ့ ကိုယ် မင်းကို ခရီးထွက်ဖို့ခေါ်သွားပေးမယ်လေ ဟုတ်ပြီလား "
ဟော်ဟန် ကြင်နာစွာပြောလာလေသည် ။
ရှန်းဝမ် အန်မိတော့မလိုဘဲ ။ ဒီတော့ သူမက ခွဲစိတ်ကုတင်ပေါ်မှာ ညနက်သန်းခေါင်ကြီး မေ့ဆေးပေးခံရပြီးရင် ကျောက်ကပ် ထုတ်ယူခံရတော့မှာမလား ။
" ကျွန်မ....ကျွန်မမှာ အခုတလော လုပ်စရာရှိနေသေးလို့ သွားလို့မရဘူး " ရှန်းဝမ် ငြင်းလိုက်သည် ။
ဆက်ပြီးပြုံးထားရင်းနဲ့ ဟော်ဟန် မေးလိုက်သည် ။
" ဒါဆို မင်းဘယ်အချိန်အားလဲ ။ နေ့တိုင်းတော့ လုပ်စရာရှိနေမှာ မဟုတ်ဘူးမလား "
" ဒီအပတ်တော့ ကျွန်မ မအားဘူး "
" ဒါဆိုလည်း ကိုယ်တို့ နောက်အပတ်သွားကြတာပေါ့ "
ရှန်းဝမ်ရဲ့လက်ကို ဟော်ဟန် ဆုပ်ကိုင်လိုက်ပြီး နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလေသည် ။
" ဟုတ်ပြီလား "
ဒီအပတ်မှာ ထင်ထင် ရဲ့ ခန္ဓာကိုယ်ကို အားပြည့်အောင်လုပ်ထားရမယ် ။ သူမလေးရဲ့ အားပျက်လာတဲ့ အခြေအနေကို စဉ်းစားမိတဲ့အခါ သူ စိတ်မသက်မသာဖြစ်မိတယ် ။ သူမ အသက်ရှင်ရမယ် ။ ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် ။
ရှန်းဝမ် : မဟုတ်ဘူး  ငါလေးက ခရီးသွားရတာကိုလုံးဝမကြိုက်တာ ။ ----------------------------------------------------------------- Eng TN - စိတ်ဝင်စားဖို့ကောင်းတဲ့အချက် , ရှန်းဝမ် ရဲ့ ဝမ်က ကွေးသည် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဟော်ထင် ရဲ့ ထင်က အမှိုက် ၊ အပေါစား ဆိုတဲ့အဓိပ္ပာယ် ဖြစ်တယ် ။ ဘယ်လောက်တောင် ဆီလျော်လိုက်သလဲ ။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now